Saturday, June 23, 2018

How To Do A Soccer Throw In

1. Take four steps back from the out of bounds line.
2. Run up plant your front foot before the line.
3. Drag your back toe on the ground forward towards your front foot
4. Bring the ball completely behind your head
5. Release the ball when it's above your head

Monday, June 11, 2018

Good saying!

ဘဝဆိုတာတကယ်တိုတိုလေးပါလား
အသက်​ရှင်​စဉ်​မှာ... ချစ်​နိုင်​သမျှ ချစ်​​ပေးပါ
ပြီး..ခွဲခွာနိုင်​ဖို့လည်း.အသင့်​ပြင်​ထား​ပေးပါ..။
🔺---------------------------------🔺
ကိုယ်​ချစ်​ရတဲ့သူ​တွေဟာ...
ကိုယ့်​အနားမှာ အမြဲရှိ​နေမှာ
သေချာရဲ့လား...ကွယ်​..
သုသာန်​မှာ..​ခေါင်းတိုင်​ကထွက်​လာတဲ့
မီးခိုး​တွေ ကုန်​ဆုံးသွားချိန်​...
ဘဝတစ်​ခုဟာ..
အပြီးသတ်​သွားတယ်​..။
ကျွန်​တော်တို့ချစ်​​သော...
ခင်​ပွန်း..ဇနီး.သားသမီး..မိဘ..​မောင်​နှမ..
အားလုံး ဒီလမ်းကိုသွားရမှာ သိသိကြီးနဲ့
ကျွန်​တော်တို့ဘာ​တွေလုပ်​​နေကြသလဲ...
ရန်​ဖြစ်​ကြတယ်​..စိတ်​​ကောက်​ကြတယ်​..
မာနပြိုင်​ကြတယ်​..ဓနပြိုင်​ကြတယ်​..
ကဲ့ရဲ့ကြတယ်​..စွပ်​စွဲကြတယ်​..
ရှုံ့ချကြတယ်​..ပစ်​ပယ်​ကြတယ်​..
အနိုင်​ယူကြတယ်​.. စွန့်​ပစ်​ကြတယ်​...
အမျိုးမျိုး​သော..စိတ်​မိုက်​​တွေနဲ့...
မောဟ​တွေ.​လောဘ​တွေ.​ဒေါသ​တွေနဲ့...
ချစ်​တဲ့သူ​တွေကို ချစ်​​ပေးဖို့..
ဂရုစိုက်​​ပေးဖို့..​မေ့​လျော့​နေကြတယ်​..။
ကျွန်​တော်တို့​မေ့​လျော့ကြပုံက..
သူတို့ဟာ တသက်​လုံးရှိ​နေမှာလိုလို...
တကယ်​လို့ မနက်​ဖြန်​ သူတို့​သေမယ်
ဆိုတာသိရင်​..
ဒီ​နေ့ သူ့ကို တင်းကျပ်​စွာ​ပွေ့ဖက်​ထားပြီး..
ချစ်ေ​သာစကားကို ဆိုမိကြမယ်​မလား..
နောက်​လ မှာ သူ​သေမှာသိရင်​ ခုချိန်​မှာ
သူဆန္ဒ္ဒကိုဖြည့်​ဆည်း​ပေးမိကြမယ်​မလား..။
ဒါ​ပေမယ့်​ သူဟာအကြာကြီးမ​သေပဲရှိဦးမယ်​ လို့သာထင်​ပြီး ​မေ့​မေ့​လျော့​လျော့ပဲ​နေမိကြ​တယ်​...ဗြုန်းကနဲ​သေချိန်​...
ငါဘာ​လေးလုပ်​မ​ပေးလိုက်​ရ​လေခြင်းလို့..
နောင်​တကြီးစွာဖြစ်​ကြရတယ်​..
သူရှိတုန်းက ဒီလို​လေး​ပြောဖြစ်​ခဲ့ရင်​ဆိုတဲ့ 
နောင်​တနဲ့ ကြီးစွာ​သောက​ရောက်​ကြရတယ်​..။
ငါသည်​ ဘယ်​အချိန်​မှာမဆို​သေနိုင်​သည်​..
ငါသည်​ ဘယ်​​နေရာမှာမဆို ​သေနိုင်​သည်​..
ငါသည်​ ဘယ်​ပုံစံနဲ့မဆို ​သေနိုင်​သည်​..တဲ့..
အဲဒါဟာ.. မနက်​ဖြန်​ဆိုရင်​​ရော...။
ကိုယ်​ချစ်​ရသူ နက်​ဖြန်​​သေမှာဆိုရင်​​ရော..
ကိုယ်​..မနက်​ဖြန်​​သေမှာ ဆိုရင်​​ရော..
ဒီလို​တွေးမိလာ​တဲ့အခါ...
သားသမီးကိုမှာစရာ​လေး​တွေ ​ပြောထား​ပေးဖို့..
မိဘကို အရာရာဖြည့်​ဆည်း​ပေးဖို့..
ဇနီးခင်​ပွန်းကို ကြင်​နာ​ဖေးမ​ပေးဖို့..
အရာရာခွင့်​လွှတ်​ပြီး.. နားလည်​​ပေးဖို့..
ကျွန်​တော်တို့အဆင်​သင့်​ဖြစ်​သွားပါတယ်​..။
သူ..ဆိုတာ..
သေပြီးရင်​...
တသက်​လုံးမ​တွေ့ရ​တော့ဘူး​လေ..
အိပ်​မက်​မှာ​တွေ့ချင်​ရင်​​တောင်​..
တွေ့ခွင့်​မရ​တော့တာမျိုးပါ..။
ဒါ​ကြောင့်​..
ရှင်​​နေစဉ်​ကာလ...
ချစ်​တယ်​လို့​ပြောဖို့ဝန်​မ​လေးကြပါနဲ့..။
ဆန္ဒ ​တွေဖြည့်​ဆည်း​ပေးဖို့
မ​မေ့​လျော့ကြပါနဲ့..။
သား​လေး ဘာလိုချင်​လဲလို့တခါ​မေးတိုင်း..
မေ​မေ..ဘာလိုအပ်​လဲ..
ဖေ​ဖေ..ဘာလုပ်​​ပေးရမလဲ.. ဆိုတာပါ..
တွဲပြီးသတိရမိပါ​စေ..
ချစ်​သက်​တမ်းဘယ်​​လောက်​ကြာလာလာ...
မေကြီး​ရော.မင့်​ကိုကိုယ်​ချစ်​လိုက်​တာ..
ဖေကြီး​ရေ..​ကျေးဇူးတင်​ပါတယ်​​နော်​..လို့..
ချစ်​ခင်​ယုယမှု​လေး​တွေ ပြ​ပေးလိုက်​ကြစမ်းပါ..။
ဆိုး​ပေမိုက်​မဲ တဲ့ သားကိုလည်း
တသက်​လုံးစကား​ကောင်း​ကောင်း
မ​ပြောခဲ့တဲ့​ဖေ​ဖေက
သား​လေး..မင်းကိုအ​ဖေ ချစ်​တယ်​လို့ 
ပြော​ပေးလိုက်​ပါ.
ဖေ​ဖေသားကို ခွင့်​လွှတ်​ပါ လို့
ထိုင်​ကန်​​တော့လိုက်​ပါ..။
ချစ်​ရဲ့ ​ကျောခိုင်း​နေတဲ့ ချစ်​သူ​တွေ 
ပြေးဖက်​လိုက်​ကြစမ်းပါ...။ အဲဒီ
မာနဆိုတာ​တွေဟာ.. သချိုင်းမှာ
အလကားပါပဲ..။
ပြီး...
တ​နေ့..
သေမှာ..ဘယ်​သူအရင်​လဲမသိ​လေ​တော့..
သဲအူပြတ်​မတတ်​ မခံစားရ​အောင်​..
သူလည်း..ရုပ်​နဲ့ နာမ်​..တချိန်​ပျက်​စီးမယ်​..
ငါလည်း ရုပ်​နဲ့နာမ်​..တချိန်​ပျက်​သုန်းမယ်​..
မြေး​ပေါက်​စ​လေးလဲ ရုပ်​နဲ့နာမ်​..
သူ့သက်​တမ်းရှိသ​လောက်​ပဲ​နေမယ်​..
စသည်​...မရဏနုသတိ​လေး ညအိပ်​ကာနီး
တိုင်းဆင်ခြင်​ပြီး
သေချင်​တဲ့အချိန်​​သေကြမယ်​..
ရေစက်​ပါလို့​တွေ့ကြပြီး သံသရာမှာလည်း ​တွေ့ဆုံနိုင်​​သေးတယ်​ဆိုတာ...
နှလုံးသားထဲစွဲထင်​​အောင်
လေ့ကျင့်​ထားကြဖို့လဲ လိုအပ်​ပါတယ်​...
ကိုယ်​တိုင်​လည်း ​သေတတ်​​အောင်​..
သူ​သေလည်း ကျန်​​နေတတ်​​အောင်​..
လေ့ကျင့်​ကြဖို့လိုတယ်​...
ကျွန်​တော်တို့ဟာသေချာပေါက်
သေကြမှာပဲ​လေ..။
ဒီ​တော့..
မ​သေခင်​.. ​မေတ္တာထားချစ်​ခင်​​ပေးကြပါ..
ပျော်​​ရွှင်​လွတ်​လပ်​စွာ​နေထိုင်​သွားကြပါ..
ပြီး...တော့
သေရင်​ခွဲခွာဖို့အတွက်​လည်း
အသင့်​ပြင်​ထားကြပါ..
credit- original writer



Saturday, June 2, 2018

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333