Monday, April 13, 2020

စင်ကာပူမှာ အလုပ်လုပ်ရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ မြန်မာတစ်ယောက်ရဲ့ အတွေ့အကြုံ…




အမှားပါရင်ခွင့်လွတ်ပါ။………။
မြန်မာပြည်ကလူငယ်တွေအတွက်ရေးတာပါ…..
ကျွန်တော်နေမကောင်းပါဘူး..အခုလည်းcovid 19positive နဲ့ဆေးရုံတက်နေရတာပါ..ကျွန်တော် သူငယ်ချင်းတွေသိပါတယ်…


မြန်မာလူငယ်တွေ..ညီလေးညီမလေးတွေ အကိုကြီးတွေ တစ်ချိန်တုန်းကဘယ်လိုနေခဲ့နေခဲ့ အခုချိန်တော့အိမ်မှာနေကြပါ…

မြန်မာလူငယ်တွေကစာဖတ်ရမှာပျင်းတယ်ဆိုတာကောင်းကောင်းသိတယ်…..ကျွန်တော်လည်းလူငယ်ပဲလေ ကိုယ်ချင်းစာတက်တာပေါ့.
ဒါပေမယ့်အခုချိန်မှာတော့သတင်းပုံမှန်ဖတ်ပါ.. တစ်ကမ္ဘာလုံး ဖြစ်နေတဲ့ကပ်ရောဂါကို ပေါ့ပေါ့လေးမထင်ကြပါနဲ့….

ညီအကိုတွေကို အရမ်းချစ်လို့သတိပေးမယ် သေတက်တယ်နော်…သတိထားရမယ့်အချိန်ပါ အပျော်တွေနည်းနည်းလျော့သင့်ပါတယ်…

မကြောက်ကြတဲ့သူငယ်ချင်းတွေနဲ့ ညီအကိုတွေကိုကိုယ်တွေ့လေးပြောပြမယ်
ကျွန်တော်က marine machenic နဲ့ singapore က east marine မှာလုပ်နေတာပါ

ကျွန်တော်ရောဂါကူးရတာက ကျွန်တော့အရာရှိဆီကလို့ပြောရမယ်ပေါ့…ကျွန်တော်တို့သတိထားတယ် ကာကွယ်တယ် လက်ခဏခဏဆေးတယ် maskကိုတစ်ရှူးလိုလဲသုံးနိုင်တယ်..

အရာရှိမှာ positive ဖြစ်တယ်ဆိုတာသိတာနဲ့ ကျွန်တော့ဘဝကအဲ့ကစပြီးအိမ်မက်ဆိုးကြီးမတ်ခဲ့ရတာ…

ကျွန်တော့်ကိုတစ်ယောက်တည်းတစ်ခန်းထဲမှာထားခဲ့တယ် ၄ရက်ကြာတယ်
ထမင်းလာပို့ရင် အခန်းဝမှာထမင်းထုတ်ချပြီးအဝေးပြန်ရောက်မှ လှမ်းအော်တယ်..အနီးနားကိုဘယ်သူမှမလာရဲဘူး ၊ တစ်ခုခုလာပို့ရင် နင်ဂျာလိုပဲ ကာထားလိုက်တာ ကြောက်လို့…

အပြင်မှာနေ့လားညလားမသိခဲ့ဘူးအဲ့လေးရက်မှာ အိပ်ယာနိုးလို့ကြည့်ရင် အပြင်ကိုပြူတင်းပေါက်ကချောင်းကြည့်ရတယ် လင်းနေရင်နေ့ဘက်ပေါ့.

၅ရက်မြောက်နေ့မှာစဖျားတာပဲ…ဖျားလို့ဆေးရုံကိုရိုးရိုးကားငှားသွားလို့မရဘူး
Ambulance လာခေါ် မှသွားလို့ရတာ….အဲညကဆေးစစ်ပြီးပြန်လာခဲ့တယ်
၃ရက်နေရင်resultထွက်မယ်ပြောလိုက်တယ်…..

Result ထွက်တော့ ဆေးရုံကဖုန်းဆက်တယ် Hello…Mr.Zin Min Ko Ko.Now we get your covid results coming….so sorry sir you are covid positive. So you dont go any place.. within one or two hrs we pick up you…တဲ့
ရင်ထဲမှာဆို့လာတဲ့ဝေသနာကို အခုချိန်ပြန်မပြောပြတက်ဘူး

အရမ်းကြောက်တယ်… ဝမ်းနည်းတယ်… အားငယ်တယ်.. အားကိုးစရာမိဘ ဆွေမျိုးရှိရင်တောင် လာလို့မရဘူး လူနာကို ဘယ်သူနဲ့မှပေးမတွေ့ဘူး

အဲ့နောက် ကျွန်တော့်ကို Singapore ကပဲ alexander hospital ကို ခေါ် သွားခဲ့တယ် ရောက်ရောက်ချင်းပဲ သွေးပေါင်ချိန်တယ် ecgဆွဲတယ် temperature check တယ်….
အဲ့နောက် နှစ်နာရီတစ်ခါလာတော့တာပဲ အဆိုးဆုံးက ရောဂါစစ်ဖို့သွေးဖောက်တာပဲ လက်မဝက်လောက်ရှိပြီးတစ်မိုက်ကျော်တဲ့ဖန်ပုလင်းနဲ့တစ်ခါထုတ်ရင်၄လံုးလောက်ထုတ်တော့တာပဲ

ရောဂါပြန်စစ်ဖို တစ်ထွာကျော်တဲ့ ပိုက်ကိုနာခေါင်းထဲကနေ နားရောက်တဲ့အထိထိုးထည့်တာ နာလားမမေးနဲ့ ယောကျာ်း ကြီးတွေမျက်ရည်ကျတယ်

ဆေးမတိုက်ဘူး အစာနဲ့ရောဂါတိုက်ထုတ်တာ ဆေးရုံမှာ လေးရက်ထပ်နေပြီးလို့ အခု CIF ရောက်နေပြန်ပြီ အခုနေရာမှာ 14ရက်ထပ်နေရအုန်းမယ် တစ်ယောက်တည်းနော် အဖော်မရှိဘူး….

တစ်ယောက်တည်းအေးဆေးကောင်းတာပေါ့လို့မတွေးနဲ့ လူသံမကြားရဘဲအခန်းထဲအကြာကြီးနေကြည့် ရူးသွားနိုင်တယ်……

ဒါကြောင့် ကြောက်ကြပါလို့ပြောတာ အခုခံစားရတဲ့ဝေသနာတွေကိုမပြောတော့ဘူး တစ်ယောက်တည်းနေရတဲ့ဝေသနာကိုအရင်ခံစားနိုင်ရင် အပြင်ထွက်ကြပေါ့ သူငယ်ချင်းတို………….အားလုံးရဲ့ မေတ္တာ တို့ဖြင် သက်သာနေပါပြီ

အားလုံးကျန်းမာချမ်းသာကြ ပါစေ….

Credit Zin Min Ko Ko

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333