Saturday, April 28, 2018

အဲ့လိုလုပ်နိုင်ရမယ်

ကျွန်မဘ၀မှာ ...

ကြက်ဟင်းခါးသီး ရလာလို့ ခါးတယ်ဆိုပြီး ညည်းငြူးမနေဘူး
ပုဇွန်ခြောက်နဲ့ရောချက်ပြီး စားပစ်လိုက်တယ်။

သံပုရာသီး ရလာလို့ ချဉ်တယ်ဆိုပြီးလည်း စိတ်ပျက်မနေဘူး
သကြားနဲ့ရောဖျော်ပြီး သောက်ပစ်လိုက်တယ်။

ရှင်းလား ကျွန်မစိတ်ကို ...
ဘ၀ဆိုတာ ဖြစ်ချင်တိုင်းမှ ဖြစ်မလာတတ်တာ
ဖြစ်လာတဲ့ ဘ၀အခြေအနေကိုပဲ ...
အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြီး နေနိုင်ရမယ်လေ။

ဘ၀က ...
ဘယ်လောက်ပဲ ချဉ်တူးနေပါစေ ကျွန်မဂရုမိစိုက်ဘူး။

ဘ၀က ...
ဘယ်လောက်ပဲ ခါးသီးနေပါစေ ကျွန်မစိတ်ပျက်မသွားဘူး။

စဉ်းစားတတ်တဲ့ အသိဥာဏ်ပညာ ကျွန်မခေါင်းထဲမှာရှိတယ်။

အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ သတ္တိတွေ
အခက်အခဲတွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့
စိတ်ဓါတ်ကျ အားငယ်မှုတွေ၊ စိတ်နှလုံး မချမ်းမြေ့မှုတွေကို
ငြိမ်းအေးသွားစေနိုင်တဲ့ တရားတော်တွေ ကျွန်မနှလုံးသားထဲမှာရှိတယ်။

မျိုးဝဏ္ဏ(စာပေဥယျာဉ်)

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333