Sunday, December 1, 2019

အချစ်မှ အကျင့်သို့ ကူးပြောင်းပြီးသောအခါ



အိမ်ထောင်သက်

အနှစ် ( ၂၀ ) ပြည့်တော့မယ်။
တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်
ရက်လတွေပြောင်း၊
အချိန်ကြာညောင်းလာတာနဲ့
အားလုံးဟာ ရိုးသွားသလိုလို
စိတ်၀င်စားမူ လျှော့နည်းသွားလေသလား
အချစ်များ လျှော့ပါးသွားပြီလား
မေတ္တာများ အရောင်ဖျော့သွားပြီလား...


နောက်ပိုင်းမှ ဆင်ခြင်မိတာက

အချစ်ဆိုတာလည်း အကျင့်အဖြစ် ကူးပြောင်းသွားတာပါ။

တစ်ခုမှ လျှော့သွားတာ

ဖျော့သွားတာမဟုတ်ပါ။

အားလုံး နေ့တဓူ၀ အကျင့်ဖြစ်သွားလို့ပါ။


နေ့တဓူ၀မှာ….

ချစ်တယ်မချစ်ဘူး

လုံး၀မပြောမိတော့သလိုပဲ၊

လှတယ် မလှဘူး လုံး၀ စကားမစပ်မိတော့၊


ကလေးအကြောင်း၊ ပညာရေးအကြောင်း

ပြီးမှ ဟိုရေးဒီရေး တောက်တိုမယ်ရ အကြောင်းလေးတွေ

ဆန်ဆီဆားဆေး နေရေး ထိုင်ရေးပေါ့၊

အချစ်ဘ၀ကနေ

လက်တွေ့ဘ၀ကို လုံးလုံးကူးသွားပါပြီ။

ရိုးရိုးရှင်းရှင်း အဖေါ်ပြုခြင်းကို

တကယ်အကျင့်ပါသွားပါပြီ။


အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ

သူရဲ့ ရုပ်ရည်၊ သူရဲ့ အပြုံး၊

သူရဲ့ အပြောအဆို

သူ့ရဲ့ ကောင်းတာတွေအားလုံး၊

ပြီးရင် ဆိုးတာတွေအားလုံး

ကိုယ့်ဘ၀ရဲ့ အစိပ်အပိုင်းတစ်ခု

ဖြစ်သွားပါပြီ။


မြင်နေရရင်

ဘာမှ မသစ်ဆန်းတော့ပေမယ့်

မမြင်ရတာ နည်းနည်းကြာရင်လည်း

နေမထိ ထိုင်မသာ ....


အချစ်ဟာ နှလုံးသားထဲမှာ

မထင်ရှားတော့ပေမဲ့

ရိုးတွင်းခြင်ဆီထဲအထိ

ရောက်သွားလေသလား မသိ၊


အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ

ဘ၀ဟာ တအားရိုးရှင်းသွားသလိုပဲ။


အိပ်ယာထရင်၊ ဘေးမှာရှိသလားဆိုတာ

အမြဲကြည့်မိတယ်။

မီးဖိုချောင်က ဟင်းနံ့ရပြီ၊

သူအလုပ်ရူပ်နေပါပြီ၊

ကိုယ်ကတော့ ပေပြီးအိပ်ကောင်းဆဲပါ။

အိမ်ပြန်နောက်ကျရင်၊ အလိုအလျောက်

သူကို ဖုန်းဆက်ပြီးသားပါ။


အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ

ဂရုစိုက်မူတွေဟာ၊ အသေးစိပ်ဆန်ပြီး

နွေးထွေးလွန်းပါတယ်။


မင်းမောတဲ့အခါ...

ငါရေအေးတစ်ခွက်ခပ်ပေးမယ်။


ငါဖျားတဲ့အခါ

မင်းကြက်ဥတစ်လုံးကျော်ပေးတယ်။


ခရီးထွက်တာ ကြာသွားရင်၊

ဖုန်းထဲကဓါတ်ပုံတွေကို

အခါခါ ကြည့်မိတတ်ပါတယ်။


အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ

ဘ၀ဟာ ကဗျာမဆန်တော့သလို

အေးအေးလူလူ နေရတာ

အကျင့်ဖြစ်သွားပါတယ်။


မကျေနပ်သံလေးတွေ၊ ငြီးငြူမူလေးတွေ

အဖုအထစ်၊ အထစ်အငေါ့လေးတွေ

ဒါတွေအားလုံးဟာ အေးအေးလူလူ

ဘ၀ကို ပိုမိုစိုပြေစေသလိုပါပဲ။


အချစ်ဟာ အကျင့်ဖြစ်သွားတဲ့အခါ

အချင်းချင်းရဲ့ တည်ရှိမူကို

အကျင့်ဖြစ်သွားပါပြီ။


လက်တွဲတာ ကြာလာလေလေ၊

အားကိုးတာ များလာလေလေ

လက်တွဲခိုင်မြဲလေလေပါ။


ဘ၀ခရီးလမ်းမှာ အားကိုးစရာရှိတော့

သိပ်ပြီး မမောပမ်းတော့ပါဘူး

တစ်ခါတစ်လေ၊ အဲဒီအကျင့်တွေဟာ

အချစ်မဟုတ်ပါဘူးလို့ ထင်ရတတ်ပေမယ့်

အချစ်ဟာ အဲဒီအကျင့်အားလုံးထဲမှာ

စွဲစွဲမြဲမြဲ စွဲကပ်နေပါပြီ။


မချစ်လို့ မဟုတ်ပါ။

မလေးနက်တာလည်း မဟုတ်ပါ။

အချစ်ဟာ အကျင့်ထဲမှာ

လုံး၀ ပျော်၀င်သွားပါပြီ။


ဒီအကျင့်တွေ

ဒီတစ်သက်လုံး စွဲကပ်သွားပါပြီ။

ဖျောက်ဖို့မပြောနဲ့၊

အကျင့်ပျောက်သွားမှာကိုတောင်

မစဉ်းစားရဲပါ။


အကျင့်များနဲ့ အတူ

ယုံကြည်မူပါတယ်။

အားကိုးမူပါတယ်။

ကြည်နူးကျေနပ်မူ ပါတယ်။

အပြန်အလှန် ဖြစ်ပေါ်လာခဲ့တဲ့

ဒီအကျင့်လေးတွေကြောင့်

ရွှေလက်တွဲတာ ခိုင်မြဲမယ်။

ပြီးရင်အမြဲ လန်းဆန်းနေမယ်။


Ref: we chat

Credit Sayar Aung Ko Latt.

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333