Saturday, December 14, 2019

အိန္ဒြာကျော်ဇင်က မင်္ဂလာဧည့်ခံပွဲလာသူများကို လျှာထုတ်ပြ


မင်္ဂလာဧည့်ပရိသတ်အား နှုတ်ဆက်သည့်စတိုင်ကို သတို့သမီးလောင်းတချို့ ကော်ပီကူးရန် ပြင်ဆင်နေကြသည်

မင်းသား ပြေတီဦးနှင့် အကြိမ်ကြိမ် မင်္ဂလာဆောင်သည့် အိန္ဒြာကျော်ဇင်က ဧည့်ခံပွဲလာသည့် ပရိသတ်ကို လျှာထုတ်ပြပြီး ကြိုဆိုနေသည်ကို ယခုတပတ်ထုတ် အလင်းတန်းဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အိန္ဒြာကျော်ဇင် လျှာထုတ်ပြသည့် စတိုင်ကို အမျိုးသမီးတချို့က နှစ်သက်နေသည်။ ၎င်းတို့ မင်္ဂလာဆောင်သည့် အခါတွင်လည်း ဧည့်သည်များကို ထိုသို့ နှုတ်ဆက်ပြနိုင်ရန် ကြိုတင် လေ့ကျင့်နေသည်ဟု သိရသည်။

ဟာသ စာရေးဆရာမ ဂျော်ဒီး အမည်ခံ ရန်ကုန်မှ အပျိုကြီးမမက “ဒီစတိုင် သိပ်----------------ကြိုက်တာပဲ သိလား။ ဟင်းဟင်းဟင်း။ မမ မင်္ဂလာဆောင်မှာလည်း ဒါမျိုး လုပ်ရမယ်။ လျှာထုတ်ရုံတင် မကဘူး ပိုပြီး လန်းသွားအောင် မျက်လုံးပါ ပြူးပြလိုက်မယ်။ ဟိဟိ” ဟု ပြောသည်။

ဂျော်ဒီးက ထိုသို့ ကြုံးဝါးနေသော်လည်း သတို့သားလောင်း မရှိသေးသဖြင့် အားငယ်ရကြောင်း ငိုသံဖြင့် ပြောပြသည်။

အိန္ဒြာကျော်ဇင်၏ စတိုင်ကို ကော်ပီကူးရန် ပြင်ဆင်နေသူများထဲတွင် မြစ်ကြီးတစ်စင်းအမည်ရ သတင်းဌာန၏ အငြိမ်းစား သတင်းထောက် ၀ါးရှီးဖောလည်း ပါဝင်သည်။

“သမီး မင်္ဂလာဆောင်တဲ့အခါ အဲဒီလိုပဲ လျှာထုတ်ပြမယ်။ သတို့သားနဲ့ အတူတူ ပြိုင်တူ လျှာထုတ်ပြရင် ပိုမိုက်မယ် ထင်တယ်နော်” ဟု ၀ါးရှီးဖောက ဆိုသည်။

ကျင့်သားရစေရန်အတွက် ယနေ့မှစပြီး လမ်းတွင်တွေ့သူများကို လျှာထုတ်ပြနေကြောင်း၊ အများ၏ အထူး စိတ်ဝင်စားမှု ရရှိကြောင်း သူက ဖြည့်စွက် ပြောကြားသည်။

အမျိုးသမီးတချို့က ထိုသို့ ရင်ခုန်နေသော်လည်း အမျိုးသားများ၏ သဘောထားကို မသိရသေးပေ။

စိတ်မသက်မသာ ဖြစ်နေသည့် ပြေတီဦး

မင်္ဂလာပွဲများအတွင်း အိန္ဒြာကျော်ဇင်၏ ပို့စ်မော်ဒန်နှုတ်ဆက်နည်းကို ပြေတီဦးက သဘောမကျကြောင်း ဖော်ပြသည့် ဓာတ်ပုံကို အလင်းတန်းဂျာနယ်တွင်ပင် တွေ့ရသည်။

(ဇာနည်ဝင်း ပေးပို့သည်)
Keep updated with celebrities' news.

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333