Friday, February 10, 2012

Friday, February 3, 2012

The Art of the Substitution လူစားလဲခြင်း အနုပညာ

Written by လူလူမင်း

ပွဲကြည့် စင်ပေါ်က လူတန်းကြီးရဲ့ အသံက ဆူညံသွားတယ်။ “သူ့ကိုထုတ်ပစ်” တဲ့။ ဘောလုံးပွဲမှာ စွမ်းဆောင်ရည် ညံ့ပြီဆိုရင် ဒီလို အသံမျိုး ကြားရတာ ရိုးနေပါပြီ။







ယခင် တစ်ပတ်က မန်ယူကို ရှုံးတဲ့ပွဲမှာ အာရှာဗင်နဲ့ ချိန်ဘာလိမ် လူစား လဲလိုက်ချိန်မှာ အာစင် ၀င်းဂါးကို ပရိသတ်တွေ ခါးသွားတယ်။ ဘယ်လို လုပ် တာလဲပေါ့။ အသင်း ကပ္ပတိန်နဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဗန်ပါစီ ကိုယ်တိုင် ပါးစပ် အဟောင်းသားနဲ့ အံ့အား သင့်သွားတယ်။ ဒီပွဲ အပြီးမှာ ဂန်းနား ပရိသတ်တွေ ကိုယ်တိုင်လည်း ၀င်းဂါးကို ဝေဖန်လာတယ်။ “၀င်းဂါးသွားပြီ” ဆိုတဲ့ အသံတွေ ထွက်လာတယ်။ အာစင် ၀င်းဂါးဟာ ပတစ်ပွဲမှာ လူစား လဲမှုကို လိုရာသုံးပြီး အရှုံးအနိုင် အဖြေထုတ်မယ့် “ပိုကာဖဲ” ၀ယ်သလို လုပ်ရတာ ကျေနပ်သူပါ။ “လူစား လဲတာဟာ အလောင်းအစား တစ်ခုကို စွန့်ပြီး လုပ်ရတာပါ” လို့ ၀င်းဂါးက ဖွင့်ဟဖူးတယ်။ နည်းပြ တစ်ယောက်က လူစား လဲခြင်းဟာ ဒီပွဲအပေါ် ဖတ်ရှုနိုင်တဲ့ သူ့အရည်အချင်းကို တိုင်းတာခြင်းနဲ့ သူ့ကိုယ်သူ ထိုးကျွေး ရခြင်းလည်း မည်ပါတယ်။







The Art of the Substitution လူစားလဲခြင်း အနုပညာ



ဒီလို လူစား လဲခြင်းရဲ့ အမှန်နဲ့ အမှားကြားက စည်းဟာ သိပ်ပါးလွှာတယ် ဆိုတာ အိုင်ယာလန် လက်ရွေးစင် မန်နေဂျာ ဂီယိုဗန်နီ ထရာပက် တိုနီက ပြောဖူးတယ်။ “မန်နေဂျာကောင်း တစ်ယောက် အစွမ်းကုန် လုပ်နိုင်ရင် အသင်းကို ၁၀% ပိုကောင်းအောင်ပဲ ရှိတယ်။ ညံ့တဲ့ မန်နေဂျာကတော့ အသင်းကို ၅၀% ပိုဆိုး သွားစေနိုင်တယ်” တဲ့။ အင်္ဂလန် ဘောလုံးလိဂ်မှာ ဒဏ်ရာကြောင့် လူစား လဲတာကို ၁၉၆၅၊ သြဂုတ်(၁၂) ရက်က ဘောလ်တန် နဲ့ပွဲမှာ ချာလ်တန် မန်နေဂျာ ကိတ်သ်ပီးကော့က စသုံးခဲ့တယ်။ ပွဲကစားလို့ (၁၁)မိနစ် အကြာမှာ ဒဏ်ရာ ရသွားတဲ့ ဂိုးသမား မိုက်ရို့စ်ကို လဲခဲ့တာ ဖြစ်ပါတယ်။



ဒါပေမဲ့ ဗျူဟာအရ လူစားလဲတာ ကိုတော့ ၁၉၇၄ က ၀င်ဘလေကွင်း FA ဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ် နည်းပြ ဘီလ်ရှန် ကလေက ဖီလ်ဘို အာစမာ အစား ပိုပြီး ဘက်စုံရတဲ့ ခရစ္စ လော်လာနဲ့ လဲခဲ့တာပါ။ “လူစား လဲရမှာက တစ်ယောက်တည်း၊ ဒါကို ဆုံးဖြတ်မှာ ကလည်း ကျုပ်တစ်ယောက် တည်းပဲ။ ဒီဆုံးဖြတ်ချက် ချဖို့ (၁၅)မိနစ်လောက် အချိန်ယူ စဉ်းစား ခဲ့ရတယ်” လို့ ရှန်ကလေက ပြန်ပြောပြ ဖူးတယ်။



နှစ်တွေ ကြာလာတော့ သုံးဦးအထိ လူစားလဲခွင့် ရှိလာတယ်။ မန်နေဂျာ စိတ်ကြိုက်လုပ်ဖို့ အခွင့်အရေး ပိုရ လာတာပါ။ “မန်နေဂျာ လုပ်ရင် ဆုံးဖြတ် ရမှာပဲ။ ဟိုဟိုဒီဒီ လျှောက်တွေးနေလို့ ရတာ မဟုတ်ဘူး။ ဒီပွဲကို နိုင်အောင် ဘာလုပ်မလဲ ဆိုတာ ဆုံးဖြတ်ရတယ်။ ကျွန်တော့် အတွက်တော့ ပွဲကို နိုင်အောင် လုပ်ဖို့မှာ ကစားသမား တိုင်းဟာ အတူတူ ပါပဲ” လို့ ရာဖာ ဘင်နီတက်ဇ်က ပြောဖူးတယ်။ အချုပ် ပြောရရင် ဘောလုံးမှာ သက်ရောက်မှုနဲ့ တန်ပြန် သက်ရောက်မှုကို ရတာပါ။ ဒါလုပ်ရင် ဒါဖြစ်တယ်ပေါ့။ အခြေခံ အားဖြင့် ဒဏ်ရာရရင်၊ မောလွန်းလာရင် (သို့) ထိရောက်မှု မရှိတော့ရင် လူစား လဲတာပဲ။ အသင်းတိုင်းမှာ သူ့အကြောင်းနဲ့ သူပါ” လို့ ဘင်နီတက်ဇ်က သုံးသပ်ပြတယ်။ ဒါပေမယ့် လူစား လဲမှုမှာ ဒီထက် ရှုပ်ထွေးတဲ့ အကြောင်းတွေ ရှိသေးတယ်။ ဥပမာ အချိန် ဆွဲချင်လို့၊ အဓိက ကစား သမားတွေ အနား ပေးချင်လို့၊ လူငယ်တွေ ပွဲအတွေ့အကြုံ ရဖို့ လုပ်ကြတာမျိုး ဖြစ်ပါတယ်။



ရီးယဲလ် နည်းပြချုပ် မော်ရင်ဟို ကတော့ “ဒီနေရာမှာ ဗျူဟာပြောင်းဖို့ လုပ်ရတာ ရှိသလို စိတ်အခြေ အနေ (Psychological Level) ကို ပြောင်းလဲသွားအောင် လုပ်ရတာမျိုး လည်းရှိတယ် လို့ဆိုတယ်။ ဒါပေမဲ့၂၀၀၈ နိုဝင်ဘာလ အတွင်း လီဗာပူးလ်ကို အနိုင်ရဖို့ ကြိုးစားရာမှာ စပါး တိုက်စစ်မှူး ရိုမန် ပါဗလျူချင်ကို ကို -ဟိုဟိုဒီဒီ လျှောက်ပြေးနေဖို့ နည်းပြ ဟာရီရက် နက်ပ်က ညွှန်ကြားခဲ့တယ်။ ဒါဟာ ချိန်ကိုက်လုပ်တဲ့ လူစားလဲမှု အနုပညာလို့ ပြောနိုင်ပါတယ်။ ပြိုင်ဘက် အသင်းကို အပြတ် ကွပ်မျက်ဖို့ ရည်ရွယ်တဲ့ ဗျူဟာလို့ ဆိုတယ်။





သူက တစ်ဦးချင်းရော အသင်းလိုက်ပါ ဘယ်လို စီမံရမယ် ဆိုတာကွက်တိ သိတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘယ်အသင်းကိုမှ မကြောက်တာပါ။ ဘယ်နည်းပြနဲ့မှ မတူအောင် သိထားသင့် တာတွေ အကုန် ပြောနိုင်တယ်။ အဲဒါဟာ မော်ရင်ဟိုရဲ့ ပါဝါပဲ။ ဒီတော့ လူစားလဲတဲ့ အထိ စီမံ ပြီးသားပေါ့...



လူးဝစ္စဗန်ဂါးလ်ရဲ့ နည်းပြ ဒဿန ဆိုတဲ့ စာအုပ်မှာ ရေးထားတာက၊ ၁၉၉၅ ခုနှစ် အေဂျက်နဲ့ အေစီမီလန်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးဖို့ မိနစ် (၂၀) အလိုမှာ ဂျာရီ လစ်တမင်းန်ကို ပက်ထရစ်က လွိုင်ဗတ်နဲ့ လဲခဲ့တယ်။ ဒီလိုလုပ်ဖို့ သူ့ရဲ့ စဉ်းစားပုံကို သရုပ်ဖော်ရာ မှာတော့ “လစ်တမင်းန်က သူ့ရဲ့ တိုက်ရိုက် ပြိုင်ဘက်ကို ခါထွက်သွားအောင် လုပ်နိုင်တဲ့ ပုံစံ၊ သူ့ရဲ့ အားကောင်းမောင်းသန် အနေ အထားက ပြောင်မြောက်တဲ့ အချိန်ကိုက် လှုပ်ရှားမှုမျိုး အတွက် တကယ့် ကွက်တိပဲ။ ဒါပေမဲ့ သူ့လို ရုပ်ပိုင်း ကြံ့ခိုင်မှု ကောင်းတဲ့ မာဆယ်ဒက် ဆယ်လီက သူ့ကို အချိန်မရွေး ယှဉ်နိုင်တယ်။ ကလွိုင်ဗတ် ကတော့ စိတ်ကူးဉာဏ် ကွန့်မြူး နိုင်သလို လစ်မင်းန်းထက် ပိုပြီး ဖန်တီးနိုင် လုပ်နိုင်တယ်။ ဒီစွမ်းအားကြောင့် ကလွိုင်ဗတ်လည်း ၀င်လာချိန်မှာ ဒက်ဆယ်လီ ခမျာ ပိုကြိုးစား ရပြီး ပိုအလုပ် များသွားတာပေါ့။ အဲဒါက ကျုပ်တို့ အားသာချက်ပဲ။ ပြီးတော့ ကလွိုင်ဗတ်ဟာ ခေါင်းတိုက်ဂိုး တွေမှာ ပိုပိုင်တယ်။ ဒါကြောင့် အမြင့် ဘောတွေနဲ့ ဂိုးသွင်းနိုင်တဲ့ အခွင့် အရေးတွေ ပိုရလာတယ်။ တကယ့်ပွဲမှာ ကျုပ်တို့က ပိုတောင့်တင်းတဲ့ အသင်း ဖြစ်သွားတာ ဆုလာဘ်ကြီး တစ်ခုပါပဲ” လို့ ဗန်ဂါးလ်က ရှင်းပြပါတယ်။



ထိုစဉ်က အေစီမီလန် နည်းပြ ဖေဘီယို ကာပယ်လို ကတော့ သူ့ကစား သမားတွေဟာ ဗန်ဂါးရဲ့ ဗျူဟာပြောင်းတဲ့ ကစားကွက်ကို တုန့်ပြန်ဖို့ အချိန် လုံလောက်အောင် မရခဲ့ကြောင်း နောက်ပိုင်းမှာ ၀န်ခံတယ်။ ကာပယ်လိုဟာ ကလွိုင်ဗတ် ဂိုးသွင်းပြီးမှ လူစား လဲခဲ့လို့ အချိန်သိပ်နှောင်း သွားပြီ ဖြစ်ပါတယ်။ ကာပယ်လိုဟာ ဗန်ဂါးရဲ့ နည်းဗျူဟာကို အမှီ မလိုက်နိုင် ပေမယ့် မော်ရင်ဟို ကတော့ သူ့ဆရာရဲ့ ဗျူဟာကို နောက် ၁၅ နှစ် အကြာမှာ ယှဉ်နိုင်ခဲ့တယ်။ စစ်တုရင် ဂရင်း မာစတာ ဆရာကြီး တစ်ယောက်လို ပြိုင်ဘက်ထက် လေးငါးကွက် ကြိုပြီး တွက်နိုင်ခဲ့တယ်။ “သူက တစ်ဦးချင်းရော အသင်းလိုက်ပါ ဘယ်လို စီမံရမယ် ဆိုတာကွက်တိ သိတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘယ်အသင်းကိုမှ မကြောက်တာပါ။ ဘယ်နည်းပြနဲ့မှ မတူအောင် သိထားသင့် တာတွေ အကုန် ပြောနိုင်တယ်။ အဲဒါဟာ မော်ရင်ဟိုရဲ့ ပါဝါပဲ။ ဒီတော့ လူစားလဲတဲ့ အထိ စီမံ ပြီးသားပေါ့" လို့ ဆက်နိုက်ဒါက ဆိုတယ်။ ၂၀၀၃ တုန်းက ဘာကာနဲ့ ပွဲအတွက် ပြင်ဆင်ရာမှာ နည်းပြ အန်တိုနီယို ကမာချိုဟာ အသင်း နိုင်နေရင် ဇာကိုဗစ်ကို သုံးတယ်။ ရှုံးနေရင် ဗဟို ခံစစ်မှာ ဆိုကိုတာကို သုံးတယ်။ ဒီအချက်ကို သိထားတဲ့ မော်ရင်ဟိုက ဘင်ဖီကာနဲ့ ပွဲမှာ သူ့ရဲ့ ခံစစ်မှူး တွေကို ကြိုတင်ပြင်ဆင် ထားခိုင်းတဲ့ အတွက် (၁-၀)နဲ့ အနိုင် ရခဲ့တယ်။ ကာယ ခွန်အားကို ပိုပြီး အားကိုးတဲ့ ပွဲတွေမှာ ကွင်းလယ်မှူးထက် တိုက်စစ်မှူး တွေကို ပိုပြီး ထိန်းချုပ်ခိုင်းတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ ပေါ်တိုရဲ့ အနိုင်မခံ အရှုံး မပေးတဲ့ စိတ်ဓာတ်ကလည်း အရေးပါခဲ့ ပါတယ်။



ဒါပေမဲ့ မော်ရင်ဟိုဟာ ဟယ်ရီပေါ်တာ မဟုတ်သလို အစွမ်းထက်တဲ့ အဂ္ဂိရတ်မှော် အောင်ထားသူလည်း မဟုတ်သလို Psycho ဆန်တဲ့ လူစားလဲမှုမျိုးတွေမှာ သူအားကိုးရတဲ့ တပည့်ကျော် အင်ဒရီ ဗီလာဘို့အာ့စ်ကို တိုင်ပင်ပြီး စီစဉ်ရေးဆွဲ ရတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စား စရာက စပိန်မှာလည်း လူစားလဲမှု အနုပညာကို အခြေအတင် ငြင်းခုန်လာဖို့ ရှိနေခြင်းပါ။ အထူးသဖြင့် မနှစ်က မက်စတယ်လာ ကွင်းမှာ ဗီလာ ရီးရဲလ်ကို (၄-၁)နဲ့ အနိုင် ယူသွားတဲ့ ဗလန်စီယာ နည်းပြ ဟူနိုင်း အမ်မရီ နာမည် ကြီးခဲ့တယ်။ အဲဒီပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ အမ်မရီဟာ ပါရီမန်မှာ နိုင်ငံရေး တရား ဟောသလို ဒေါနဲ့မောနဲ့ ပြောသွားတယ်။ စူပါဆာ့ဘ် ဒေးဗစ် ဗီလာကို ဘာလို့ ထုတ်မသုံး သလဲလို့ မေးတော့ “နည်းပြဟာ ဒီဗျူဟာကြီး လုပ်နေ ရတာကို ငြီးငွေ့တာပေါ၊ ဒီတော့ ဘယ်သူမှ မထင်ထားတဲ့ နည်းကို သုံးပြ လိုက်တာပဲ” လို့ တုံ့ပြန်ခဲ့တယ်။ ဒါ့အပြင် လူစား လဲမှုဟာ မူလက တစ်ဦး၊ နောက်နှစ်ဦးနဲ့ အခု သုံးဦး ဖြစ်နေပြီ။ တဖြည်းဖြည်း ပြောင်းလဲတာက လေးဦးအထိ ခွင့်ပြုလာဖို့ ရှိတယ်။ ဒါကလည်း မော်ဒန် ဘောလုံးဟာ ရုပ်ပိုင်း ကြံ့ခိုင်မှု တွေကို ပိုမိုတောင်းဆို လာခြင်း ကြောင့်ပါပဲ။ ပိုကြိုးစားတဲ့ ပိုကောင်းတဲ့ ပိုမြန်တဲ့ ပိုအားကောင်း တောင့်တင်းတဲ့ ကစား သမားတွေကို ပိုပြီး လိုအပ် လာမယ်လို့ အမ်မရီက ခန့်မှန်းသုံးသပ် သွားခဲ့ပါတယ်။



အခုတော့ ယူအီး အက်ဖ်အေဟာ လူလေးဦး လူစားလဲခွင့် ပေးဖို့ ဆွေးနွေးနေတယ်။ ပြင်သစ် လီဂူးတစ်မှာ ကာလတို ဖြေရှင်းတဲ့ နည်းတစ်ခု တွေ့ရတယ်။ ယမန်နှစ်က ပထမပိုင်း မှာချည်း (၈၁)ဦး အထိ လူစားလဲ ပစ်ခဲ့တဲ့ မှတ်တမ်းရှိတယ်။ ဒဏ်ရာကြောင့် မဟုတ်ပဲ နည်းပြ စိတ်တိုင်းကျ စီမံတာ မျိုးပါ။ ဒီလုပ်ရပ်ကို သုံးသပ်ရာမှာ အချက်နှစ်ခု တွေ့တယ်။ ပထမ အချက်က နည်းပြကို ချီးကျူးပြီး ပြိုင်ပွဲကို လျင်မြန်စွာ ဖတ်ရှု သုံးသပ်ပြီး ဆုံးဖြတ် နိုင်စွမ်း မြင့်လာတာလို့ ကောက်ချက်စွဲ ကြတာပါ။ နောက်တစ်ချက်က ပြောင်းပြန်ပါ။ မန်နေဂျာဟာ ပွဲစ ကတည်းက ဗျူဟာ မှားခဲ့လို့ ချက်ချင်း ပြင်ရတာ ဆိုတဲ့အမြင် မျိုးတွေလည်း ရှိခဲ့တယ်။ ၂၀၀၉-၁၀ က ရီးရဲလ် မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ အနိုင်ယူ သွားတဲ့ လိုင်ယွန်အသင်း ကွင်းလယ် ဖန်တီးရှင် မီရာလန် ပီဂျန်နစ်က စောစောစီးစီး လူစား လဲခြင်းဟာ မဟာဗျူဟာပိုင်း သာမက နည်းဗျူဟာ ပိုင်းကိုလည်း သက်ရောက်မှု ရှိစေတယ်လို့ ထောက်ပြခဲ့တယ်။ ပထမ ပိုင်းမှာ အ၀ါကဒ်တွေ ထိကြလို့ စိုးရိမ်ပြီး လူစား လဲရာက ဒုတိယပိုင်း တကယ် လိုအပ် လာချိန်မှာ လူစားလဲဖို့ အခက် အခဲတွေ ကြုံရတာမျိုးကို ထောက်ပြ ခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ လူစားလဲ ခံရသူရဲ့ ငါးဆယ် ရာခိုင်နှုန်းဟာ နောက်တန်းနဲ့ တိုက်စစ်မှူး တွေထက် ကွင်းလယ် ကစားသမား တွေက ပိုများပြီး ပြင်သစ် လီဂူး-၁ မှာ ငါးဆယ် ရာနှုန်းထိ ရှိနေတယ်။ ဒါကလည်း မှော်ဆန်တဲ့ ရင်ပြင်လို့ တင်စားတဲ့ ကွင်းလယ်မှူး တွေက အသင်းအတွက် အခရာ ကျတာကြောင့် ဖြစ်တယ်လို့ လူးဝစ် ဖာနန်ဒက်ဇ်က သုံးသပ်ပြ ပါတယ်။ ဘယ်လိုပဲ ဖြစ်စေ နည်းပြကောင်း တစ်ယောက်ရဲ့ အချိန်ကိုက်ပြီး အသင့်တော်ဆုံး ကစား သမားကို အနုပညာ ပြောင်မြောက်စွာ လူစား လဲနိုင်ခြင်းဟာ အသင်းရဲ့ အနိုင်ပွဲနဲ့ အောင်မြင်မှုကို ရယူနိုင်စွမ်း ရှိတယ်ဆိုတဲ့ အချက်ကိုတော့ နာမည်ကြီး နည်းပြများနဲ့ ဘောလုံး ပညာရှင် တွေက လက်ခံထားကြ ပါတယ်။ အခု တင်ပြခဲ့ တာကတော့ ဘောလုံးပွဲမှာ နည်းပြ အသီးသီးရဲ့ လူစားလဲခြင်း အနုပညာကို ဘယ်လိုခံစား နားလည်ပြီး ကြိုးစားခဲ့တယ် ဆိုတာတွေကို Soccer Myanmar ဂျာနယ် ပရိသတ်တွေ အကဲ ဖြတ်နိုင်အောင် တင်ဆက် ပေးလိုက်ခြင်း ဖြစ်ကြောင်းပါ။
"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333