Saturday, January 29, 2011

Levels of economic integration (စီးပွားရေးဆိုင်ရာ ပေါင်းစည်းခြင်း အဆင့်များ)



ဂလိုဘယ်လိုက်ဈေးရှင်း ခေတ်ကြီးရောက်လာတဲ.အမျှ ကိုယ်နိုင်ငံတစ်နိုင်ငံမှာပဲ သီးသန်.တခါးပိတ်ပြီး စီးပွားရေးလုပ်မယ်။ သူများတွေနဲ. ပေါင်းမလုပ်ဘူး။ အကြံဥာက်တွေ မယူဘူး ဆိုပြီးနေလို.မရတောပါဘူး။ အုပ်စုတွေဖွဲ.ပြီး ကိုယ်အဖွဲ.တိုးတက်အောင် ကိုယ်.အဖွဲ. အကျိုးစီးပွားကို သူများအဖွဲ. တွေထက်သာအောင်ဆိုပြီး အဖွဲ.တွေ အများကြီးဖွဲ.ပေါ်လာတဲ. အနက် အာဆီယံ ၁၀ နိုင်ငံအဖွဲ. ဟာလဲ ကမ္ဘာရေးစီးကြောင်းထဲမှာ ပါလာတဲ.အဖွဲ.တစ်ဖွဲ. ဖြစ်ပါတယ်။ သူတို.ရဲ. ရည်မှန်းချက်က ၁၅နှစ်အတွင်း Common Market ဆိုတဲ. စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဆင့် ကြီးအထိမျော်မှန်းချက်ထား လုပ်ဆောင်နေပါတယ်တဲ.။ Common Market ဆိုတာ စီးပွားရေးပေါင်းစည်းခြင်း အဆင့်၅ခု အနက် အဆင့်တော်တော်လေးမြင့်တဲ. အဆင့် ၃ နေရာကိုပြောတာပါ။
စီးပွားရေးပေါင်းစည်းခြင်း အဆင့်၅ခု
Free Trade (လွတ်လပ်သော စီးပွားရေး) အဖွဲ.၀င်နိုင်ငံများ အတွင်း လွတ်လပ်စွာကုန်သွယ်နိုင်ခွင့်လို.အဓိပ္ပါယ်ရပါတယ်။ ဒီနေရာမှာ လွတ်လပ်သော စီးပွားရေး ဆိုတာ အဖွဲ.၀င်နိုင်ငံများအတွင်း သဘောတူထားတဲ. ကုန်စည်များကို သာ လွတ်လပ်စွာကုန်သွယ်နိုင်ခွင့်လို. ဆိုလိုပါတယ်။ လက်ရှိ ဥပမာ ကတော့ အာဆီယံ ပါပဲ။ ဒီအဆင့်ပဲ ရှိပါသေးတယ်။
Custom Union ဆိုတာကတော့ Free Trade (လွတ်လပ်သော စီးပွားရေး)နဲ. Common external tariffs ကိုပေါင်းထားတာ ဖြစ်ပါတယ်။ Free Trade (လွတ်လပ်သော စီးပွားရေး ကလိုပါပဲ။ Custom Union မှာ တစ်ခုပိုတိုးတက်လာတာက အဖွဲ.၀င်နိုင်ငံတွေဟာ အခြားအဖွဲ.၀င်မဟုတ်တဲ. နိုင်ငံတွေနဲ.ကုန်သွယ်တဲ. အခါမှာ အဖွဲ.၀င်နိုင်ငံအားလုံးရဲ. သွင်းကုန်ထုတ်ကုန်တွေ အပေါ် မှာစည်းကြပ် ကောင်ခံမည့် အခွန်နှုန်းထား အတူတူထားရှိတာပဲ ဖြစ်ပါတယ်။
Common Market (ဘုံဈေးကွက်) ဆိုတာကတော့ Custom Union နဲ. Factors of production လို.ခေါ်တဲ. အလုပ်သမားတွေ။ စက်ပစ္စည်းတွေ အဖွဲ.၀င် နိုင်ငံများ အတွင်း လွတ်လပ်စွား သွားလာ လုပ်ကိုင်၊ ရွေ.ပြောင်းနိုင်ခွင့် ပေါင်းထားတာပါ။
Economic Union ဆိုတာကတော့ Common Market (ဘုံဈေးကွက်) နဲ. ဘုံပိုက်ဆံကို သုံးဆွဲခြင်း၊ အခွန်နှုန်းထားတွေကို အတူတူထားရှိခြင်း၊ Monetary and fiscal ပေါ်လစီ တွေကိုလဲ ညှိုနှိုင်းပြီး အတူတူ ထားရှိမှာ ဖြစ်ပါတယ်။ Common Market ထက်မြင့်ပါတယ်။ (ဥပမာက European Union ပဲဖြစ်ပါတယ် အဖွဲ.၀င်နိုင်ငံများကြားမှာ Euro ကိုသုံးဆွဲပြီး အခွန်နှုန်းထားတွေ၊ ပေါ်လစီတွေမှာ အတူတူ ထားရှိတာဖြစ်ပါတယ်။ အဖွဲ.၀င်နိုင်ငံတစ်နိုင်ငံ UK ကတော့ သူကိုယ့်ပိုင် pound ကိုပဲသုံးဆွဲနေတုံးပါ။)
Political Union (နိုင်ငံရေး ယူနီုယန်) ကတော့ စီးပွားရေးပေါင်းစည်းမှုရဲ. အဆင့်အမြင့်ဆုံး အဆင့်ပဲဖြစ်ပါတယ်။ ပါလီမန်.ကို အဖွဲ.၀င်များနိုင်ငံများအတွင်း တစ်ခုထဲ. ထားရှိမှာဖြစ်ပါတယ်။ ဘုံအစိုးရ ရှိလာမှာဖြစ်ပါတယ်။ ဒီအဆင့်ကို EU လဲမရောက်နိုင်သေးဘူးဖြစ်ပါတယ်။
Levels of economic integration (စီးပွားရေးဆိုင်ရာ ပေါင်းစည်းခြင်း အဆင့်များ)
ပုံအကြီးရှင်းရှင်းလင်းလင်း ကြည့်ချင်လျှင် ပုံပေါ်တွင် နှိပ်ပါ။

Wednesday, January 26, 2011

အပြစ်ဆေးခြင်း (Redemption)

ယနေ့အချိန်ထိ ရှက်ရွံ့စိတ် ခံစားနေရမည့် အရာတစ်ခုကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ကျွန်တော် လုပ်ခဲ့မိသည်။ လူတစ်ယောက်အား ကတိစကားတစ်ခု ဖျက်မိခဲ့ခြင်းဖြစ်ပြီး ယင်းက သူမကို အကြီးအကျယ် ထိခိုက်နာကျင်စေခဲ့သည်။ အစကတည်းက အဆိုပါကတိအား ပေးရန် မရည်ရွယ်ခဲ့ဟု မိမိကိုယ်ကိုယ် ဆင်ခြေကန်သော်လည်း ဖိအားတစ်ခုအဖြစ် တည်ရှိနေခဲ့ပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ လူအများအပြားက အကြောင်းပြချက်ကိုယ်စီဖြင့် ဖျက်သင့်သောကတိသာ ဖြစ်သည်ဟု ကျွန်တော့်ကို ဖြောင်းဖြကာ ဖြေသာသော စကားလုံးအမျိုးမျိုးသုံးစွဲ၍ ထိုအခြေအနေအား လက်သင့်ခံနိုင်ဖွယ်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြပါသည်။ သို့သော် တကယ်တမ်းတွင် ထိုကိစ္စအတွက် ကျွန်တော်မပျော်နိုင်ခဲ့။ ကတိသည် ကတိသာဖြစ်ပြီး ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ဖျက်သိမ်းခဲ့ခြင်းမှာ မည်သို့မျှ ဆီလျှော်မှုမရှိဟုသော အသိမှ ကျွန်တော် မလွတ်မြောက်နိုင်ခဲ့။

တကယ်တော့ ကတိဖျက်ခဲ့သူမှာ ကျွန်တော်သာ ဖြစ်သည်။ ဗုဒ္ဓဘာသာစကားဖြင့် ပြောရလျှင် တဏှာနွံထဲ နစ်ဝင်မိပြီး အ၀ိဇ္ဇာအမှောင်ဖုံးကာ ထိုအချိန်အခါက အခြားအရာများအားလုံးထက် ကျွန်တော်ပိုအလိုရှိသော အရာတစ်ခုကိုရလိုသော ဆန္ဒနောက်သို့ ကောက်ကောက်ပါအောင် လိုက်မိခဲ့ခြင်းသာ ဖြစ်သည်။ (ဤသို့ပြောရသည်မှာလည်း ဆင်ခြေပေးခြင်းမဟုတ်ဘဲ ရှင်းလင်းချက်တစ်ခုသာ ဖြစ်ပါသည်) သို့ရာတွင် ကျွန်တော့်အတွက် အဆိုးထဲက အကောင်းဟုပင် ပြောရမည်။ အဆိုပါ ကတိဖျက်မိသည့် လုပ်ရပ်ကြောင့်ပင် အမှောင်ထဲ ပိတ်မိနေသည့်အဖြစ်မှ ရုန်းထွက်ရန် ကျွန်တော် သတိရခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ လိုအင်ဆန္ဒများက ကျွန်တော့်အပေါ် မည်မျှထိ ဂုတ်ခွစီးထားကြောင်း ကိုယ်တိုင် သတိပြုမိခဲ့စေသည်။ ထိုမှတစ်ဖန် ပြီးခဲ့သည့်လုပ်ရပ်အပေါ် နောင်တရခြင်း၊ နောက်တစ်ကြိမ်မပြုလုပ်တော့ဟု ပိုင်းဖြတ်ခြင်းနှင့် လုံလောက်သည့် ကိုယ်ပိုင်ထိန်းချုပ်မှုကိုလည်း ပြန်လည်ရရှိစေခဲ့သည်။ (ကျွန်တော်၏ ၀န်ချခြင်းသည် များစွာနောက်ကျခဲ့သည်။ ဆက်ဆံရေးမှာမူ ပျက်ပြားခဲ့ပြီးဖြစ်သည်)

အပြစ်မကင်းစိတ်ဖြင့် ကာလကြာမြင့်စွာ ကျွန်တော်နေထိုင်ခဲ့ရသည်။ ၀န်ချခြင်းကြောင့် အဆိုပါအပြစ်မကင်းစိတ်မှ ကျွန်တော် ချမ်းသာရာမရခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိသည့် သံသရာထဲတွင်ပင် ကျင်လည်နေခဲ့ရသည်။ ကျွန်တော်၏ အပြစ်အား မည်သို့ ဆေးကြောရမည်လဲဟု ကျွန်တော် စဉ်းစားကြည့်မိပါသည်။

အပြစ်ဆေးခြင်း

ဆိုးရွားသည့် ရာဇ၀တ်မှုသတင်းတစ်ပုဒ်အား ဖတ်ရတိုင်း မည်သို့မည်ပုံ အပြစ်ဆေးရန် ဖြစ်နိုင်မည်လဲဟု ကျွန်တော် စဉ်းစားကြည့်မိတတ်သည်။ တစ်စုံတစ်ယောက်အပေါ် ကျူးလွန်ခဲ့သည့် လျှို့ဝှက်အပြစ်တစ်ခုအား မည်သူမျှ ထမ်းပိုးထားမည်မဟုတ်သော်လည်း၊ ထိုအကြောင်းအရာအပေါ် တွေးတွေးဆဆ လုပ်မိသည်နှင့်တစ်ပြိုင်နက် မိမိကိုယ်တိုင်၏ ကောင်းမြတ်မှုအပေါ် ယုံကြည်မှုလွင့်ပါးခြင်းနှင့် မိမိကိုယ်ကိုယ်လေးစားမှုအား ထိခိုက်စေနိုင်သည့် အန္တရာယ် ရှိနေပါသည်။ အတိတ်တစ္ဆေ အခြောက်ခံနေရပြီး၊ ထာဝရ အမဲစက်စွန်းထင်း ခံနေရသူများအတွက် ကျွန်တော်က အောက်ပါအတိုင်း အကြံပြုလိုပါသည်။

၁) သဘောထားသည် လုပ်ရပ်တစ်ခု၏ အရေးအကြီးဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ကျွန်တော်တို့ လုပ်ခဲ့သည်များကို အဘယ်ကြောင့် ကျွန်တော်တို့ လုပ်ခဲ့ပါသလဲ။ မိမိကိုယ်ကျိုးအတွက် သို့မဟုတ် ကိုယ်မှန်တယ်ထင်ရာကို လုပ်ခြင်းသာဖြစ်ပြီး ယင်းအတွက် အခြားသူများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မပါဘဲ ပြုလုပ်ခြင်း ဖြစ်ပါသလား။ ဒုတိယအချက်အရဆိုလျှင် ကျွန်တော်တို့၏ သဘောထားသည် ကောင်းမွန်သည်နှင့် တစ်ချိန်တည်းတွင် အလွန် သင့်လျော်လျောက်ပတ်ဟန်ရှိသည့် လုပ်ရပ်များသည်လည်း ရံဖန်ရံခါ အခြားသူများအား နာကျင်စေတတ်သည်ဟုသော အချက်ကို ကျွန်တော်တို့ လက်ခံရပေမည်။ ဥပမာ နာကျင်စေသော၊ သို့သော် လိုအပ်သော ဆေးပညာခွဲစိတ်ကုသမှုတစ်ခုကို စဉ်းစားကြည့်နိုင်သည်။ ထိုတွေးခေါ်ပုံမျိုးရရှိရန် ကြိုးစားရာတွင် ကျွန်တော်တို့အနေဖြင့် လုပ်ရပ်တစ်ခုအတွက် မည်မျှအထိ စိတ်သဘောထားသန့်ရှင်းခဲ့သနည်း၊ လိပ်ပြာလုံခဲ့သနည်း ဟူသည့် ရှုပ်ထွေးမှုကို ခလုတ်တိုက်မိတတ်ပြန်သည်။ သို့ရာတွင် လုပ်ရပ်တစ်ခု၏ (ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲသော) `ရလဒ်´ အစား `သဘောထား´ အပေါ်တွင်သာ အလေးပေးစဉ်းစားခြင်းအားဖြင့် နောင်တရစရာမရှိဟူသော ခံစားချက်တစ်ရပ်အား မွေးမြူနိုင်ပါလိမ့်မည်။

၂ ) လူသည် ပင်ကိုယ်သဘာဝအရ ကောင်းသည်၊ ဆိုးသည်ဟု ကပ်ပါလာခြင်းမဟုတ်ဘဲ အကောင်းအဆိုး နှစ်ရပ်စလုံးအတွက် တူညီသော စွမ်းဆောင်ရည် ရှိနေသည်။ ကျွန်တော်တို့တွင် အခြားသူများအား အလေးထားသော တွန်းအားများ ရှိနေတတ်ကြသည့် တစ်ချိန်တည်းတွင် ၎င်းတို့အား နာကျင်ထိခိုက်မှုလည်း ရှိစေတတ်ကြသည်။ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန်တွင် ယင်းနှစ်မျိုးအား တစ်ပြိုင်နက် ပြုလုပ်မိတတ်ကြသည်။ မနှစ်မြို့ဖွယ်ပုဂ္ဂိုလ်များ (ဥပမာ- ဟစ်တလာ) ကိုသော်မှ အဆိုးချည်းသက်သက်ဟု တံဆိပ်ကပ်ရန်ကြိုးစားမှုမှာ မိမိကိုယ်ကိုယ် လှည့်စားခြင်းသာ ဖြစ်ပါသည်။ (သမိုင်းတွင် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ် ရာဇ၀တ်မှုများအတွက် ဖြေရှင်းချက်အဖြစ် ထိုသို့ တံဆိပ်ကပ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်) သို့ရာတွင် တစ်ချို့သောလူများတွင် ကောင်းမြတ်ခြင်းတရားသည် ပင်ကိုယ်သဘောသဖွယ်ကပ်ပါလာသည်ဟု ငြင်းချက်ထုတ်နိုင်သည်။ ထို့ပြင် (အများလက်ခံ) မကောင်းမှုပြုလုပ်သူ အများစုသည်လည်း မိမိကိုယ်ကို အပြစ်ဆေးကြောခြင်းမရှိဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ယူဆသူများ ရှိနိုင်သည်။ သို့တိုင် ကျွန်တော့် လူနာများထဲမှ ဆေးလိပ်သောက်တတ်သူများတွင် ကျွန်တော့်တိုက်တွန်းချက်ကြောင့် ဆေးလိပ်ပြတ်သွားသူ တစ်ယောက်ယောက်ရှိသည်ဟု ကျွန်တော် မမှတ်မိပါ။ ဆိုလိုရင်းမှာ ဆေးလိပ်သောက်ခြင်းသည် မကောင်းမှုဖြစ်ပြီး၊ ဆေးလိပ်ဖြတ်လိုက် သူများသာ အပြစ်ဆေးကြောပြီးဖြစ်သည်ဟု ယူဆလျှင် အပြစ်ဆေးကြောနိုင်သူ ပမာဏသည် အလွန်နည်းပါး ပါလိမ့်မည်။ ယနေ့ အသက်ရှင်နေသော လူဆိုးလူမိုက်ဆိုသူများသည် ၎င်းတို့၏ လုပ်ရပ်များအတွက် ညအိပ်မပျော်မီအချိန်တွင် စိုးရွံ့မှု၊ သို့မဟုတ် အပြစ်မကင်းသော ခံစားချက်များ မခံစားရဟူ၍ မည်သူမျှ မပြောနိုင်ပေ။ ထို့ကြောင့် အပြစ်ဆေးကြောခြင်းအမှုသည် မည်သူ့အတွက်မဆို ဖြစ်နိုင်ချေရှိသော အရာတစ်ခုသာ ဖြစ်ပါသည်။

၃ ) အပြစ်ဆေးကြောခြင်းသို့ သွားရာလမ်းသည် ခက်ခဲသည်။ သို့တိုင် မဖြစ်နိုင်လောက်အောင် ခက်ခဲသော အရာတစ်ခု မဟုတ်ပါ။ အမှားတစ်ခု ကျူးလွန်ခဲ့မိကြောင်း အပြည့်အ၀ နားလည်ပြီး ပြီးခဲ့သမျှအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း နားလည်ရပါမည်။ နောက်တစ်ဖန် မဖြစ်ရန် စိတ်ပိုင်းဖြတ်ရမည်။ ၀န်ချတောင်းပန်သင့်ပါက တောင်းပန်ရမည်။ ကောင်းမြတ်ခြင်းတရားဆီသို့ ရှေးရှုနိုင်ရန် မိမိကိုယ်ကိုယ် ပြုပြင်ရပါမည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုသို့ (အပြည့်အ၀မဖြစ်နိုင်မှန်း သိသော်လည်း) အကောင်းချည်းသီးသန့်သာ လုပ်နိုင်ရန်ကြိုးစားတော့မည်ဟု မိမိကိုယ်ကိုယ် သတိပေးခြင်းကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်လွှတ်နိုင်စွမ်းရှိလာပြီး အပြစ်ဆေးကြောခြင်းအား သိမြင်လာနိုင်ခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာတွင် `ယနေ့မှစ၍....´ အစချီသော အရေးကြီးသည့် သဘောတရားတစ်ခု ရှိသည်။ ပြုပြင်၍မရတော့သည့် အတိတ်တွင် နစ်မွမ်းမနေဘဲ အနာဂတ်တွင် ပိုကောင်းအောင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်သည်ဟူသော အတွေးအခေါ် ဖြစ်ပါသည်။ အတိတ်၏ အကျိုးဆက်များမှ မလွတ်ကင်းနိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ၎င်းတို့မှ မိမိကိုယ်ကိုယ် အသွင်ပြောင်းနိုင်ပြီး ကိုယ့်တွင်ရှိသော ကောင်းမြတ်ခြင်းတရားကို သန်စွမ်းလာအောင် လုပ်ဆောင်နိုင်ပါသည်။

မိစ္ဆာနှင့် ရင်ဆိုင်တွေ့ရသော်မှ ၎င်းသည် တကယ်တမ်းတွင် လမ်းလွဲနေသော သားတစ်ယောက်မျှသာ ဖြစ်သည်ဟု ဗုဒ္ဓက သိမြင်သည်။ ၎င်းအနေဖြင့် မိမိ၏ ပျော်ရွှင်မှုအား အခြားသူများ၏ ဘေးဒုက္ခအပေါ်တွင် အခြေခံတည်ဆောက်နိုင်မည်ဟု ထင်မြင်မှားနေသူမျှသာ ဖြစ်သည်။ ကလေးများ၏ မဖွံ့ဖြိုး၊ မရင့်ကျက်သေးသော စိတ်ဖြစ်စဉ်များအား လူကြီးများက အလွယ်တကူ သိသကဲ့သို့ မိစ္ဆာတရား၏ ရင်းမြစ်ဖြစ်သော အဆိုပါ ထင်မြင်မှားမှုအား ဗုဒ္ဓက သိမြင်သည်။ ဘ၀၏ စစ်မှန်သော သဘာဝနှင့် ဂုဏ်ရည်တို့နှင့်ပတ်သက်ပြီး ထင်မြင်လွှဲမှားခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဗုဒ္ဓအနေဖြင့် မကောင်းမှုတစ်ရပ်အား ကျူးလွန်သူကိုသော်မှ ဆက်လက်မေတ္တာထားကာ ခွင့်လွှတ်နိုင်ပေသည်။ ပင်ကိုယ်သဘာဝအရ ဆိုးယုတ်ခြင်းမဟုတ်ဘဲ မသိမှုကြောင့် ဖြစ်ရခြင်းဟု အသေအချာ နားလည်ထားခြင်း ဖြစ်ပါသည်။ လူတစ်ယောက်၏ ဘ၀သည် မည်မျှပင် ရှုပ်ထွေးကွေ့ကောက်လှသည်ဖြစ်စေ၊ ထွက်မြောက်ရာလမ်းသည် အမြဲတစေ လက်ဝယ်ရှိနေပါသည်။ ထို့ကြောင့်သာ `အပြစ်ဆေးခြင်း´ ဟူသော ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်လား။

တေဇာ (လရောင်လမ်း) မှပြန်ကူး ဖော်ပြသည်။
Ref: Redemption By Dr. Alex Lickerman

Hinduism before the Emergence of Buddhism (part 1)









Hinduism before the Emergence of Buddhism (part 1)

originated and developed in India
no known founder and beginnings
its sacred earliest religious texts are called Vedas,
composed by seers between 1500 and 600 B.C.E according to Indian scholars
revealed to the seers by God,
Vedas not composed at once

( more philosophical Upanishads latest material added and believed to be composed between 600 and 300 B.C.E including various explanations of the nature of God, man and the universe

had developed so that its later phase was more philosophically sophisticated)


Hinduism in two periods

Hinduism before the emergence of the Upanishads and the Upanishadic period


Hinduism before the emergence of the Upanishads

Many views of the development of Hinduism but a view accepted by many philosophers developed from polytheism (the view that there are many gods in the universe) through henotheism to monotheism.

Many deities or many Gods
1. The warrior god associated with thunderstorm
2. The god of night and also the lord of social contract
3. The god of fire and also fire itself
4. The highly respected lord of order who maintains righteousness and prevents this world from dissolving in chaos.
no clear idea among Hindus of which god is most powerful


Offering sacrifice to the god of rain, this god praised to be the greatest. Fire, the greatest
this view called henotheism
At the end of this period of pre-Upanishadic Hinduism, monotheism view was developed that is
only one greatest god exists, the creator of the universe, other gods and everything , however sages seemed not know the creator god


The process of creation


The sacrifice of the cosmic person,
Moon comes from the mind of this person, the sun from his eye, the wind from his breath, etc

Human society from sacrifice too, divided into four classes from different parts

1. brahmin priests from his mouth to learn the Vedas and perform rite
2. ruling class from his arms
3. artisans, merchants, farmers from his thighs
4. servant class from his feet

(PS This is Hinduism before the emergence of the Upanishads. The Upanishadic Period in which Buddhism and Jainism emerged will be Part 2 which is coming soon.) There are big differences between Buddhism and Hinduism. There are also similarities. :)


Tuesday, January 25, 2011

သင်္ဘောများ ကုန်းမြေပေါ်တွင် ခုတ်မောင်းနိုင်ပြီ


Bi-Weekly Eleven ဂျာနယ် အတွဲ (၃)၊ အမှတ် (၄၂)၊ စာမျက်နှာ (၈) တွင် ဖော်ပြသော သတင်းတပုဒ်အရ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောများ ကုန်းမြေပေါ်တွင် ခုတ်မောင်းလျက် ရှိသည်ကို တွေ့ရသည်။

အဆိုပါ ကုန်းပေါ်သွား အပျော်စီး သင်္ဘောတွင် လောင်စာဆီ သုံးရန်မလိုဘဲ ခြေထောက်ဖြင့် နင်းရသဖြင့် ကမ္ဘာ့စွမ်းအင် ချွေတာရေး သုတေသီများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဖော်ပြပါ သုံးဘီးတပ်-သင်္ဘောကို အထူး စိတ်ဝင်စားလျက် ရှိကြကြောင်း သတင်းရရှိသည်။

(MinnWaiYan လက်တို့သည်)


ဂျာနယ်တွင် ရှာဖတ်ရန်

Source:
ဇီးကွက်မျက်ပြူး

Electricity Blackout due to Car Accidents



A Rangoon based "News Watch" Journal reported that electricity blackout in Rangoon frequently happened because of car accidents that normally hit the electric lamp-posts. As the lamp-posts fell down because of acciednts, electrical power failure happened, News Watch reported.


According to a survey, there happened 22 million accidents of hitting the lamp-posts within past 22 years in Burma.

ဇီးကွက်မျက်ပြူး site မှာပြန်လည်တင်ပြပါသည်။ Have fun !!! Get rid of your stresses!

Twitter's founder is a Burmese


"Twitter is a Burmese word that is derived from Twot-tee Twitter which is the same meaning in English" said Daw See, a Burmese old lady who is the founder of Twitter Inc in USA.

Her name "Jack Dorsey" is the corrupt-pronounciation of the original Burmese name Daw See.

Having an intention to congratualate the Burmese iT expert and promote Burmese words world-wide, Daw Aung San Suu Kyi, pro-democracy leader of Burma expressed her desire to use "Twitter" just before her release from house-arrest.

Ma Zagar Bauk (her name is mistakenly pronounced as Mark Zuckerberg), another Burmese young lady was unhappy for that news as Daw Aung San Suu Kyi was not interested in her Facebook.

"I am upset for that. I think Daw Suu does not want to use my Facebook because it is not a Burmese word", 26-year-old Burmese young lady told Burma Strange News. She emphasized that she will use Burmese names for her next Social Networking Services.

ဇီးကွက်မျက်ပြူး site မှာပြန်လည်တင်ပြပါသည်။ news and fun!

Sunday, January 23, 2011


Myanmar Motion Picture Academy Awards 2009 Presentation Ceremony was held on 23 January 2001 at Naypyidaw. Here is the list of Winners for Year 2009 Academy Awards;

ဒီနေရာမှာ cgiaward ကိုသွားပြီး ရုပ်ရှင်ထူးချွန် အကယ်ဒမီဆု ရ ဇာတ်လမ်းပြကွက်တွေကို ကိုယ်တိုင် ရူစားနိုင်သလို၊ ဇာတ်လမ်းအကျဉ်းကို လည်း အဲဒီစာမျက်နှာအောက်ဘက်တွင် ပျော်ပျော်ကြီး ဖတ်ရူနိုင်ပါတယ်။


The Best Lead Actor Award = Nay Toe (Moe Nya Eain Myat Phyu)
The Best Best Supporting Actress Award = Soe Pyae Thazin (Moe Nya Eain Myat Phyu)
The Best Sound Award = San Oo and Group (Shadows of the Past)
The Best Cinematography Award = Ko Ko Htay and Group ( Shadows of the Past)
The Best Best Screenplay Award = Myint Oo Oo Myint (Kyo Kyar Taung Pan Khat Than)
The Best Music Award = Di Yar Mo (Zaw Ka Ka Nay Thee)
The Best Best Picture/ Film Award = Kyo Kyar Taung Pan Khat Than
The Best Director Award = Director Mee Pwar (Zaw Ka Ka Nay Thee)
The Best Editing Award = Han Thar Myae Ko Zaw Min (Kyaut Sat Yay)


sengihnampakgigi

Thursday, January 13, 2011

Google translate for language learners and Language Detection

ပြင်သစ်စာ၊ ပေါ်တူဂီ၊ ယိုးဒယား စသည် ဘာသာအားလုံးကို အင်္ဂလိပ် ပြန်ပေးသလို အင်္ဂလိပ် စာကနေလဲ ဘာသာစကားတော်တော် များများကို ပြန်ပေးပါတယ်၊ ဘာသာ စကား သင်ယူနေသူတွေ အတွက် အထူးပဲ အသုံးတဲ.လှပါတယ်။ www.google.com (google search engine) မှာ google translate လို.ရိုက်လိုက်ပါ။ အပေါ်ဆုံး link လေးပါ။

Language detection ဘယ်ဘာသာစကားနဲ.ရေးထားတာတုံး ဆိုတာစုံစမ်းပေးပါတယ်။ Google မှာအပေါ်ကလို language detection လို. ရိုက်လိုက်ပါ။ အပေါ်ဆုံး လင့်ပါ။ ဒီတဲ.ကောင်းတဲ. website တွေဆိုရင် နိုင်ငံအလံနဲ.တောင်ပြသပေးပါတယ်။ အသုံးတယ် မယ်လို. မျှော်လင့်ပါတယ်။




Tuesday, January 11, 2011

အပြည်ပြည် ဆိုင်ရာ ဘောလုံးနည်း ဥပဒေ

ဖတ်ချင်တဲ. page ပေါ်မှာ Right Click နှိပ်ပြီး Open Link in New Tab ထက် နှိပ်ပြီး zoom နဲ.ကြည်.ပါ ခင်ဗျာ.........အပြည်ပြည် ဆိုင်ရာ ဘောလုံးနည်း ဥပဒေ (International Football Rule)

















နဲနဲ ပိုသိသွားတယ် ဆိုရင်ပဲ နဲနဲပိုသိ သွားတာပေါ့နော် ဟီး sengihnampakgigi

Monday, January 10, 2011

Maung P. Htaik

On January 1st, 2011, Maung P. Htaik also known as Samuel was killed during a combat in Helmund, Afghanistan. Helmund is known to be one of the most dangerous provinces in Afghanistan. Htike came to the United States from Burma in 2002. Family and friends say that he died fighting for the country he loved and believed in.

Sunday, January 9, 2011

Myanmar to introduce mandatory military service

Myanmar's military government will introduce a draft for men and women aged 18 and older.

NHK has obtained official documents issued by Myanmar's military government. The documents show that legislation for mandatory military service was enacted on December 17th.

Men aged between 18 and 45, and women aged between 18 and 35 will be drafted into the army for two to three years.

The government requires all people of eligible age, except the physically challenged, to register with local authorities.

Those who fail to register or try to evade the draft face imprisonment of up to five years.

Following last November's general election, the country's first in 20 years, a new parliament is expected to convene as early as the end of January, and establish, in appearance, a civil government.

Analysts say the move indicates the military government's effort to maintain its influence by familiarizing people with the military.

The last-minute decision to introduce the draft system before the new government's inauguration is likely to stir protests from the public.

Fri, 07 Jan 2011 19:28:00 +0900(JST)
(JST: UTC+9hrs.)
မြန်မာအစ
Articles, KnowledgeEditor

* ဦးဘမော် (မန္တလေးတက္ကသိုလ်)

၁၉၈၅ ခု ဇန်ဝါရီလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မန္တလေးတက္ကသိုလ် ဘူမိဗေဒ တွဲဖက်ပါမောက္ခ ဆရာကြီးဦးဘမော်၏ ဆောင်းပါးဖြစ်ပါသည်။ စာတမ်းပါ အမြင်များသည် ဆရာကြီး ၏ ထိုစဉ်က ခေတ်ပြိုင်အမြင်များဖြစ်ကြပြီး နှောင်းလူတို့ လေ့လာသုတေသနပြု ဆင်ခြင် သုံးသပ်ဖွယ်ဖြစ်ပါ၍ ပြန်လည် ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော မြန်မာ၊ မွန်၊ ကချင်၊ ရှမ်း၊ ကရင်တို့ဖြစ်ပေါ်လာပုံ အကြောင်း ကို လွန်ခဲ့သော အနှစ် ၆၀လောက်ကပင် အစဉ်တစိုက် သမိုင်းပညာရှင် သုတေသီတို့များက ဖော်ထုတ်ခဲ့ကြသည်။ ၎င်းတို့မှာ ဟာဗေး၊ စကော့၊ မေဆင်၊ မာရှယ်၊ ဟန်တား၊ ဖရေဇာ၊ ဟာနီဘောခရစ်တီရင်၊ လူးဝစ်၊ ဖေမောင်တင်၊ ဟောလ်၊ ကေလစ်၊ မောင်မောင်၊ ဂျွန်စတုန်း၊ တရက်လာ၊ လုစ် အစရှိသူတို့ဖြစ်သည်။ ၎င်းတို့က တညီတညွတ်တည်းလိုပင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ မွန်ဂို၊ တရုတ် အစရှိသည့် တိုင်းပြည်အမျိုးမျိုးမှ ၀င်ရောက်လာကာ နေထိုင်ကြသည်ဟု အဓိပ္ပာယ်ရရှိသော “ရေကြည်ရာ၊ မြက်နုရာ ရွေ့လျားသွားလာ နေထိုင်သည်ဟူသော အယူအဆ” ကိုပထမဆုံး ဖော်ထုတ်ခဲ့ကြသည်။
ဤပုဂ္ဂိုလ်ကြီးများ တင်ပြခဲ့သည့် အယူအဆသည် သမိုင်းဘာသာရပ်ဆိုင်ရာ သက်သေအထောက်အထားများ ဖြစ်ကြသော စေတီဘုရား၊ ကျောက်စာ၊ ဝေါဟာရစကား၊ ဓလေ့ထုံးတမ်းများဖြင့် တင်ပြခြင်း၊ ထိုပုဂ္ဂိုလ်ကြီးများသည် အရင်းရှင်လွှမ်းမိုးချိန် တင်ပြချက်များဖြစ်ခြင်း၊ နိုင်ငံခြားဂျာနယ်များ၌ ယင်းပုဂ္ဂိုလ်တို့၏ရေးသားတင်ပြချက်များကို တရားဝင်ရေးသားပုံနှိပ်ထုတ်ဝေခွင့်ရခြင်း၊ မြန်မာပညာရှင်တို့သည် ယင်းပုဂ္ဂိုလ်များ၏ ရေးသားဖော်ပြချက် များကို ပြန်လည်ချေပနိုင်သော ခိုင်လုံသည့်သက်သေ အထောက်အထားများ မတွေ့သေးခြင်း၊ များစွာသောထိုပညာရှင် များကလက်ခံလာခဲ့သော အယူအဆတစ်ခုကို ပစ်ပယ်ရဲသော သတ္တိအားနည်းခြင်း စသော အကြောင်းများကြောင့် “မြန်မာတို့သည် တိုင်းတပါးမှ ၀င်ရောက်လာပါသည်” ၊“မြန်မာအစ တကောင်းက” နှင့်၊ “မြန်မာအစ ကျောက်ဆည်က” စသည့်အဆိုပြုချက်များ ပေါ်ပေါက်လာခဲ့သည်။


ယင်းအယူအဆများကို မိမိတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်များဖြစ်သည့်အတိုင်း ရှေးနှစ်ပေါင်းအတော်ကြာကာလမှ ယနေ့အထိစွဲမြဲစွာ ယုံကြည်ခြင်း၊ အခြားတင်ပြချက်ပေါ်လာပါက နိုင်ထက်ကလူပြုကာ အကျောက်အကန် အရှိန်အ၀ါပြ၍ ငြင်းပယ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ လက်မခံနိုင်လောက်သော ဆင်ခြေပြု၍ ငြင်းချက်ထုတ်ခြင်းတို့ဖြင့် အချိန်အတော်ကြာသည်အထိ ဤအယူအဆကို ထိန်းသိမ်းလက်ခံခဲ့ကြပါသည်။
ယခုတင်ပြမည့် “မြန်မာအစ သမိုင်းမတိုင်မီက” အယူအဆသစ်သည် ဘူမိသိပ္ပံနှင့် မနုဿဗေဒ ရှုထောင့်မှ တွေ့ရှိလေ့လာထားချက်များကို အများပြည်သူ ရှင်လူအပေါင်းနှင့်တကွ ကျောင်းသားလူငယ်များကို ရှုထောင့်နှစ်မျိုးမှ အမြင်ကြည်လင်စွာဖြင့် ခံယူချက်အမှန်ရောက်အောင် ရည်သန်လျက် ရေးသားတင်ပြပါသည်။ ဤတင်ပြချက်တွင် ပထမဦးစွာ တင်ပြခဲ့သော ပညာရှင်များ၏ တင်ပြချက်နှင့် ယခုစာရေးသူ၏ အသစ်တွေ့ရှိချက်နှင့် ဆွေးနွေးတင်ပြချက်များကို စာရှုသူတို့ ဖတ်ရှုနှိုင်းချိန်နိုင်ရန် ရေးသားထားပါသည်။
မြန်မာလူမျိုး တိုင်းရင်းသားများ ပေါက်ဖွားဖြစ်ပေါ်ပုံဆင့်ကဲဖြစ်စဉ်ကို ဆက်လက်တင်ပြပါမည်။ မြန်မာနိုင်ငံ ပုံတောင်ဒေသ ယခုတွေ့ရသော အဆင့်မြင့်လူနှင့် လူဝံမျိုးနွယ် ပရိုင်းမိတ်၊ ပုံတောင်ဂျီးယားကော်တာရိုင်း နှင့် အင်ဖီပိသိကပ်မိုးကောင်းဂျင်းနစ် တို့တွေ့ရှိရာဒေသဖြစ်သည်။ ဒေသ၏ ဘူမိသက်တမ်းသည် နှစ်ပေါင်းသန်း (၄၀) ခန့်က ဖြစ်၍ ကမ္ဘာပေါ်၌ အဆင့်မြင့်ပရိုင်းမိတ်အမျိုးအစားကို နှစ်အစောဆုံး တွေ့ရသည့် တစ်ခုတည်းသော နိုင်ငံသည် မြန်မာနိုင်ငံသာဖြစ်ပါသည်။
ဘူမိသက်တမ်း နှစ်ပေါင်းသန်း (၄၀) ခန့်မှ မွန်ဂိုလီးယားနိုင်ငံ၌ မြန်မာနိုင်ငံပုံတောင်မှ တွေ့ရသောကျောရိုးရှိ သတ္တ၀ါအုပ်စု၊ ရေမြင်း၊ ကြံ့၊ မိချောင်း အစရှိသည်တို့ကိုတွေ့ရသော်လည်း အဆင့်မြင့်ပရိုင်းမိတ်တို့ကိုမူ မြန်မာနိုင်ငံ ကဲ့သို့မတွေ့ရချေ။ ပုံတောင်သာလျှင်တစ်ခုတည်းသော လူဝံနှင့် လူမျိုးနွယ် အဆင့်မြင့် ပရိုင်းမိတ်တွေ့ရှိရာဒေသ ဖြစ်ပါသည်။
ထို့ကြောင့် လူ၊ မျောက်ဝံ၊ လူဝံတို့၏ အဆက်အနွယ်မှပေါက်ဖွားဆင်းသက်လာခဲ့ကြပုံအတိုင်းအစီစဉ်ဖြင့် ဖော်ပြရမည်ဆိုပါလျှင် ပရိုပလိုင်ယိုပိသိကပ်၊ အီဂျစ်တိုပိသိကပ်၊ ဒရိုင်ယိုပိသိကပ်၊ ရာမာပိသိကပ်၊ စီဗာပိသိကပ်၊ သြစတြေးလိုပိသိကပ်၊ ဂျိုင်ဂင်တိုပိသိကပ်၊ ဟိုမိုအီရက်တပ်၊ ဂေါ်ရစ်လာ နှင့်လူ ဟူ၍ အသီးသီးကွဲပြား၍ ဖြစ်ကြပါသည်။ ယင်းတို့၏စတင်ပေါက်ဖွားသော အခြေခံအစပျိုးသည့် အဆင့်မြင့်ပရိုင်းမိတ်မျိုးမှာ ပုံတောင်ဂျီးယားနှင့် အင်ဖီပိသိကပ်တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ ရွှေမြင်တင်တောင်ပေါ်ရှိ နွယ်ခွေ ကျေးရွာအနီး၌ လူရိုး ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်သည့် အံသွား၊ ရှေ့အံသွားနှင့် အပေါ်မေးရိုးတွဲလျက်အနေအထားအတိုင်း တွေ့ရှိခြင်းသည် “လူဆင့်ကဲဖြစ် စဉ်၌ ဦးစောပိုင်းနှင့် နှောင်းပိုင်းဆက်နွယ်မှုကိုစတင်တွေ့ရခြင်းဟု ဆိုနိုင်ပါသည်။
ဤတွေ့ရှိထားသောလူကျောက်ဖြစ်ရုပ်ကြွင်းကို “ဘားမားမင်း” ဟုအမည်မှည့်ခေါ်ထားပါသည်။ ဤ ဘားမား မင်းသည် “ပီကင်းမင်း” တို့နှင့် တချိန်တည်းလောက်ကပေါ်ပေါက်လာနိုင်သည်။ ဤနွယ်ခွေဒေသမှကျောက်ဖြစ် ရုပ်ကြွင်းများသည်း ပီကင်းလူတွေ့ရှိသော တရုပ်ပြည် ဇောင်ဂိုဒီယမ် ကျောက်လိုဏ်ဂူ၌တွေ့ရသော နွား၊ ခွေး၊ သမင်နှင့် ချေတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ထပ်တူထပ်မျှ တူညီနေသည်ကို တွေ့ရပါသည်။ ဤတွေ့ရှိချက်များသည် နှိုင်းယှဉ်လေ့လာမှုအတွက် အထောက်အထားဖြစ်ပါသည်။
ဆက်လက်၍ ယခုတင်ပြလိုသည်မှာ မြန်မာနိုင်ငံ၌ တွေ့ရှိခဲ့သော အခြေခံအဆင့်မြင့် ပရိုင်းမိတ်အမျိုးအစား ကို တရုတ်ပြည်၌မတွေ့ရသေးသဖြင့် လူ၏ဆင့်ကဲဖြစ်စဉ်စတင်ရာဒေသသည် မြန်မာနိုင်ငံသာဖြစ်မည်ဟု ကောက်ချက် ချရပါမည်။ ထို့ကြောင့်မြန်မာသည် မွန်ဂိုတရုတ်နွယ်မှ ဆင်းသက် လာခြင်းမဟုတ်ပဲ မွန်ဂိုတရုတ် အစရှိသည့်လူမျိုးများ သည်ပင် မြန်မာနိုင်ငံမှ ယင်းဒေသများသို့ ရေကြည်ရာ၊ မြက်နုရာ ရွှေ့သွား နိုင်စရာ အကြောင်းရှိပါသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့ ပေါ်ပေါက်ပုံအကြောင်းနှင့် ပတ်သက်၍ သမိုင်းပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များနှင့် ရှေးဟောင်းသုတေသန ပညာရှင်များသည် ထင်မြင်ယူဆချက် အမျိုးမျိုးကွဲလွဲခဲ့ကြသည်။ ထိုသို့ကွဲလွဲချက်များသည် သပွတ်အူကဲ့သို့ ရှုပ်ထွေးစေခဲ့ပါသည်။ ဤအခြေအနေများကို ယခုတွေ့ရှိရသော မြန်မာလူသားကျောက်ဖြစ်ရုပ်ကြွင်းက အဆုံးသတ် ဖြေရှင်းသွားပေလိမ့်မည်။ လူအများလက်ခံထား သော သမိုင်းပါမောက္ခဟာဗေး၏ မြန်မာလူမျိုးများပေါ်ပေါက်ပုံ အကြောင်းကို ပဏာမ တင်ပြပါမည်။ မြန်မာနိုင်ငံအတွင်း အစောဆုံးဝင်ရောက်နေထိုင်ခဲ့သော လူမျိုးတို့သည် “အင်ဒိုနီးရှား”လူမျိုးများဟုဖော်ပြသည်။ သို့ရာတွင် ယဉ်ကျေးမှု အထောက်အထားမရှိဟု အဆိုရှိပါသည်။ အချိန်ကာလကြာမြင့်သည့်အခါ တရုတ်ပြည်အနောက်ပိုင်းမှ ၀င်လာသော မွန်ဂိုများ လွှမ်းမိုး၍ပျောက်ကွယ်သွားခဲ့ပါသည်။ ဤအမျိုးအနွယ်များမှ “မွန်” လူမျိုးများဆင်းသက်ပေါက်ဖွားလာသည်။
တိဘက်ပြည်အရှေ့ပိုင်းမှ လူမျိုးတစ်မျိုးသည် တောင်ကြားများကိုဖြတ်ကျော်၍ မြစ်များစီးဆင်းရာမြစ်ကြောင်း အတိုင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ခဲ့ကြသည်။ ဤလူမျိုးတို့သည် “တိဘက်တိုဘားမင်း” လူမျိုးများဖြစ်ကြောင်း ဟားဗေးက အခိုင်အမာရေးခဲ့သည်။ ဆက်လက်ဖော်ပြသည်မှာ ယင်းတိဘက်တိုဘားမင်းတို့သည် “သမိုင်းမတိုင်မီ နှစ်ပေါင်း ၅၀၀၀” ခန့်က၀င်ရောက်ခဲ့သည်ဟုဆိုခဲ့သည်။
သို့သော်ယခုတွေ့ရသောလူ၏ကျောက်ဖြစ်ရုပ်ကြွင်းက ဤတိဘက်တိုဘားမင်းထက် နှစ်ပေါင်းသိန်းနှစ်ချီ၍ စောလျက် “ဘားမားမင်း” ရှိနေကြောင်း သက်သေအထောက်အထားအခိုင်အမာတင်ပြနိုင်ခဲ့ပြီ။ ထို့ကြောင့် မြန်မာသည် မြန်မာကစသည်။ “မြန်မာအစ သမိုင်းမတိုင်မီက” ဟုအဆိုပြုချက်သည် လုံးဝမှန်ကန်ပါမည်။။ ယခင်က ဟာဗေး၏ အရင်းရှင်ခေတ်နှင့်လျော်ညီသော ထင်မြင်ယူဆချက်များကို လူများက ယုံမှား သံသယနှင့် လက်ခံခဲ့ကြ ရပေသည်။
ဟာဗေး၏အဆိုပြုချက်ကို ဆက်လက်ရေးသားပါမည်။ “မွန်” တို့သည် ဟင်္သာတမြို့ တောင်ဘက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ နေထိုင်ခဲ့ကြပါသည်။ တိဘက်တိုဘားမင်းတို့မှ ပျူ၊ ကရင်နှင့် ရခိုင်တို့ ဆင်းသက်ပေါက်ဖွားကြ သည်။ သက်မျိုးနွယ်မှ ချင်းနှင့် ရခိုင်တို့ ဆင်းသက်လာသည်။ ပျူတို့သည် ယခုအချိန်ပျောက်ကွယ်သွား၍ လက်ရှိ “မြန်မာ” တို့၏မူလအဆက်အနွယ်မဖြစ်နိုင်ဟု ဟာဗေးက ယူဆသည်။ ပျူလူမျိုးပျောက်ကွယ်ခြင်းဟုမယူဆသင့်ပါ။ ပျုအခေါ်အဝေါ်မှ “မြန်မာ”သို့ ပြောင်းလဲခေါ်ခြင်းသာဖြစ်နိုင်သည်။ ဘူမိဗေဒပါမောက္ခ ဒေါက်တာသိန်းအဆိုအရမူ “မြန်မာ” များသည်နှစ်ပေါင်းတစ်ထောင်ခန့်ကမှ စတင်ပေါ်ပေါက်ခဲ့သည်။ ယခုမြန်မာတိုင်းရင်းသားလူမျိုးတို့သည် ရွှေမြင်တင်တောင်မှ စတင်အစောဆုံးပေါ်ပေါက်ခဲ့သော “ဘားမားမင်း” ဟူသောအယူအဆမှာ “ပြဒါးတလမ်း သံတလမ်း” ဖြစ်ကြောင်း မှတ်ချက်ရေးသားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရွှေမြင်တင်တောင်မှ တွေ့သော “ဘားမားမင်း” သည် ဟာဗေး၏တိဘက်တိုဘားမင်းထက် နှစ် ပေါင်းသိန်းသောင်းစော၍ ပေါ်ပေါက်ခဲ့သည် ဟူသောအထောက်အထားမှာ ငြင်းဆိုရန်အကြောင်းမရှိချေ။
မြန်မာများသည် မိုးခေါင်ရေရှားရပ်ဝန်းဖြစ်သော မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်၏၀ဲယာမြေပြန့်လွင် ပြင်ဒေသများ၌ နေထိုင်ခဲ့ကြသည်။ မြန်မာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ မွန်လူမျိုးတို့ မြန်မာပြည် တွင်းသို့ ၀င်ရောက်လာခြင်းမှာ မိုးခေါင်ခြင်း၊ အစာရှားပါးခြင်း၊ လူဦးရေ တိုးပွားများပြားလာခြင်း စသည်တို့ကြောင့် တဖြည်းဖြည်း မြောက်ဘက်မှ တိုးဝင်လာကြရာ ရှေးယခင်က ၀င်ရောက်နေထိုင်ခဲ့သော လူမျိုးများကိုတောင်ဘက်သို့ တဖြည်းဖြည်း ရွေ့လျား၍သွားစေသည်။ လူအုပ်စုများသည် တစ်စုပြီးတစ်စု ဆက်ကာရောက်လာကြသည်။ ဤကဲ့သို့ဝင်ရောက်လာသော အချိန်သည် ခရစ်တော်မပေါ်မီ အချိန်က စတင်မည်ဟုဟာဗေးကခန့်မှန်းတင်ပြခဲ့သည်။
၎င်း၏ အဆိုအရ ရှမ်းလူမျိုးများသည် ရှမ်းကုန်းမြင့်မှ မြန်မာနိုင်ငံမြေပြန့်အရပ်သို့ ခရစ်နှစ် (၁၃)ရာစုနှစ်တိုင် အောင်ဝင်ရောက်နေထိုင်ခြင်း မပြုချေ။ ကချင်လူမျိုးများ မြောက်ဘက်မှ တဖြည်းဖြည်းဝင်ရောက်လာမှုကို အင်္ဂလိပ် အစိုးရက မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး (၁၉)ရာစု အကုန်လောက်ရောက်မှ ပိတ်ပင်တားမြစ်ခဲ့ရသည်။ ကယားလူမျိုးများ နှင့် ကရင်လူမျိုးတို့သည် ရှမ်းကုန်းမြင့်၏ တောင်ဘက်ဒေသများ၌ နေထိုင်ပြီးဖြစ်ကြသည်။
ဟာဗေး၏ဆက်လက်တင်ပြချက်မှာ မြန်မာတို့သည် လူများစုဖြစ်၍ မွန်ဂိုအဆက်အနွယ်များဖြစ်ကြသည်။ သို့ရာတွင်မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့စသည်တို့မှာ တရုတ်၊ မွန်ဂိုတို့နှင့်မတူချေ။ ဗုဒ္ဓဘာသာကိုးကွယ်ခြင်းနှင့် စာပေ၊ ယဉ်ကျေးမှုတို့သည် အိန္ဒိယနိုင်ငံ ဟိန္ဒူများနှင့် တူကြ သည်။ ကိုးကွယ်သည့်ဘာသာ၊ စကား နှင့် စာပေတို့ သည် ပါဠိနှင့် သက္ကတတို့ဖြစ်ကြ၍ ဟိန္ဒူဘာသာစကားနှင့်ဆိုင်ရာ အမည်အခေါ်ဝေါဟာရ များကို ဧရာဝတီမြစ်ဝကျွန်း ပေါ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့၌တွေ့ရသည်။
အိန္ဒိယနိုင်ငံမှ ဟိန္ဒူယဉ်ကျေးမှုသည် ၀င်ရောက်လာသော လူမျိုးများနှင့်အတူရောက်ရှိလာခြင်းမှာ မှန်ကန်နိုင် ပါသည်။ သို့သော်ယခုတွေ့ရသော ဘားမားမင်းကျောက်ဖြစ်ရုပ်ကြွင်းက အခိုင်အမာပြောပြနေသောကြောင့် မြန်မာ နိုင်ငံ တိုင်းရင်းသားတို့သည် ဤပြည်တွင်းမှာပင် စတင်ပေါက်ဖွား သူများဖြစ်ကြသည်ဟု ဆိုနိုင်ပါသည်။
ဥဿာပဲခူးအမည်သည် အိန္ဒိယနိုင်ငံ သြရစ္ဆပြည်နယ်မှ စကားအသုံးအနှုန်းဖြစ်သည်။ ထို့ကြောင့်ပဲခူးသည် အိန္ဒိယနိုင်ငံ၏ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်ခဲ့ဘူးသည်ဟုဟာဗေးကကောက်ချက်ချသည်။ ကိုလိုနီနိုင်ငံထူထောင်ခြင်းသည် ဒေသခံလူမျိုးများကို အာဏာလွှမ်းမိုးခြင်းဖြစ်၍ မူလကပင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့ကို အိမ်နီးခြင်းနိုင်ငံ၏ ယဉ်ကျေးမှုအယူဝါဒသြဇာလွှမ်းမိုးမှုခံရခြင်းကိုမူမငြင်းလိုပါ။ သို့သော် ဒေသခံလူမျိုးများသည် မြန်မာတိုင်းရင်းသားလူ မျိုးများသာဖြစ်ကြပါသည်။ တိုင်းတပါးသားအုပ်ချုပ်မှုကိုကား အများပြည်သူက လက်ခံဖွယ်မရှိ။
ခရစ်တော်မပေါ်မီနှစ်ပေါင်း (၂၆၀) ကအသောကမင်းလက်ထက်မှအစပြုလျက် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားမှုသည် ထိစပ် နေသော မြန်မာနိုင်ငံအတွင်းသို့သာမက တရုတ်ပြည်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံနှင့် ယိုးဒယားတို့အထိ ရဟန်းရှင်လူများသာသနာပြုရန် ရောက်ရှိသွားကြသည်။ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းမှာ ပထ၀ီအနေအထားအရ အာသံပြည်ဘက်မှ အနောက်ဘက်တောင်တန်းကိုဖြတ်၍ တောင်ကြားလမ်းမှ ၀င်ခဲ့ကြသည်။ အခြားလမ်းကြောင်းမှာ ဘင်္ဂလားပင်လယ်ကိုဖြတ်၍ မြစ်ဝကျွန်းပေါ်ဒေသမှ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ “တလိုင်းလူမျိုး” ဟုခေါ်ခြင်းမှာ အိန္ဒိယပြည်တောင်ပိုင်းစကားအသုံးအနှုန်း တရပ်မှ ဆင်းသက်လာဖွယ်ရှိကြောင်း ဟာဗေးက ရေးသားခဲ့ သည်။ “တလိုင်း” အမည်ကို ကျွန်ုပ် တို့၏ပင်ရင်းစကား “မွန်” နှင့်တွဲ၍ “မွန်”၊ “မွန်-တလိုင်း” ဟုခေါ်သောကြောင့် ဤစကားလုံးကိုဆန်းစစ်ကြည့်က ကျွန်ုပ်တို့မှာ မူလကပင် “မွန်” စကားလုံးရှိနေခြင်းသည် ခိုင်မာသောကြောင့် မြန်မာ နိုင်ငံ၌ ဒေသခံတိုင်းရင်းသားများ ရှိနေကြောင်းကို ထပ်ဆင့်တင်ပြလိုပါသည်။
ခရစ်နှစ် (၅)ရာစုလောက်တွင် ဗုဒ္ဓဘာသာထွန်းကားမှုသည် အိန္ဒိယပြည်၏ အရှေ့ဘက်နိုင်ငံများသို့ မြန်မာ နိုင်ငံအပါအ၀င် ပြန့်ပွားခဲ့သည်။ သို့သော်ဤထွန်းကားမှုသည် လူ့သမိုင်းဖြစ်စဉ် “အညာသီရံယဉ်ကျေးမှု” ခေတ်ထက် နှစ်ပေါင်းသောင်းနှင့်ချီ၍ နောက်ကျသည်။ မြန်မာ့ဘူမိသိပ္ပံပညာရှင် ကထိကဦးသော်တင့်က တင်ပြဖူးသည်မှာ မြန်မာ နိုင်ငံ၏ အညာသီရံယဉ်ကျေးမှု မြန်မာနိုင်ငံ၏ အညာသီရံ ယဉ်ကျေးမှုကာလဖြစ်သော ကျောက်ခေတ်ဦးမှသည် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်းနှင့် သမိုင်းတင်သည်အထိ မူလကိုပင် ယဉ်ကျေးမှုများဆက်လက်တိုးထက် ထွန်းကားနေခဲ့သည်။ လူတို့၏ နေထိုင်ရာဒေသကြီးများ၌လည်း ယခုထိပြောင်းလဲ ရွေ့လျားခြင်းမရှိ၊ အစဉ်ဆက်လက် နေထိုင်ခဲ့ကြသည်။ ဤဗုဒ္ဓဘာသာပြန့်ပွားသည့်နှစ်ထက်စော၍ နှစ်ပေါင်း ထောင်သောင်းအချိန်ကစပြီး “မြန်မာတိုင်းရင်းသား များ ပေါ်ပေါက်ခဲ့ကြောင်း” ကျောက်လက်နက်အထောက်အထားဖြင့် တင်ပြနိုင်ပါသေးသည်။ အာရှတိုက် အရှေ့တောင်ပိုင်း နိုင်ငံများသို့ ဗုဒ္ဓဘာသာ ပြန့်ပွားခြင်းကြောင့် မြန်မာနိုင်ငံသို့ တစိတ်တဒေသအားဖြင့် အိန္ဒိယနိုင်ငံ သားများဝင်လာကြလိမ့်မည်ဟု အချို့သော သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြသည်။
ဟာဗေး၏အဆိုအရ (၉)ရာစုနှစ်လောက်တွင် မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် ရခိုင်ပြည်တို့ ကိုစတင်ဝင်ရောက်ခဲ့သည်။ ယင်းမြန်မာတို့သည် တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်နယ်မှ ၀င်ရောက်လာခဲ့ကြ သည်။ ခရစ်နှစ် ၈၃၅-ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် အထက်ပိုင်း၌နေထိုင်သော “ပျူ” လူမျိုးတို့ကို တိုက်ခိုက် ချေမှုန်းပစ်ခဲ့သည်။ ဤအကြောင်းကြောင့် “ပျူ”လူမျိုးများပျောက်၍ “မြန်မာ” လူမျိုးပေါ်လာနိုင်သော်လည်း ဤအယူ အဆတင်ပြချက်ကို လက်ခံနိုင်စရာအကြောင်းမရှိချေ။ “ပျူ” တစ်မျိုးလုံးပျောက်ကွယ်၍ လူမျိုးတုံးသည်အထိ သတ်ဖြတ်ခံရကြောင်း ခိုင်လုံသော သက်သေအထောက်အထား လုံးဝမရှိခဲ့ချေ။ ယခုမြန်မာလူမျိုးများသည် ယခင်က “ပျူ”လူမျိုးများ၏ သားစဉ်မြေးဆက်ဖြစ်ကြပေမည်။ “ပျူ” မှ မြန်မာသို့တဖြည်းဖြည်းအခေါ်အဝေါ်ပြောင်းလဲခြင်းဖြစ် သည်။ “ပျူ”အခေါ်ကို အသုံးနည်းပြီးပျောက်ကွယ်သွားသည်။ ကျွန်ုပ်တို့အားအခြားတိုင်းတပါးနိုင်ငံတို့က အစဉ်အဆက် လူမျိုးအမည်နာမ သတ်မှတ်ချက်မှာ ခေတ်အလိုက် ပြောင်းလဲကွာခြားခဲ့မည် ဖြစ်သော်လည်း လူမျိုးကြီးတစု၏ မျိုးနွယ် ပေါက်ဖွားသက်ဆင်းခြင်းနှင့် ပင်မယဉ်ကျေးမှုကိုကား မည်သည့် အန္တရာယ်၊ မည်သူများကမှ ဖျောက်ဖျက်နိုင်မည် မဟုတ်ပေ။ လူမျိုးစုကြီးတခုလုံး ပျောက်သွားနိုင်မှုမှာ အဏုမြူခေတ်၌ပင်မဖြစ်နိုင်ပါ။
အစောဆုံးမြန်မာလူသားပေါ်ပေါက်ပုံကို ဆက်လက်တင်ပြပါဦးမည်။ ဤထင်မြင်ယူဆချက်နှင့်ပတ်သက်ပြီး “ပလိုင်ရက်စတိုဆင်း” ရေခဲခေတ် အတွင်း မြန်မာနိုင်ငံကိုဗဟိုပြု၍ ဂျဗားနှင့် ပီကင်းတို့သို့ လူမျိုးနွယ်များရွေးသွားနိုင် ဖွယ်ရှိခဲ့ကြောင်း ဒီတားရားနှင့် ဟယ်လင်မိုးဗီးယပ် တို့ကမြေပုံအထောက်အထားဖြင့် တင်ပြခဲ့ဖူးပါသည်။ သို့သော်ထို အဆိုကိုတင်ပြစဉ်အချိန်က ကျောက်ဖြစ်ရုပ်ကြွင်းဖြင့် အခိုင်အမာ သက်သေ မပြနိုင်သဖြင့် ထိုအဆိုမှာ မထင်မရှားဖြစ်ခဲ့ ရသည်။
ယခုအချိန်၌ကား “ဘားမားမင်း” ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိထားပြီးဖြစ်သောကြောင့် အထက်ပါအဆိုကို အခိုင်အမာ လက်ခံယုံကြည် သင့်ပါသည်။
ဆက်လက်တင်ပြလိုသည်မှာ အချို့သောမြန်မာဘူမိဗေဒပညာရှင်များက ပလိုင်ရက်စတိုဆင်းခေတ်ကမြန်မာ နိုင်ငံ၌တွေ့ရသော ဘားမားမင်း၏ ဘူမိသက်တမ်း သတ်မှတ်ချက်ဖော်ပြပုံကို ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ငြင်းဆိုကြသည်။ အချို့သော ဘူမိဗေဒပညာရှင်များက ရေဒီယိုဓါတ်ကြွနှုန်းသတ္တိကိုသုံး၍ တိုင်းတာသင့်ကြောင်း တင် ပြဆွေးနွေးဖူးသည်။ ဘူမိအချိန်ပြဇယား၌ ပလိုင်ရက်စတိုဆင်းနှစ်သက်တမ်းကို နှစ်အရေအတွက်အားဖြင့် နှစ်ပေါင်း နှစ်သန်း (၂-သန်း)ခန့်ကြာသည်ဟုခန့်မှန်းသည်။ ဤသက်တမ်းသည်ဘူမိအချိန်ပြဇယား၌ နှစ်အနည်းဆုံး နှင့် အသက် အနုဆုံး အပိုင်းအခြားဖြစ်သည်။ ထို့ကြောင့် ဘားမားမင်းကိုသက်တမ်းသတ်မှတ်ရာ၌ ရေဒီယိုဓါတ်ကြွနှုန်းသတ္တိ တိုင်းတာခြင်းကို အထူးမပြုနိုင်မီ “ပလိုင်ရက်စတိုဆင်းသက်တမ်းအပေါ်ဆုံးအပိုင်း” ခန့်မှန်းခြေနှစ်ပေါင်း တစ်သန်းခန့် ဟုသတ်မှတ်ခြင်းသည် အမှန်ဆုံးနှင့် အသင့်လျော်ဆုံး ဖြစ်ပါသည်။
ဘားမားမင်းသည် ကျောက်ခေတ်ဦးမတိုင်မီကပင် ပီကင်းမင်းနှင့် ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သော ဟိုမိုနစ် လူ အမျိုးအစား ဖြစ်သည်။ ဘားမားမင်းနှင့်အတူ ခွေးအံသွားကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရသည်။ ခွေးကိုအမဲလိုက်ရန် အတွက် အသုံးပြုပြီဟု ယူဆရသည်။ သမင်၊ နွား၊ ချေ အစရှိသည့် သတ္တ၀ါတို့၏ အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းများကို ဘားမားမင်းနှင့် အတူတွေ့ရသည်။ ဤအရိုးစုကျောက်ဖြစ်ရုပ်ကြွင်းများသည် ဘားမားမင်းတို့ ဖမ်းယူစားသောက်ပြီး ကြွင်းကျန်သော အရိုးများဖြစ်ကြသည်။ ဤအချက်သည် ပီကင်းမင်းကဲ့သို့ ဘားမားမင်းသည် အမဲလိုက်ခြင်း နှင့် အသက်မွေး၍ နေထိုင်ကြောင်းသိရသည်။ ပီကင်းမင်းနှင့်နေထိုင်ပုံကွာခြားသည်။ ပီကင်းမင်းသည် ဇောင်ဂိုဒီယမ် ကျောက်ဂူ၌ နေခဲ့သည်။ ဘားမားမင်းသည် ရေအလွယ်တကူရနိုင်သော ချောင်းဘေးကုန်းမြင့်ပေါ်၌ နေထိုင်ခဲ့သည်။ ကျောက်ဖြစ်နေသော အပိုင်းအစများစွာတွေ့ရသောကြောင့် ဘားမားမင်းသည် အုပ်စုဖွဲ့၍နေထိုင်ကြမည်။
ဘားမားမင်းသည် ယခုလက်ရှိမြန်မာနိုင်ငံ တိုင်းရင်းသား မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်တို့၏ သမိုင်းမတင်မီ ကာလကပင် ပေါ်ပေါက်နေထိုင်ခဲ့သော လူမျိုးအဆက်အနွယ်ရင်းဖြစ်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီက အလေးအနက်လက်ခံယုံကြည်သည်။ ၁၉၈၃-ခု စက်တင်ဘာလ ပထမအကြိမ်ထုတ်ဝေသော “သိင်္ဂါနဒီမြန် ပြည်မြောက်ဖျားသို့” စာအုပ်စာမျက်နှာ ၆၀၃-၆၀၄ ၌ မြန်မာပြည်ဖွား တိုင်းရင်းသားများသည် အမိမြန်မာနိုင်ငံအတွင်းရှိ ဘားမားမင်းနှင့် တပြိုင်တည်း ပေါက်ဖွားခဲ့ကြသော လူမျိုးနွယ်များဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထို့ကြောင့် မုံရွာမြို့နယ် နှင့် ချောင်းဦးမြို့နယ်ကြားမှ မုံရွေးကျေးရွာ၏ အရှေ့ဘက်ရှိ ရွှေမြင်တင်တောင်တန်းသည် မြန်မာလူသား ဘားမားမင်း စတင်နေထိုင်ပေါ်ပေါက်ခဲ့သော ဒေသတခုအဖြစ်မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ တိုင်းရင်းသားအပေါင်းတို့သည် သမိုင်းမတိုင်မီကပင် နှစ်ပေါင်းသောင်းနှင့်ချီ၍ မြန်မာပြည်တွင်းမှ စတင်ပေါက်ဖွားခဲ့၊ နေထိုင်ခဲ့ကြသော လူမျိုးစုများ ဖြစ်ကြသည်ဟူသော အဆိုပြုချက်ကို အလေးအနက်တင်ပြပါသည်။

(Myanmar type courtesy by Ko Saw Kyaw Htike (2002, DGGL).
Source: Myanmar Geology Friends မှပြန်လည် တင်ပြခြင်းသာဖြစ်ပါသည်။

Friday, January 7, 2011

အကောင်းဆုံး ရုံတင်နေသော အင်္ဂလိပ် ရုပ်ရှင်ကားများ free download (movies like TRON Legacy 3D, The Tourist, The Chronicles of Narnia )

the name of the website is www.mediafiremoviez.com

there u will see many of movies. You can try searching by typing the correct name in the left top of the web.. or you just see through the list of the movies shown in above right corner of the web.

You might wonder where you have to download this movie. Just click the Title of the movie on the top or click read the rest of this entry in the below.

There you will get download links. Most of the movie come in 3 or 4 parts. First copy and then paste the first link and there download that file. then 2nd and 3rd and then the 4th. Most of the part 3 of any movie gonna ask you the password. Dun worry you will see the password on the page or just type mediafiremoviez.com ( it is the permanent password)

When You finish donwloading 4 files .. you will need a small and tiny program called 7zip which can be download free at http://www.7-zip.org/download.html this link and choose the .exe for microsoft windows xp or windows 7 users. then install it!

Now you have download both movie files and the 7 zip program.

select all 4 movie files and then .. open with 7 zip program.. and then extract the files into the Movie you are gonna watch it..

there are some codes for the movies. I will show you in list.

DVD rip - which is a dvd quality movie.
BR rip - Which is better than dvd quality ( a bigger file size but worth downloading)
Blu Ray - It is the best quality
and RS or T5 - those quality will be sucks.( it the camera copy at the cinema)

I hope you will enjoy using this website and the instructions.


From a friend's email

ကျွန်တော်ကိုယ်တိုင် လက်ရှိ ရုံတင်ကားပေါင်း ၄၀ ကျော်ကို download ပြီး အထပ်ထပ် အခါခါကျေနပ်သည်အထိ ပြန်လည်ကြည်.ခဲ.ပါသည်။ သူငယ်ချင်း များစိတ်ဝင်စားမည်ထင်သောကြောင့် ပြန်လည်ဖြန်.ဝေပါသည်။ (ကြော်ငြာ window တွေကတော့ အများကြီး ပေါ်လာပါလိမ်.မယ် skip ဆိုတာလေးကို နှိပ်လိုက်ပါ။ မရရင် email ဖြင့်မေးနိုင်ပါတယ်။

Wednesday, January 5, 2011

What did Adam Smith, David Ricardo, Gottfried Haberler, Eli Heckscher and Bertil Ohlin contribute to international trade theories? Explain clearly.



နိုင်ငံတကာ စီးပွားရေး တွင် မသိမဖြစ် သိထားရမည်. ဆရာကြီးများ နှင့် သူတို. ပေါ်လစီများ tepuktangan
Adam Smith confirmed that international trade is not a zero-sum game which is previously stated by David Hume but it is a positive sum game and both can gain from trade. According to Adam Smith, trade between any two nations is based on the absolute advantage which is the ability of a country to produce a good using fewer resources than another country. The idea of positive sum game reduces many trade controls that characterized the Mercantilist period concerning the international trade.
Adam Smith concluded that countries should specialize in and export the commodities in which they had an absolute advantage and import those commodities in which their trading partners had an absolute advantage.
If a country, A, could produce a commodity, X, with the absolute labor required per unit of output less than that of another country, B; then the country A had an absolute advantage in producing product X.
Absolute Advantage
(per man-hour)
Country Cloth (yards) Rice (tons)
A 4 1
B 3 2
Country A is more sufficient and has absolute advantage in producing cloth, while country B is more sufficient and has absolute advantage in producing rice.
Adam Smith also acknowledged that certain advantages could be acquired through the accumulation, transfer and adaptation of skills and technology.
The second one that Adam Smith contributes to international trade is that it is productive capacity that boosts a nation’s wealth and enlarging the production of goods and services, not on its holdings of precious metals. According to Adam Smith, growth in productive capacity was fostered best in an environment where people were free to pursue their own interest.
Self-interest would lead to individuals to specialize in producing goods and services and to exchange them based on their own special abilities. That would generate productivity gains through the increased division and specialization of labor.
Another one Adam Smith contributes to international trade theories is that he saw little need for the government control of the economy which is a government policy laissez faire that would best provide the environment for increasing a nation’s wealth. The proper role of the government was to see that there was no barrier to international trade. Adam Smith is honored as the father of modern economics for his great contributions.
The second person after Adam Smith is David Ricardo who expanded upon Smith’s concepts and demonstrated that the potential gains from trade were far greater than Adam Smith had envisioned in his concept of absolute advantage. The work of Ricardo, the Principles of Political Economy and Taxation 1817, stressed that the potential gains from trade were not confined only to absolute advantage. In his book, he presented the law of comparative advantage which is the ability of a country to produce a good at a lower opportunity cost than another country.
Comparative Advantage
Ricardian production conditions in country A and B
Country Cloth(yards) Rice (tons) (per man-hour)
A 80 90
B 120 100
Price ration in autarky:
Country A 1R = 8/9 C or 1C = 9/8 R
Country B 1R = 6/5 C or 1C = 5/6 R
Thus, Country A has comparative advantage in producing rice and country B has comparative advantage in producing cloth.
According to Adam Smith, if there are not absolute advantages between countries, then there will be no trade. However, David Ricardo proved that countries do not need to have absolute advantage but if they have comparative advantage, they can trade and they can both gain from trade.
However, David Ricardo did not examine the precise determinations of the international price ratio or terms of trade. However, the important point is that, after trade there will be a common price of a commodity in terms of another in the two countries.
The third one who contributed to international trade is Gotfried Haberler who invented terms of trade or international price ratio. Gotfried Haberler , in 1936, used the opportunity cost which is best alternative forgone to explain the theory of comparative advantage by using the productive possibility curve (PPC).
The assumptions for PPC are 1) an economy has fixed resources endowment, 2) resources have alternative uses, 3) resources are used at full employment and full production and 4) the present state of technology.
A PPC shows all the combination of maximum outputs of two goods that the economy can produce with full employment and full production of resources. The slope of a PPC is called the marginal rate of transformation (MRT). Since resources are constant, on the PPC, product y must be scarified to the increase of x, thus, PPC is a downward sloping curve. MRT of x and y indicates the opportunity cost of producing x in terms of y and vice versa.
After Gotfried Haberler, two Swedish economists, Eli Heckscher and Bertil Ohlin, again developed the theory of trade pattern called the Heckscher-Ohlin Theorem early in the 20th century. They looked at different resources at other countries. The assumptions of the Heckscher-Ohlin Theorem are
1) there are two countries: A and B
2) there are two commodities: rice (r ) and car (c ),
3) there are two inputs: labor (l) and capital (k),
4) technology of production is the same in both nations,
5) commodities are produced under constant r returns to scale, and
6) full employment,
7) rice is labor intensive, but car is capital intensive,
8) incomplete specialization in production,
9) perfect competition in both product and factor markets,
10) perfect factor mobility only within the country, not internationally,
11) No transportation cost, no barriers to entry for trade.
Heckscher-Ohlin explanation of trade patterns begins with a specific hunch as to why product prices might differ between nations before they open trade. The theorem predicts that the key to comparative costs lies in factor proportion. If a car costs 200 tons of rice in country A and less than 200 tons of rice per car in country B, it must be because country A has relatively more of the factors that rice uses more intensively than does B.
The theory explains the comparative advantage and predicts that ‘a country will tend to export the product that use the abundant factor intensity and import the product using the scarce factor intensity. A country is relatively labor abundant if it has a higher ratio of labor to other factors than does the other country.
According to the Heckscher-Ohlin Theorem, a product is relatively labor intensive if labor costs are a greater share of its value than they are of the value of the other product. These theories were contributed to international trade by those scholars.
tepuktangan
"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333