Monday, May 30, 2011

လူငယ်တို.ရဲ.အနာဂတ် စကားဝိုင်းတွင်


လူငယ်တွေကို ဦးတည်ပြီး နောက်ဆုံး စကားတစ်ခွန်းစီလောက်ပြောကြားသွားသော စာပေလောကမှာ ဒိတ်ဒိတ်ကြဲ ပုဂုလ်ကြီးများ

ပြောချင်တာတော့ ၂ ခုပေါ့ဗျာ။ တစ်ခုကတော့ ခနက လူမှုရေး အဖွဲ.အစည်းတွေမှာ ပါကြပါပေါ့။ နောက်တစ်ခုကတော့ စာဖတ်တာနဲ. ပတ်သက်လို.ပါ။ စာအုပ်တွေဆီက ရစရာတွေအများကြီးရှိပါတယ်။ စာဖတ်ကြပါ။

လူတစ်ယောက်ရဲ. ဘ၀မှာဖြင့်ရင် ငါ ဘာလုပ်ရင်ကောင်းမလဲလို. တတ်နိုင်သလောက် အစောဆုံး ကိုယ့်ဘာသာကိုယ်မြင်ခဲ.လို.ရှိရင် ကိုယ့်ဘ၀ရဲ. ရည်မှန်းချက်ကို စောစောစီးစီးသိရင် လုပ်ဖို.ကိုင်ဖို.အတွက် အချိန်တွေအများကြီးရတယ်။ အအဲလူဟာ အောင်မြင်နိုင်တယ်။

နည်းနည်းလေးပဲသိရင်တော့ တွေးနိုင်ခေါ်နိုင့်တဲ.အဆင့် ရောက်မှာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေအနေနဲ. ကိုယ်ဆုပ်ကိုင်မိတဲ.၊ လေ့လာမိတဲ. ပညာတစ်ခုခုကို အဆုံးအထိလေ့လာကြပါ။အကျိုးမဲ့သွား တယ်ဆိုတာ ဘယ်တော့မှ၊ ဘယ်အရာမှ မရှိပါဘူး။ ဘယ်ပညာပဲ ဖြစ်ဖြစ်ပါ။

ဘ၀ကို ဖြတ်သန်းကြပါ။ မိဘ ရိပ်တို. ဘယ်အရိပ်အာဝါသကိုမှ အေးမြပါတယ်ဆိုပြီး ခိုလုံ.ရင် ဒုက္ခတွေတွေ.ရနိုင်ပါတယ်။ နေပူခံကြပါ ပူပါစေ။ ခံနိုင်ရည်တွေတိုးတက်လာပါစေ။ ပညာရှာပါ။ ဘ၀ကို ဖြတ်သန်းပါ လို.ပြောကြားသွားကြပါတယ်…………………..




Sunday, May 29, 2011

စိတ်ကောင်းလေးတစ်ခု

မလေးရှားပီနန်ဆရာတော်ဘုရားကြီးကအခါအခွင့်သင့်လို့တရားဟောတဲ့အခါ"စိတ်ကောင်းလေးတစ်ခု"မွေးမြူကြဖို့မကြာခဏ
ဟောကြားလေ့ရှိပါတယ်။နိုင်ငံရပ်ခြားမှာကိုယ့်ဘဝကိုတိုးတက်ဖို့၊ကိုယ့်မိသားစုလူတန်းစေ့နေနိုင်ဖို့လာအလုပ်လုပ်နေကြတဲ့မြန်
မာတွေအနေနဲ့အလွယ်နားလည်သဘောပေါက်ကြပြီးကျင့်ကြံနေထိုင်နိုင်ကြစေရန်အတွက်တိုတိုနဲ့ရှင်းရှင်းမိန့်ကြားလေ့ရှိပါတယ်။
အရေးကြီးဆုံးကစိတ်ကောင်းတစ်ခုမွေးမြူကြရမယ်။"စိတ်"ဆိုတာက"အသိတရား"ကုသိုလ်ဆိုတာက"ကောင်းတာ"၊"စိတ်
ကောင်းတစ်ခု"ဆိုတာက"ကောင်းတဲ့အသိ"ဖြစ်တယ်။ဒါကြောင့်ကောင်းတဲ့အသိမွေးမြူကြရမယ်။ကောင်းတဲ့အသိဆိုတဲ့"ကုသိုလ်စိတ်"နဲ့မကောင်းအသိဖြစ်တဲ့"အကုသိုလ်စိတ်"နှစ်မျိုးအပြင်ကောင်းတဲ့အသိနဲ့မကောင်းတဲ့အသိနှစ်ခုကြားကကုသိုလ်လည်းမဖြစ်သေး၊အကုသိုလ်လည်းမဖြစ်သေးတဲ့"ကြားစိတ်"လည်းပုထုဇဉ်တွေမှာရှိတက်ကြတယ်။အဲဒီလိုကောင်းတာတွေလည်းပေါ်၊မ
ကောင်းတာတွေလည်းပေါ်လာတဲ့အချိန်မှာကောင်းတဲ့စိတ်တွေကိုမွေးမြူနိုင်အောင်ကြိုးစားလုပ်ကြရမယ်။မကောင်းတာတွေကို
အားမပေးရဘူး။ကောင်းတဲ့စိတ်မွေးမြူနေရုံနဲ့မပြီးသေးဘူး။အသုံးချကြရမယ်။အဲဒီလိုအသုံးချရင်လိုတဲ့ပန်းတိုင်ကိုရောက်ကြမယ်။
ကိုယ်ကဘာရည်မှန်းထားသလဲ။အဲဒီကိုယ်ရည်မှန်းထားပန်းတိုင်ကိုရောက်မယ်။စိတ်ကောင်းမွေးမြူတဲ့သူကိုလူရော၊နတ်ရောနှစ်သက်ကြတယ်။မကောင်းတဲ့စိတ်ရှိတဲ့သူကိုတော့လူလည်းမကြိုက်၊နတ်လည်းမကြိုက်ဘူး။
နိုင်ငံရပ်ခြားမှာလာအလုပ်လုပ်ကြတဲ့အခါမှာကောင်းတဲ့စိတ်နဲ့အလုပ်လုပ်ကြရင်လုပ်တဲ့အလုပ်မှာလည်းအဆင်ပြေမယ်။မိတ်ဆွေ
တွေကလည်းချစ်ခင်မယ်။ဒီတော့ကောင်းတဲ့စိတ်ကလေးမွေးမြူကျင့်သုံးကြပြီးတစ်ယောက်နဲ့တစ်ယောက်ညီအကိုမောင်နှမတွေလိုအချင်းချင်းညီညီညွတ်ညွတ်မေတ္တာထားကူညီစောင့်ရှောက်ကြရမယ်။လူဆိုတာအသိဥာဏ်အများဆုံးဖြစ်ပေမဲ့သတိမေ့လျော့
တက်ကြတော့အမြဲသတိပေးနေရတယ်။သတိရှိနေအောင်နေ့စဉ်ဆောင်ပုဒ်ကလေးရွတ်ဖတ်ကြပါ။
စိတ်ကောင်းမွေးမြူ၊ကျင့်သုံးမူကား
နတ်လူအများ၊လွန်လိုလား၍
မှန်းထားပန်းတိုင်၊ရောက်နိုင်လေသည်။
ဆရာတော်ဘုရားကြီးရဲ့တရားကိုနာကြားဘူးသူတိုင်းအလွယ်တကူသဘောပေါက်နားလည်သွားကြပြီးဆရာတော်ဘုရားကြီးကနှုတ်တိုက်ချပေးလိုက်တဲ့ဆောင်ပုဒ်ကလေးကိုနေ့စဉ်ကျင့်ကြံမယ်လို့ယုံကြည်မိပါတယ်။

ဗုဒ္ဓသာသနာပြုဥရောပတခွင်ခရီးစဉ်
မှ
သက်ဆွေ
ကွာလာလမ်ပူ မှဖော်ပြလိုက်ပါသည်

Saturday, May 28, 2011

လူကြိုက်များအောင်လုပ်နည်း(၆)သွယ်

(၁)အခြားသူများအပေါ်တွင်အဟုတ်အဟတ်စိတ်ဝင်စားပါ။

(၂)စိတ်ရင်းနှင့်နှစ်လိုဖွယ်ပြုံးပါ။


(၃)မိတ်ဆွေများ၏နာမည်ကိုမလွဲမှားအောင်မှတ်သား ကာ၎င်းတို့နှင့်ဆက်ဆံချိန်တွင်နာမည်ကိုထည့်သွင်းအသုံးပြုပေးပါ။
လောကတွင်အသာယာဆုံးသောအသံသည် မိမိနာမည်ကိုလူတစ်ယောက်ခေါ်သောအခါကြားရသောအသံဖြစ်သည်ကို
သတိပြုပါ။

(၄)တစ်ဖက်သားစကားပြောနေစဉ်ဂရုတစိုက်နားထောင်ပေးပါ။တစ်ဖက်သားအားသူတို့အကြောင်းပြောရန်အားပေးပါ။


(၅)တစ်ဖက်သားစိတ်ဝင်စားလျက်ရှိသည့်ကိစ္စဘက်မှနေ၍စကားစဆွဲပါ။


(၆)တစ်ဖက်သားအားသူကိုယ်သူအထင်ကြီးလာအောင်လုပ်ပေးပါ။ဤသို့လုပ်ရာတွင်စိတ်ရောကိုယ်ပါလုပ်ပေးပါ။

သင့်လိုအင်ဆန္ဒများကိုတစ်ဖက်သားတို့ စိတ်ဝင်စားစေရန်နှစ်နှစ်တိုင်တိုင်ကြိုးစားခြင်းထက်တစ်ဖက်သားတို့၏လိုအင်ဆန္ဒ
များကိုနှစ်လမျှ အဟုတ်အဟတ်စိတ်ဝင်စားပေးခြင်းသည်သင့်အားမိတ်ဆွေများပြားစေမည်။
ဒေးကာနက်ဂျီ
ကမ္ဘာ့အကျော်ကြားဆုံးအဟောအပြောနှင့်လူမှုဆက်ဆံရေးပါရဂူ

Friday, May 6, 2011

သမီး ချစ်သော မေမေ

ဒီနှစ်ရဲ. အမေများနေ.မှာ အမေများရဲ.ကျေးဇူးတရားကို ဦးထိတ်ထားလျက် အမေသက်ကျော်ရှည်လို. ပျော်ရွှင်ပါစေ :) သားချစ်တာတော့ မတွေ.လို.မတင်ပါ။

သမီး ချစ်သော မေမေ

ပင်ပန်းဆင်းရဲ သူမကြောက်ပဲ
သားသမီးများအတွက် အသက်ပေး
ရဲဝင့်လှတဲ့ တို့ မေမေ။

လင်ယောကျာ်း မရှိသော်ညားလည်း
သားသမီးငါးယောက် သူလုပ်ကျွေး
ပင်ပန်းလှတဲ့ တို့ မေမေ။

သားသမီးများ အရွယ်ရောက်လာ
ကျောင်းဖွင့်ချိန်ခါ သူ့ ခမျာ
သောကများ နှင့် တို့ မေမေ။

ပင်ပန်းဆင်းရဲ
သူမကြောက်ပဲ
သားသမီး မျက်နှာ သူ့ တစ်ကမ္ဘာ
သနားစရာကောင်းတဲ့ တို့ မေမေ။

ဘယ်လောက်ဆင်းရဲ
သူမမှု့  ပဲ
လောကကြီးထဲ
သားသမီးများ အတွက်
လူတန်းစေ့အောင် ထားချင်ကာ
ထမင်းကိုပင် သူ အ၀ မစား
သားသမီးများ ၀ အောင်စား
သူထိုင်ကြည့် ကာ ပြုံးနေတဲ့
လေးစားလောက်တဲ့ တို့ မေမေ။

လိမ်မာရေးကြား ရှိစေရန်
စာမတတ်ပဲ သွန်သင်ရှာ
တတ်ချင်၊ ယဉ်ကျေးစေချင် သူ့ စေတနာ
ချီးကျူး သင့်ပေ တို့ မေမေ။

စီးပွား တစ်ဖက်
အိမ်တစ်ဖက်
အဖက်ဖက်မှာ မလှစ်ဟင်းအောင်
ကြိုးစား ရင်းပင် ကျော်ဖြတ်လာ
မောပန်းလှတဲ့ တို့ မေမေ။

သားသမီးများ အရွယ် ရောက်လည်း
ပူပင်မြဲပဲ မိခင်မေတ္တာ
သိပ်ချစ်တတ်တာ တို့ မေမေ။

ဆိုးသွမ်းလှတဲ့ သားရယ်ကြောင့်
ရဲစခန်းကို နေ့စဉ်သွားလည်း
မမောပန်းနိုင်၊သားဆိုးသမျှ
အပြုံးမပျက်၊ အချစ်မပျယ် ခွင့်လွှတ်ရင်းပင်
ဝတ္တရားတွေနဲ့ တို့ မေမေ။

အရွယ်ရောက်လို့
အိမ်ထောင်ဖက်လည်း
ရှာပေးချင်တာ သူ့ စေတနာ
သနားစရာကောင်းတဲ့ တို့ မေမေ။

ငယ်ရွယ်ချိန်ခါ
အိမ်ထောက်ဖက်
သေဆုံးသွားကာ
သားသမီး ငါးယောက် နှင့် မမော မပန်း
လောကဓံ ကို သူကာကွယ်
တစ်ပင်လဲ တောင် တစ်ပင်မထူ
နောင်ရေး ရှေ့ရေး အကုန်တွေး
မောပန်းလှတဲ့ တို့ မေမေ။

အဖေလည်း သူ
အမေလည်း သူ
ညီအစ်မလိုလည်း တိုင်ပင်စရာ
လေးစားအပ်တဲ့ တို့မေမေ။

အိမ်ထောင်တွေ ကျလို့
သူနှင့်ခွဲခွါ
ချစ်ခင် မေတ္တာ သူမပျက်ပါ
သားသမီးများ အိမ်ပြန်အလာ
မျှော် နေတတ်တာ တို့ မေမေ။

မေတ္တာ၊ ဂရုနာ အပြည့်နဲ့
ပင်ပန်းဆင်းရဲ သူမမှု့ ပဲ
လောကဓံကို ရဲရဲကြီး ရင်ဆိုင်
သားသမီးများ မျက်နှာ တစ်ကမ္ဘာ
ကြည့်နေတတ်တဲ့ မေမေ
သမီးတို့ အရွယ်ရောက်ပါပြီ...
ပညာလည်းစုံလင်ပြီ...
လူ့ လောကကြီးကို ခြေစုံရပ်နိုင်ကြပါပြီ...
မေမေ အမောအပန်းတွေအတွက်
သမီးတို့ကို ပြန်လည်ပေးဆပ်ခွင့်ပြုပါတော့ မေမေ။

မျိးလေး ဘလော့မှ
"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333