Saturday, December 14, 2019

ရွှေဝါရောင်တော်လှန်ရေး အကျဉ်း



သြဂုတ်လ(၁၅)ရက်တွင် နအဖစစ်အုပ်စုက လောင်စာဆီဈေးနှုန်းများအား အကြောင်းပြချက်မပေး၊ ကြိုတင် အသိပေး ခြင်း မရှိပဲ မတန်တဆဈေးနှုန်းများ မြှင့်တင်လိုက်မှုကြောင့် မင်းကိုနိုင်ခေါင်းဆောင် သော ၈၈မျိုး ဆက် ခေါင်းဆောင်များက သြဂုတ်လ (၁၉) တွင်အသံတိတ်လမ်းလျှောက်ပွဲတခုဆင်နွဲခဲ. ရာမှစတင်ကာခဲ.သည်။
ထို.နောက် စက်တင်ဘာ(၅)တွင်မကွေးတိုင်း ပခုက္ကူမြို.မှ သံဃာတော် (၆၀၀) ခန်. ကုန်ဈေးနှုန်း ကျဆင်းရေး ပိုစတာများကို ကိုင် ဆောင်ကာ မေတ္တာသုတ်ရွတ်ဖတ်လမ်းလျှောက်ဆန္ဒပြခဲ.ရာ စစ်တပ်မှ သေနတ်ဖောက်လူစုခွဲပြီး သံဃာ(၃)ပါးကို ကြိုးကွင်းပစ်ဖမ်း၊ ဓာတ်တိုင်တွင်ကြိုးတုပ်၍ သေနတ်ဒင်များ ၀ါးရင်းတုတ်များဖြင့် ရိုက်နှက်ခဲ.ရာအခြေအနေပို၍ ဆိုးဝါးလာခဲ.သည်။
စက်တင်ဘာ(၉)ရက်တွင် မြန်မာသံဃာအဖွဲ.အစည်းအားလုံး တစ်စုတစ်စည်းတည်းဖွဲ.စည်းလိုက်ပြီး နအ ဖအားတောင်း ဆို ချက်လေးခုတောင်းဆိုသည်။ (၁) နအဖအုပ်စုကပခုက္ကူဆန္ဒပြမူနှင်.ပတ်သက်၍ သံဃာ ထုကျေနပ်ခွင့်လွှတ်သည်အထိ ၀န်ချ တောင်းပန်ရန်။ (၂) လောင်စာဆီဈေးနှုန်းများ နှင့်ကုန်ဈေး နှုန်းများ ချက်ခြင်းချပေးရန်၊ (၃) ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င်နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ် ပေးရန်၊ (၄) အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီအင်အားစုများနှင့် တွေ.ဆုံဆွေးနွေး မှုချက်ခြင်းပြုလုပ်ရန်။ ဤအချက်များကို နောက်ဆုံးတောင်းဆိုထားသည့် စတင်ဘာ (၁၇)အထိမဖော် ဆောင်ပါသဖြင့် စက်တင် ဘာ(၁၈)ရက်နေ.တွင် စတင်ပတ္တနိက္ကုဇ္ဖန ကံဆောင်ကမ္မ၀ါဖတ်၍ သပိတ်မှောက်သည်။( ၂၂) ရက် နေ.တွင်ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ.သို. မဖြစ်မနေ သွားရောက်မေတ္တာပို.ခဲ.ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း မရ မနေထွက်ကာမျက်ရည်ဝဲ လျက်ရှိခိုးကန်တော့ခဲ.သည်။
သို.ဖြင့်လူသိန်းချီပါဝင်သော ဆန္ဒပြပွဲများ(၂၄)ရက်မှစ၍ အုံးအုံးကြွက်ကြွက်ပေါ်ပေါက်ကာ ကျော်သူ ဇာဂနာ၊အောင်ဝေး၊ စံလင်း စသည်.ရုပ်ရှင်ဂီတ စာပေ အနုပညာရှင်များအပါအ၀င် အပစ်အခက်ရပ်စဲ ထားသောမွန်ပြည်သစ်ပါ တီကလည်းသံဃာလှုပ်ရှား မှုကိုထောက်ခံကြောင်းတရားဝင်ကြေညာခဲ့သည်။ ရွှေတိဂုံဘုရား၌ စုဝေးမေတ္တာပို.မှုကိုနအဖစစ်တပ်နှင့် လုံထိန်းရဲများက စတင်အ ကြမ်းဖက်ခဲ.ရာအနည်း ဆုံးသံဃာ(၅)ပါးပျံလွန်ခဲ.ရသည်။ရန်ကုန်၊မန္တလေး၊မိုးကုတ်၊စစ်တွေတို.တွင်လည်းသံဒုတ်။နံပတ်ဒုတ်၊၀ါး ရင်းတုတ်များဖြင့်ရိုက်နှက်ခြင်း။မျက်ရည်ယှိုဗုံးများနှင့်ပစ်ခြင်း၊ သေနတ်၊ စနိုက်ပါများဖြင့် အသေပစ်၊ ဖမ်းဆီးမှုများသာမက ညဖက်များ ၌လည်းဘုန်းကြီးကျောင်းများအားတပ်အားသုံးစီးနင်းကာ ရိုက်နှက် သတ်ဖြတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ ဘုန်းကြီးများ ကိုအဓ္ဓ မလူဝတ်လဲပစ်ခြင်း။ ဘုရားဆင်း တုတော်များ ခေါင်းဖြတ်ရိုက်ချိုးခြင်း။ ကျောင်းတိုက်တွင်းမှပစ္စည်းခိုးယူဖျက် ဆီးခြင်းလည်းပြုလုပ်ခဲ.သည်။ဤ ရွှေဝါရောင်တော်လှန်ရေး ကြီးသည်မှသည်အနာဂတ်နိုင်ငံတော်သစ်စီသို..................

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333