Sunday, June 28, 2020

မိမိကိုယ်ကို ကိုယ်ယှဉ်ပြိုင်ပါ

ကမ္ဘာ ကျော်သူဌေးကြီး Bill Gates ကပြောတယ်။ကိုယ့် ကိုကိုယ်တခြားလူတွေနဲ့လိုက်ပြီးယှဉ်ပြိုင်မနေပါနဲ့၊အဲ့လိုယှဉ်ပြိုင်ချင်းက မင်းကိုမင်း စော်ကားလိုက်တာနဲ့အတူတူပါပဲတဲ့။ ပြောချင်တာက ဘယ်သူကဘာဖြစ်သွားပြီညာဖြစ်သွားပြီဆိုပြီးလိုက်ပြိုင်မနေပဲ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံရမယ်။

 မနေ့ကငါထက် ဒီနေ့ငါက ပိုကြိုးစားရမယ်ဆိုပြီး မိမိကိုယ်မိမိယှဉ်ပြိုင်ပါ။ ကျောင်းသားဆိုရင် မနေ့က ငါစာဘယ်နပုဒ်ရတယ် ဒီနေ့ ငါမနေ့ကထက်ပိုရ ရမယ်ဆိုပြီးစာကိုလုပ်ပါ။ ကျောင်းသားအချင်းချင်းယှဉ်ပြိုင်စရာမလိုပါဘူး။

 လူတစ်ယောက်ဒီလ ငါ့အိမ်အတွက် ငါဒီလောက်‌ရှာနိုင်တယ်။နောက်လဒီထက်ရှာနိုင်အောင်ငါကြိုးစားရမယ်ဆိုတဲ့အသိခေါင်းထဲထည့်ထားရပါမယ်။

 တစ်ယောက်နဲ့ တစ်ယောက် ဘဝပေးကံချင်းမတူပါဘူး။တခြားလူတွေနဲ့ လိုက်မယှဉ်ပဲ တစ်နေ့ထက် တစ်နေ့ တစ်လထက် တစ်လ တစ်နှစ်ထက် တစ်နှစ် ပိုတော်တဲ့လူဖြစ်အောင် မိမိကိုယ်မိမိ ယှဉ်ပြိုင်ပြီး ကြိုးစားဖို့လိုပါတယ်။

 အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ကြပါစေ

 Ref-ဘဝအလင်း

Creditto original uploader Crd. #CN

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333