Saturday, December 29, 2007

သီးလေးသီးအငြိမ့်အဖွဲ့ ပြည်ပ (၃) နိုင်ငံ၌ လှည့်လည်ဖျော်ဖြေမည်



တန်ဆောင်တိုင်ပျက်လုံးများဖြင့် လူထုအကြား နာမည်ကြီးနေသည့် သီးလေးသီးအငြိမ့်အဖွဲ့သည် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌ လှည့်လည်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သီးလေးသီး အငြိမ့်အဖွဲ့က ပြောသည်။ဒီဇင်ဘာ (၃၀) ရက်၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဇန်န၀ါရီ (၆) ရက်၌ ပီနန်မြို့၊ (၁၂) ရက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် (၁၉) ရက်၌ စင်ကာပူမြို့တို့တွင်ကပြရန် စီစဉ်ထားကြောင်း စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာက ပြောသည်။၎င်းက “ဘယ်အထိမ်းအမှတ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ကျနော်တို့ ဆေးရောင်စုံအဖွဲ့က ပြည်ပ ထွက်ပြီးတော့ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာပြည်သူတွေကို ဖျော်ဖြေတဲ့ပွဲပဲပေါ့။ကျနော်တို့ ရှေ့မှာသီချင်းလေးတွေဆိုမယ် သံချပ်ထိုးမယ် ပြီးရင်အငြိမ့်ကမယ်” ဟု ပြောသည်။စင်ကာပူပွဲအပြီးတွင် ပြည်ဝင်ခွင့်ဗီဇာအဆင်ပြေပါက ဇန်န၀ါရီ (၂၅ နှင့် ၂၆) တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌့ သွားရောက် ဖျော်ဖြေရန်ဆန္ဒရှိပြီး အမေရိကန်နိုင်ငံရှိ မြန်မာပရိသတ်များကလည်း လာရောက်ဖျော်ဖြေရန် ကမ်းလှမ်းထားသည်ဟု ဂေါ်ဇီလာက ပြောသည်။ ဒီဇင်ဘာ (၃၀) ရက် မလေးရှားတွင် ဖျော်ဖြေမည့်အငြိမ့်ပွဲကို ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာ ကုန်တိုက်၌ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်မည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး မလေးရှားငွေ (၂၅) ရင်းဂစ် သတ်မှတ်ထားကြောင်း ပွဲစီစဉ်သူတို့ကပြောသည်။ဇန်န၀ါရီ (၁၉) ရက် စင်ကာပူအငြိမ့်ပွဲကို လဗန်းဒါးဘူတာရုံအနီးရှိ Foo Chow အဆောက်အဦ၌ ကပြမည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး စင်ကာပူ ဒေါ်လာ (၂၀) ခန့် ကောက်ခံရန်ယာထားကြောင်း သိရသည်။သီးလေးသီးအငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ) တို့ ပါဝင်ကပြဖျော်ဖြေမည်ဖြစ်သည်။စက်တင်ဘာအရေးအခင်းအပြီး ကပြခဲ့သည့် သီးလေးသီးအငြိမ့်၏ တန်ဆောင်တိုင်ပျက်လုံးများ အနက် “ရန်သူမျိုးငါးပါးဆိုတာက ရေ၊ မီး၊ မင်း၊ သူခိုး၊ မချစ်မနှစ်သက်သူ ငါးပါးနော်။ ခု ပြောင်းသွားပြီ မင်းရယ်၊ သူခိုးရယ်၊ မချစ်မနှစ်သက်သူရယ်က တယောက်တည်းဖြစ်သွားလို့” ဆိုသည့်ပျက်လုံးနှင့် “မသိုးသင်္ကန်းများ မကပ်လိုက်ရဘဲ သိမ်းထားလိုက်ရသည့်အတွက် သိုးကုန်ပြီ” ဆိုသည့် ပျက်လုံးတို့မှာ ရေပန်းစားသည်။ ။

Friday, December 28, 2007

Benazir Bhuttho was fianlly laid to rest
The Pakistani government says it has evidence that Al-Qaeda was behind the killing of the opposition leader, Benazir Bhutto.

Wednesday, December 26, 2007

အကွက်များအလွယ်တကူတွက်နည်း (factorial) Or ချဲအကွက် တွက်နည်း


2!=1x2=2
ဥပမာ 3!=1x2x3=6........ ဒီလို ၃ လုံးပတ်လည်ရိုက်ရင် ၆ ကွက်ရမှာပါ။ ၅ လုံးပတ်လည်ရိုက်ရင် ဘယ်လောက်ရမတုံး ဗျာ။ အဖြေကို နောက်ဆုံးမှာရေးထားပေးပါတယ်။
ဆိုလိုတာက
၃၄၅ ဂဏန်း ၃လုံးကိုပတ်လည်ရိုက်ရင် အကွက်၆ကွက်ရမယ်လို.ဆိုလိုတာပါ၊
၃၄၅
၃၅၄
၄၃၅
၄၅၃
၅၃၄
၅၄၃ ကို ဒီလို 3!=1x2x3=6 ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ မြောက်ဖော်ကိန်း (Factorial) နဲ.တွက် ထုတ်တာပါ.ဆက်တွေးကြည်.ပါ၊
၅ လုံးပတ်လည်ရိုက်မယ်ဆို ရင် ၅! = 1x 2x3x4x5 = 120 ကွက်ရမှာဖြစ်ပါတယ်။ မယုံရင် အပေါ်ကလိုမျိုး ရေးချကြည်.ပါ။

Monday, December 24, 2007

Archimedes’s principle (အာခီမိဒိ၏ နိယာမ)

ဖန်ဘူးတစ်လုံးတွင် နှုတ်ခမ်းအထိရောက်အောင် ရေဖြည့်၍ ချိန်ကြည့်ပါ၊ထို.နောက်သစ်သား တုံးတစ်ခုကို ရေတွင်နှစ်ရမည်၊ ဤတွင် ရေအနည်းငယ် လျှံကျလာပေလိမ့်မည်၊ တစ်ဖန် အလေးချိန် ပြောင်းလဲမှု ရှိမရှိ သိနိုင်ရန် ဖန်ဘူးကို ပြန်ချိန်ကြည့်ပါဦး။

မူလအလေးချိန်နှင့် တူညီမှုရှိသည်ကိုတွေ.ကြရသည်။ဖန်ဘူးမှ လျှံကျသွားသောရေ၏အလေးချိန်သည် သစ်သားတုံးတစ်ခုလုံး၏ အလေးချိန်နှင့် အတိအကျ တူညီမှုရှိနေ၏။ B.C ၂၅၀ ခန်. ကပေါ်ထွန်းခဲ့သည့် နာမည်ကျော် သင်္ချာပညာရှင် အာခီမီဒိသည်လည်း ဤအချက်ကိုပင်တွေ. ရှိခဲ့သည်၊ အရာဝတ္တုတစ်ခု အရည်တွင်နှစ်မြုပ်သောအခါ ၎င်း၏အလေးချိန်ဆုံးရှုံးလေသည်။ ယင်းဆုံးရှုံးသည့် အလေးချိန်မှာ ၎င်းအရာ ၀တ္ထုဖယ်ထုတ်လိုက်သော အရည်၏ အလေးချိန်ပင် ဖြစ်သည်။ ဤသို.သိသိသာသာအလေးချိန်ဆုံးရှုံးခဲ့ခြင်းကို buoyancy (အရည်၌ ပေါ်နိုင်သော သတ္တိ) ဟု ခေါ်ဆိုလေသည်။

“အကယ်၍”


အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို. ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ၊
မင်းဟာ ခေါင်းအေးအေးနဲ. ရင်ဆိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကိုမယုံသင်္ကာ ဖြစ်လာတဲ့အခါ၊
သူတို.ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ.၊
မင်းကိုမင်း ယုံကြည်မှုအပြည့် ရှိမယ်ဆိုရင်။

အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး၊
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်၊

အကယ်၍
မင်းရဲ့အကြောင်း မဟုတ်တရားမုသားစကား ကြားရတဲ့အခါ၊
မင်းကလည်းအလိမ်အညာတွေနဲ. မတုန်.ပြန်ဘူးဆိုရင်၊

အကယ်၍
မင်းကို လူတကာက ၀ိုင်းမုန်းတီးတဲ့ အခါ၊
မင်းဟာ အမုန်းကို ပြန်မပွားဘူး ဆိုရင်၊

အကယ်၍
မင်းကိုယ်မင်း လူတော်တစ်ယောက်ရယ်လို. မမြင်ပဲ၊
မင်းအပေါ်မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ်ဆို ရင်၊


အကယ်၍
အတွေးအခေါ်စိတ်ကူးတွေဟာ၊
မျှော်မှန်းချက် သက်သက်မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်၊


အကယ်၍
အောင်မြင်မှုသုခနဲ. ဆုံးရှုးံမှုဒုက္ခတွေကို ကြုံတွေ.ရတဲ့အခါ။
တူညီသော လောကဓံ တရားတွေပါလားရယ်လို.ခံယူထားနိုင်မယ်ဆိုရင်။


အကယ်၍
မင်းရဲ့အမှန်စကားတွေကို၊
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး၊
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ၊
မင်းဟာ တည်ငြိမ်စွာနဲ. နာကြားမယ်ဆိုရင်။

အကယ်၍
မင်းဘ၀တစ်လုံးပေးပြီး၊
အရိပ်တကြည့်ကြည့်နဲ. ဖြည့်ဆည်းခဲ့ရတဲ့အရာကို၊
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ၊
အင်မတန်မှသေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ.၊
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်။

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ၊
ကြွေတလက် ကြက်တခုန်ပမာ၊
တလှည့်တခါတည်းနဲ. ဆုံးရှုံးသွားခဲ့ရင်။

အကယ်၍
ဆိုးလှတဲ့ ကံကြမ္မာရယ်လို.၊
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်၊

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို.၊
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်တဲ့အခါ၊
မင်းတယောက်တည်းနဲ.ပဲ၊
အားနဲ.မာန်နဲ. ဇွဲသတ္တိရှိရှိ ဆက်ကြိုးနိုင်မယ်ဆိုရင်။

အကယ်၍
မင်းမှာ စိတ်ဓါတ်ခွန်အားကလွဲလို. ဘာဆိုဘာမှ မရှိတော့တဲ့အခါ၊
အဲဒီစိတ်ဓါတ်ခွန်အားကို ခိုင်မာစွာနဲ.ပဲ၊
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်။

အကယ်၍
မင်းဧကရာဇ်တွေနဲ. အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်။

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေက ဖြစ်စေ၊
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်ရင်၊

အကယ်၍
လူတို်င်းကို တန်ဖိုးထား လေးစားရပေမယ့်၊
စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်။

အကယ်၍
တိုတောင်းလှတဲ့ မပြစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန်.ခြောက်ဆယ်အဖြစ်၊
အသုံးချနိုင်မယ်ဆိုရင်။
အကယ်၍
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့၊
ကမ္ဘာကြီးကိုဆုပ်ကိုင်လို.၊
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့၊
အဲဒီတော့ မင်းဟာလည်း၊
ယောက်ျားကောင်းတယောက်ပေါ့။

(ဒေါ်အောင်ဆန်းစုကြည်)

Saturday, December 22, 2007

အချစ်အကြောင်း

အချစ်ဟာ အပေးအယူပဲ၊ ကိုယ့်ကတောင့်တတဲ့အရာကိုသူကပေးပြီး သူကလိုအပ်နေတဲ့အရာ ကိုကိုယ်က ဖြည့်ဆည်းပေးခြင်းပဲ၊ ဒါပေမဲ့ သံယောဇဉ် ဆိုတဲ့ကြိုးဟာ ချည်ရလွယ် ပေမဲ့ဖြေ ရခက်တယ် နော်၊ ချည်ချင်တိုင်းချည်လို.ရပေမဲ့ဖြေချင်တိုင်းဖြေလို.မရဘူး။ ဦးနှောက်ကပေါက် ဖွားတဲ့အချစ်ကတော့ မပြောမဆို ရက်ရက်စက်စက်ကြီး ခွဲသွားတတ်ပေမဲ့ ၀မ်းနဲစရာမလိုပဲ ကံကိုသာ ရိုးမယ်ဖွဲ. ရမှပေါ့၊ အချစ်ကပူလောင်တဲ့အရာမျိုးဖြစ်ပေမဲ့ သုံးတတ်ရင်တော့ မီးလိုပဲ အကောင်းနဲ့အဆိုး ဒွန်တွဲနေပါတယ်၊ အချစ်ကို ပေါ့တိပေါ့စလုပ်ရင် မီးလောင်သလိုလောင် တတ်တယ်၊ အခက်မသင့်ရင် ဘ၀တစ်ခုလုံးကို ပျက်စီးသွားတတ်ပါတယ်၊
  • ပြုလုပ်တဲ့အရာမှန်သမျှတို်င်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိပါတယ်။
  • သစ်ပင်မှန်ရင်အမြစ်ရှိ သလို လူမှန်ရင်အချစ်ရှိပါတယ်၊
  • ထမင်းဆာဆာဝမ်းဟာဟာနေရသည့်အချိန်မျိုးတွင် အချစ်သည်အရေးကြီးသော ကိစ္စမဟုတ်တော့ပါ၊
  • အချစ်စစ်နှင့်အချစ်တုခွဲခြား၍ သိနိုင်သောအချိန်ကား မုန်းသောအချိန်ပင်ဖြစ်သည်။ (ရှိတ်စပီးယား)
  • အချစ်နှင့် ပတ်သတ်လာရင်လူတွေအားလုံးအရှုးတွေသာတည်း၊

ပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ရင်


  • အဲတာနဲ.ပတ်သတ်တဲ့ပညာရပ်ဆိုင်ရာ စာအုပ်တွေကို များများရှာ များများဖတ်။
  • ဖတ်ပြီးသမျှမှတ်ထားရမယ်။ (နောက်တကြိမ်စာအုပ်မလုန်ရအောင်လို့ပေါ့)
  • မှတ်ထာသမျှကိုလည်းမေ့ မသွားအောင်နောက်တစ်ယောက်ကို ပြန်ပြောရမယ်မေ့မ သွားအောင်လို့ပေါ့။
  • ပြီးမှ ပြန်ပြောသမျှကို စာအုပ်တအုပ်နဲ့အသေအချာပြုစုထားရမယ်။

Thursday, December 20, 2007

နှလုံးအားဆေး


  • ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ်ဆိုတာ ကိုကြောင့် ကျစိုက်နေဖို. မလိုဘူး။
  • ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများ ကိုယ့်ကို အထင်သေးတာကို ဂရုမ စိုက်ဘူး။ ကိုယ့်ကိုယ် ကို ကျေနပ်နေတဲ့သူဟာ သူများ ဘာပြောပြော ခံနိုင်တယ်။
  • သူများကို ဘယ်လိုလူစားလို. ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို. ဖေါ်ပြနေတာနဲ. တူတယ်။
  • တကယ် ကြီးကျယ်တဲ့၊ ထိရောက်တဲ့၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ လုပ်၊ ကိုယ့်အ ရည်အချင်းတွေလည်း အများဆုံးထုတ်ပြီးသုံးရတဲ့ အလုပ်ကို လုပ်မယ့်သူ ဟာ အသေးအမွှား အဆိုး တွေကို တွေးဖို. မသင့်ဘူး။
  • ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
  • စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။ သတိနဲ.နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
  • ငွေကလွဲလို. တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကို ရောင်းစားတာနဲ. တူတယ်။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ.အရည်အချင်းကိုဖေါ်ပြနိုင် ရမယ်။
    (ဆရာတော်ဦးဇောတိက၏ စိတ်နှလုံး ရွှင်လန်းစေဖို. မှ)

Monday, December 17, 2007

သူငယ်ချင်း

သူငယ်ချင်း

တချိန်မှာ ကိုယ်ပြုခဲ့ဖူးတဲ့အရာလေး တွေကို ပြန်တွေးရင့်းကြည်နှူးနို င်ပါစေ။
တိုတောင်းတဲ့ ဘ၀မှာ တွေ.ကြု.ခဲ့တဲ့သူငယ်ချင်းအားလုံးကို ပြန်တွေးမိတိုင်း သတိရနေမှာပါ။

မင်းရဲ့
သူငယ်ချင်း
တာယာ
"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333