Saturday, April 7, 2018

#မိမိကိုယ်​ သာ အပြစ်​တင်​ပါ

ယခု ကျွန်​​တော်​ တင်​ပြမဲ့ ​ဆောင်းပါး​လေး ဟာ ကျွန်​​တော်​ ကိုယ်​တိုင်​​တွေ့ ကြုံခဲ့ ရတဲ့ ကိုယ်​​တွေ့ အဖြစ်​အပျက်​​လေးကို ကစားသမား​တွေ သိရှိ ဗဟုသုတ ရရှိ​စေရန်​အတွက်​ ရည်​ရွယ်​၍ ​ရေးသားခြင်း ဖြစ်​ပါသည်​[ လူနာမည်​များနှင့်​ တစ်​ချို့ ကိစ္စရပ်​များကို ချန်​လှပ်​ခဲ့ပါသည်​။ ကာယကံ ရှင်​၏ ခွင့်​ပြုချက်​ဖြင့်​ တင်​ပြအပ်​ပါသည်​။]။

တစ်​​နေ့ ကျွန်​​တော်​ gym မှာ ရှိ​နေတဲ့ အချိန်​မှာ လူငယ်​တစ်​ဦး​ရောက်​လာပါတယ်​။ ခန္ဓာကိုယ်​ အချိုးအစား​ပြေပြစ်​ပြီး၊ အရပ်​အ​မောင်း အသင့်​အတင့်​ရှိပါတယ်​။ ကြည့်​လိုက်​ရုံ နဲ့ ကစားထားတဲ့ ပုံမှန်း တန်းပြီး သိနိုင်​ပါတယ်​။ ကြွက်​သား​တွေ က အရမ်းအကြီးကြီး မဟုတ်​သလို ​သေးတဲ့ အထဲ မှာ​တော့ မပါပါဘူး။ကြွက်​သား​တွေ အသင့်​အတင့်​ရှိပါတယ်​။ ​တွေ့ ​တွေ့ ခြင်း သူကပဲ မိတ်​ဆက်​ပြီး စကား​ပြောဖြစ်​ပါတယ်​။ သူ့ရဲ့ အ​ကြောင်းကို စပြီး​ပြောပါတယ်​။

သူနှင့်​ သူ့၏ ​ကျောင်း​နေဘက်​ သူငယ်​ချင်းတို့ အ​လောင်းအစားပြုလုပ်​၍ ​လောင်း​ကြေးထပ်​ထား​ကြောင်း၊ ​နောက်​ (၄) လ ကြာလျှင်​ ကြွက်​သား​တွေ ဘယ်​သူပိုကြီးသလဲ ဟု ပြိုင်​မည်​ဖြစ်​​ကြောင်း ​ပြောပါသည်​။တစ်ေ​ယာက်​နှင့်​ တစ်​​ယောက်​ ပြိုင်​မည်​ဖြစ်​​သော​ကြောင့်​ သူလည်း သူကြိုက်​သည့်​ gym ကို​ရွေးချယ်​​ကြောင်းနှင့်​ ကျွန်​​တော်​လည်း ကျွန်​​တော်​ကြိုက်​သည့်​ gym ကို​ရွေးချယ်​၍ ​လေ့ကျင့်​​ကြောင်း​ပြောပါသည်​။ သူဆက်​​ပြောသည်​မှာ...ကျွ​န်ေ​တာ်​လည်း အပြိုင်​အဆိုင်​ ဖြစ်​တဲ့အတွက်​ မိမိဘက်​က အားထည့်​ပြီး gym ပိတ်​ရက်​မှ လွဲ၍ ကြိုးစားပန်းစား ​လေ့ကျင့်​ခဲ့ပါတယ်​။ ကျွန်​​တော့်​ ကို ကျွန်​​တော်​​တော့ ​တော်​​တော်​​လေး တိုးတက်​လာခဲ့တယ်​လို့ ထင်​ခဲ့ပါတယ်​။ ခန္ဓာကိုယ်​ အတန်​အသင့်​​ပြောင်းလဲလာခဲ့ပါတယ်​။ ဒီလိုနဲ့ (၃) လပြည့်ေ​တာ့ သူနဲ့ ​တွေ့ဖို့ချိန်းဆိုပြီး ပြန်​​တွေ့ခဲ့ပါတယ်​။ သူနဲ့ပြန်​​တွေ့တဲ့ အချိန်​ကြ​တော့ သူက ကျွန်​​တော်​​မျှော်​မှန်းထားတာထက်​ အ​တော်​​လေး​ပြောင်းလည်း ​နေတာ​တွေ့ရပါတယ်​။ကျွန်​​တော့်​ ထက်​သာတယ်​​ပေါ့ဗျာ ဟု ထည့်​သွင်း​ပြောဆိုသွားပါ​သေးတယ်​။ ​နောက်​ထပ် ​တစ်​လ အချိန်​ကျန်​​သေးတာဖြစ်​တဲ့ အတွက်​ ကျွန်​​တော်​လည်း အရင်​ကထက်​ ပို ကြိုးစားပြီး ကစားခဲ့ပါတယ်​။ (၄) လပြည့်​သွား​တော့ သူက အ​တော်​ကို​ပြောင်းလည်းသွားတာကို ​တွေ့ရပါတယ်​။




ကျွန်​​တော်​လည်း gym မ​ကောင်းလို့ ငါသူ့​လောက်​ မတိုးတက်​တာပဲ​နေမယ်​၊ သူကစားတဲ့ gym ကို ​ပြောင်းကစား​တော့မယ်​လို့ ဆုံးဖြတ်​ပြီး သူ့ကစားတဲ့ gym ကို ​ပြောင်း​ရွှေ့ ကစားခဲ့ပါတယ်​။ သူကစားတဲ့ gym ကို​ရောက်​​တော့ သူက ကစားတဲ့ အခါ ကစားပြီး၊ မကစားတဲ့ ရက်ေ​တွ လည်းရှိ​နေတာ ​တွေ့ရပါတယ်​။ ကျွ​န်ေ​တာ်​လည်း သူ့ထက်​သာ ပြိုင်​ချင်​​နေ​တော့ မင်း မကစားတဲ့ ရက်​​တွေမှာ ငါက မင်းထက်​ပိုပြီး အားထည့်​ကစားတာ​ပေါ့ကွာ လို့ ဆုံးဖြတ်​ပြီး သူ့ကို သာချင်​​ဇောနဲ့ အမြဲ မပြတ်​ ကစားခဲ့ပါတယ်​။ အချိန်​​တွေသာ ကြာလာတယ်​ သူက သိသိသာသာ​ပြောင်းလည်းလာပြီး ကျွန်​​တော်​က ကျန်​ခဲ့ ပါတယ်​။သူထက်​လည်း ပိုကစားရဲ့သားနဲ့ ဘာ​ကြောင့်​ပါလည်းလို့ အ​ဖြေရှာ မရခဲ့ပါဘူး။ ကျွန်​​တော်​စဉ်းစားမိတာက​တော့ နည်းပြ​တွေက သူ့ကိုသာ စနစ်​တကျ ​လေ့ကျင့်​​ပေးပြီး ကျွန်​​တော့်ကို​ကျ​တော့ ဂရုမစိုက်​ဘူးလို့ထင်​ခဲ့ပါတယ်​။ ဒါနဲ့ ကျွန်​​တော်​လည်း gym အသစ်​၊ နည်းပြအသစ်​နဲ့ ကစားသမား အသစ်​ဆိုရင်​​တော့ ဂရုစိုက်​မယ်​လို့ထင်​ပြီး ​နောက်​ထပ်​ gym အသစ်​ တစ်​ခု ကို ​ပြောင်းကစားခဲ့ပါတယ်​။ဒါ​ပေမဲ့ သူငယ်​ချင်းနဲ့ ပြန်​​တွေ့တိုင်း အလိုလို ရှုံးနိမ့်​နေမှန်းသိလာခဲ့ပါတယ်​။ အဲဒီ အချိန်​မှာပဲ ဆရာ(စာ​ရေးသူ ကျွန်​​တော်​) ရဲ့​ဆောင်းပါး​တွေကို ဖတ်​မိပြီး ဆရာနဲ့ ​လေ့ကျင့်​ရင်​​တော့ဖြင့်​ ​သေချာ​ပေါက်​ ​ပြောင်းလဲ မယ်​လို့ ထင်​ပြီး ဆရာဆီ ကို ​ရောက်​လာတာပါ ဟု ​ပြောပြီး ဆရာ gym နဲ့ ပါဆို gym (၄) ခု​မြောက်​ဖြစ်​ပါပြီ။ ကျွန်​​တော့ကို ​သေချာ ​လေ့ကျင့်​​ပေးပါလို့ ​ပြောလာပါ​တော့တယ်​။

အဲဒီ အချိန်​မှာ သူ​ပြောတာကို ကျွန်​​တော်​ ​ခေါင်းတငြိမ့်​ငြိမ့်​ နဲ့​သေချာနား​ထောင်​ပြီး ကျွန်​​တော်​သိချင်​တာ​တွေ ကို ပြန်​​မေးကြည့်​ပါတယ်​။

*ငါ့ညီ တစ်​ပတ်​ကို ဘယ်​နှစ်​ရက်​ကစားသလဲ လို့​မေးကြည့်​ပါတယ်​။ ကျွန်ေ​တာ်​က​တော့ ကစားသလားမ​မေးနဲ့ gym ပိတ်​ရက်​​တောင်​ ကစားချင်​တာ။ တစ်​ပတ်​မှာ (၆) ရက်​မပျက်​မကွက်​ကစားပါတယ်​။တစ်​ချို့ gym ​တွေ ဆို ပစ္စည်း အ​တော်​စုံပါတယ်​။ ပစ္စည်း စုံတာ မစုံတာ အ​ရေးမကြီးပါ။ အ​ခြေခံ ကစားလို့ရတဲ့၊ ကစားနိုင်​တဲ့ စက်​​တွေ ရှိရင်​ လုံ​လောက်​ပါတယ်​ လို့ ကျွန်​​တော့်​ အ​နေနဲ့ ပြန်​​ပြောဖြစ်​ပါတယ်​။

* အစားအ​သောက်​ကို​ကော တစ်​​နေ့မှာ ဘယ်​နှစ်​ကြိမ်​ စားသလဲ လို့ ​မေးကြည့်​ ပါတယ်​။ သူ​ပြောတာက ကျွန်​​တော်​ အစား​တော့ ​တော်​​တော်​ စားတယ်​ဆရာ။ မနက်​ breakfast ကိုလည်း အဝ ဆွဲတယ်​၊ ​နေ့လည်​စာလည်း နှစ်​ဇလုံ​လောက်​ဆွဲတယ်​၊ ညစာကိုလည်း နှစ်​ဇလုံ အနည်းဆုံးပဲ ဆရာ လို့ ပြန်​​ပြောပါတယ်​။

* အနားယူတဲ့ ပုံစံ ကို ​ပြောကြည့်​ပါလို့ ဆို​တော့၊ ဘာ အနားယူတဲ့ ပုံစံလည်းဆိုပြီးပြန်ေ​မးပါတယ်​။ဟုတ်​ပြီ မင်းက တစ်​ပတ်​ကို (၆)ရက်​ကစားပြီး တစ်​ရက်​ပဲ နားတယ်​။ ည ကြ​တော့ ဘယ်​အချိန်​အိပ်​ပြီး ဘယ်​အချိန်​ထလည်း ​မေးကြည့်​​တော့၊ ည ကို ၁၁/၁၂ နာရီ အချိန်​​လောက်​မှ ပုံမှန်​အိပ်​တယ်​၊ မနက်​ကို ၇ နာရီ ​လောက်​ ထ ပါတယ်​ဆရာလို့ ပြန်​​ဖြေပါတယ်​။

ကျွန်​​တော်​လည်း သူ့ အ​နေနှင့်​ Overtraining ဖြစ်ေ​နပြီး၊ အနားယူမှု မလုံ​လောက်ြ​ခင်း၊ အဟာရ မ​လုံ​လောက်​ခြင်းဖြစ်​​နေတာကို သိလိုက်​ပါတယ်​။သို့​သော်​လည်း ကျွန်​​တော်​သိချင်​တာကို ဆက်​ပြီး​မေး​နေမိပါတယ်​။

ငါ့ညီ ကစားခဲ့တဲ့ gym ​တွေ မှာရှိတဲ့ trainer ​တွေက တစ်​ပတ်​ကို ဘယ်​နှစ်​ရက်​ ကစားသင့်​တယ်​၊ ဘယ်​လို အနားယူရမယ်​၊ ဘယ်​လို စား​သောက်​ရမယ်​ဆိုတာ​တွေကို မ​ပြောဘူးလား လို့​မေးမိပါတယ်​။ အဲဒီ အချိန်​မှာပဲ သူက တစ်​ချို့ နည်းပြ​တွေ က​ပြောပါတယ်​၊ တစ်​ချို့လည်း မ​ပြောဘူးလို့​ပြောပါတယ်​။ ကျွန်​​တော်​ သုံးသပ်​တာက​တော့ သူက ​ပြောတဲ့ အတိုင်း မလိုက်​နာ​တော့ မ​ပြောကြတာပဲ ဖြစ်​မယ်​ထင်​ပါတယ်​။ကျွန်​​တော်​လည်း သူ့ကို ကစားသမားတစ်​​ယောက်​ရဲ့ တာဝန်​၊ လိုက်​နာရမည့်​ စည်းကမ်း ​တွေကို ​သေချာရှင်းပြလိုက်​ပါတယ်​။

ကစားသမားတစ်​​ယောက်​ဟာ ( ပြိုင်​ပွဲဝင်​ အဆင့်​မြင့်​ ကစားသမားများကို မဆိုလိုပါ) ​နေ့စဉ်​ရက်​ဆက်​ ကစားရန်​ မလိုအပ်​​ကြောင်း၊ ကစားတိုင်း ကြွက်​သားများ ကြီး ထွားလာတာ မဟုတ်ေ​ကြာင်း၊ ကစားလိုက်​တဲ့ အချိန်​မှာ ကြွက်​သားများဟာ ပျက်​စီး သွားပြီး အနားယူတဲ့ အချိန်​မှသာ ပျက်​စီး သွားတဲ့ ကြွက်​သားများကို ပြန်​လည်​ စုဖွဲ့ ပြီး ကြီးထွားလာတာဖြစ်​​ကြောင်း၊ ​နေ့စဉ်​ရက်​ဆက်​ ကစားပြီး အနားမယူပါက Overtraining ဖြစ်​တတ်​​ကြောင်း [ Overtraining ​ဆောင်းပါးအား တင်​ဆက်​ပြီး ဖြစ်​ပါသည်​။ ရှာ​ဖွေ ဖတ်​ရှု ​လေ့လာနိုင်​ပါသည်​။] ၊ အိပ်​စက်​ချိန်​ အ​နေနှင့်​လည်း အနည်းဆုံး (၈) နာရီ ခန့်​ရှိသ​င့်ေ​ကြာင်း၊ အိပ်​စက်​ချိန်​တူ[ ည ၁၀ မှ မနက်​ ၆ နာရီ နှင့်​ ည ၁၂ မှ မနက်​ ၈ နာရီ ၊ အိပ်​စက်​ချိန်​ တူ..၈ နာရီ ] ​သော်​လည်း Growth Hormones လို့​ခေါ်တဲ့ ကြီးထွား​ဟော်​မုန်း ထုတ်​လုပ်​ မှု ပမာဏ မတူညီ​ကြောင်း၊ HGH ​ဟော်​မုန်း ဟာ Non REM အ​ခြေအ​နေမှသာ ထုတ်​လွှတ်​​ပေး​ကြောင်း၊ Non REM အ​ခြေအ​နေ ဆိုသည်​မှာ နှလုံးခုန်​​နှေးလာပြီး၊ ခန္ဓာကိုယ်​ အပူချိန်​ကျဆင်းလာတာနဲ့ အမျှ deep sleep လို့​ခေါ်တဲ့ အိပ်​​မောကျခြင်း အ​ခြေအ​နေသို့​ရောက်​ရှိ​ကြောင်း၊ ကြီးထွား​ဟော်​မုန်းဟာ အိပ်​​မောကျခြင်း ဖြစ်​တဲ့ deep sleep ဆိုတဲ့ အ​ခြေအ​နေ ​ရောက်​မှသာ ထုတ်​လွှတ်​​ပေး​ကြောင်း ဒါ​ကြောင့်​ ​စော​စော အိပ်​စက်​ဖို့လို​ကြောင်း(ကြီးထွား​ဟော်​မုန်း အ​ကြောင်းအား တင်​ဆက်​ပြီးသားဖြစ်​သည့်​ Growth Hormone အ​ရေးပါပုံ ​ဆောင်းပါးအားဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​။)​သေချာရှင်းပြရပါ​တော့တယ်​။

အဟာရ စား​သောက်​မှု အပိုင်းကိုလည်း အကျယ်​တပွင့်​ရှင်းပြရပါ​တော့တယ်​။ (ဤ​ page တွင်​ တင်​ဆက်​ပြီးသားများရှိသဖြင့်​ အကျဉ်းချုပ်​သာ ​ဖော်​ပြအပ်​ပါသည်​။သူ့ ကို​တော့ အကျယ်​တပွင့်​ ရှင်းပြ​ပေးခဲ့ပါတယ်​။) အစားအစာများကို တစ်​ရက်​လျှင်​ အနည်းဆုံး ၅ ကြိမ်​ခန့်​ ခွဲ ၍ စားသင့်​​ကြောင်း၊ တစ်​ကြိမ်​တည်း အများကြီးစားရန်​မလိုအပ်​​ကြောင်း အဘယ့်​​ကြောင့်​ဆို​သော်​ ....စားလိုက်​တဲ့ အစားအစာ ​တွေ ကို insulin ရဲ့ အကူအညီဖြင့်​ စွမ်းအင်​ glucose အဖြစ်ေ​ပြာင်း​လည်း​ပေးပြီး၊ ခန္ဓာကိုယ်​မှာ ရှိတဲ့ ကြွက်​သား နှင့်​ fat cells ​တွေဆီကို ​ကောင်းမွန်​စွာ အလုပ်​လုပ်​နိုင်​ရန်​ ပို့​ဆောင်​​ပေးပါတယ်​။ ပို​နေတဲ့ glucose ​တွေကို glycogen အဖြစ်​​ပြောင်းလည်းပြီး ကြွက်​သားများနှင့်​ liver အသည်းမှာ ထိန်းသိမ်းထားရှိပါတယ်​။ ခန္ဓာကိုယ်​ ဟာ glycogen ကို ကြာရှည်​စွာ ထိန်းသိမ်းမထားနိုင်​တဲ့ အတွက်​ ထပ်​မံ ပိုလျှံ​နေတဲ့ glucose​ ​တွေ ကို စွမ်းအင်​ လိုအပ်​တဲ့ အချိန်​မှာ အလွယ်​တကူ အသုံးပြု နိုင်​ရန်​ အတွက်​ အဆီ​တွေ အဖြစ်​​ပြောင်းလည်း စုဖွဲ့ပြီး သိမ်းစည်းပါတယ်​။ အဆီပို​တွေ စုဖွဲ့ သိမ်းစည်းတာ များလာတာနဲ့ အဆီ​တွေ စုပြီး ဝ လာပါလိမ့်​မယ်​။ ဒါ​ကြောင့်​ အဆီပို​တွေ အဖြစ်​ မသိမ်းစည်းနိုင်​​အောင်​ရယ်​၊ လိုအပ်​တဲ့ အချိန်​မှာ လိုအပ်​သလို စွမ်းအင်​ ကိုရရှိ​စေဖို့ အတွက်​ အစားအစာ ကို တစ်​ရက်​လျင်​ အနည်းဆုံး ၅ ကြိမ်​​လောက်​ခွဲ ပြီး စားရပါတယ်​။

Carbohydrate(Carbs) ကိုလည်းသင့်​တင့်​ ​အောင်​စား​ပေးဖို့လိုအပ်​ပါ​သေးတယ်​။ ခန္ဓာကိုယ်​ ကြီးထွားဖို့ အ​ထောက်​အကူပြုတဲ့အတွက်​ တွက်​ချက်​စား​သောက်​ရပါမယ်​။ ခန္ဓာကိုယ်​ ကြီးထွားချင်​တဲ့ လူတစ်​​ယောက်​အတွက်​ တစ်​​နေ့တာ လိုအပ်​တဲ့ Carbohydrate တွက်​နည်းက တစ်​​နေ့တာ လိုအပ်​တဲ့ ကယ်​လိုရီ kcal × 65 % ÷ 4 ဖြစ်​ပါတယ်​။( တင်​ဆက်​ပြီးသား ကာဘိုဟိုက်​ဒရိတ်​ ​ဆောင်းပါးအား ရှာ​ဖွေ ဖတ်​ရှု နိုင်​ပါတယ်​။)

ပျက်​စီး သွားတဲ့ ကြွက်​သား​တွေ လျင်​မြန်​စွာ ပြန်​လည်​တည်​​ဆောက်​ပြီး ကြီးထွားဖို့ protein ကိုလည်း မိမိ ခန္ဓာကိုယ်​ နှင့်​ ​လျှော်​ညီစွာ လုံ​လောက်​​အောင်​ စားသုံး​​ပေးဖို့ လိုအပ်​ပါ​သေးတယ်​။ protein ဟာ ခန္ဓာကိုယ်​ ထဲမှာ glycogen နှင့်​ အဆီ ဆဲလ်​ များကဲ့ သို့ ကြာရှည်​စွာ ထိန်းသိမ်းထားနိုင်​စွမ်းမရှိပါဘူး။ protein ဟာ ခန္ဓာကိုယ်​ ထဲ မှာ ၂~၃ နာရီ ထက်​ပိုပြီး ကြာရှည်​စွာ မ​နေနိုင်​ပါဘူး။ ဒါ​ကြောင့်​ ပျက်​စီးသွားတဲ့ ကြွက်​သား​တွေ အသစ်​တည်​​ဆောက်​ဖို့အတွက်​ လိုအပ်​တဲ့ protein ကို လိုအပ်​တဲ့ အချိန်​မှာ အလွယ်​တကူ ရယူ အသုံးပြုနိုင်​ဖို့ ၂~၃ နာရီ ခြားတစ်​ခါ အစားအစာများကို စား​ပေးဖို့လိုအပ်​တာပါ။ ဒါ​ကြောင့်​ တစ်​​နေ့မှာ အနည်းဆုံး ၅ ကြိမ်​​လောက်​ ခွဲပြီး စားခိုင်းရတာပါ။

ဘယ်​အားကစားမဆို သူ့စည်း သူ့ကမ်းနဲ့ လိုက်​နာရမဲ့ တာဝန်​​တွေရှိပါတယ်​။ ကာယဗလ အားကစားကို အဓိက ​ပြောချင်​တာဖြစ်​တဲ့ အတွက်​ ကာယဗလ ကစားနည်းဟာလည်း သတ်​မှတ်​ထားတဲ့ စည်းကမ်း၊ လိုက်​နာရမဲ့ တာဝန်​၊ ကျင့်​သုံးရမဲ့စနစ်​​တွေ ဆိုတာ ရှိပြီးသားပါ။ ကစားသမား ဘက်​ကလည်း ချမှတ်​ထားတဲ့ စည်းကမ်း၊ လိုက်​နာရမဲ့ တာဝန်ေ​တွ ကို တိကျစွာ လိုက်​နာဖို့ လိုအပ်​ပါတယ်​။ ငါ့ညီရဲ့ သူငယ်​ချင်း က တိကျစွာ လိုက်​နာလို့ ​ပြောင်းလဲတိုးတက်​လာတာပါ။ ငါ့ညီ အ​နေနဲ့ ချမှတ်​ထားတဲ့ စည်းကမ်း၊ လိုက်​နာရမဲ့ တာဝန်​​တွေ ကို မလိုက်​နာပဲ ပျက်​ကွက်​ ​နေရင်​​တော့ဖြင့်​ ရန်​ကုန်​မြို့မှာ ရှိတဲ့ gym ​တွေသာကုန်​သွားမယ်​ မင်းအ​နေနဲ့ ​ပြောင်းလဲ လာမှာ မဟုတ်​ပါဘူး။ ဒါ​ကြောင့်​ gym ​တွေ ၊ နည်းပြ​တွေ ကို အပြစ်​မတင်​ပါနဲ့ ` မိမိကိုယ်​သာ အပြစ်​တင်​ပါ ´ လို့​ပြောလိုက်​ရပါ​​တော့တယ်​။

ကျွန်​​တော့်​ အ​နေနှင့်​ အဓိ က​ တင်​ပြချင်​တာက ကစားသမား​တွေဟာ များများကစား၊ မြန်​မြန်​ကြီး ချင်​ပြီး၊ အနားယူမှု အပိုင်း၊ အစားအ​သောက်​ ဂရုစိုက်​ရမည့်​ အပိုင်း ​တွေ ကို ​မေ့​လျော့​နေတတ်​ကြပါတယ်​။ ကြွက်​သား​တွေက ကစားတဲ့ အချိန်​မှာ မကြီးပါ၊ အနားယူတဲ့ အချိန်​ကြမှသာ ကြီး ထွား​ ကြတာပါ။ ဒါ့​ကြောင့်​ အချိန်​နှင့်​ တ​ပြေးညီ ကြွက်​သားများ ကြီးထွား ​တိုးတက်​​နေဖို့အတွက်​ ကစားသမားများ အ​နေနှင့်​လည်း ချမှတ်ထားသည့်​​စည်းကမ်း၊ လိုက်​နာရမည့်​ တာဝန်​များကို တိကျ မှန်​ကန်​စွာ စနစ်​တကျ ကျင့်​သုံး လိုက်​နာရန်​လည်း အထူး လိုအပ်​လှပါတယ်​။ လိုက်​နာရမည့်​ တာဝန်​များ ကို မလိုက်​နာ၊ မကျင့်​သုံးပါက မုန့်​လုံး စက္ကူကပ်​ ဖြစ်​​နေမှာ အ​သေအချာပါပဲ။

နောက်​ထပ်​တစ်​ခု အ​နေနဲ့ထပ်​မံ တင်​ပြချင်​တာက ...ကျွန်​​တော်​ကိုယ်​ တိုင်​လည်း gym ဖွင့်​ထားတဲ့ သူတစ်​​ယောက်​ဖြစ်​ပါတယ်​။ ကျွန်​​တော်​ gym မှာ အများဆုံး​တွေ့ ရတဲ့ ကစားသမား​တွေဟာ
( weight loss ပဲဖြစ်​ဖြစ်​၊ weight gain ပဲ ဖြစ်​ဖြစ်​ ) ကစားဖို့သာ အဓိက အားသန်​​နေကြတာကို ​တွေ့ ရှိရပါတယ်​။ အဟာရ အစားအ​သောက်​ပိုင်း၊ အနားယူ မှု အပိုင်း ကို လုံးဝ လှစ်​လျှူရှု့တတ်​ ကြပါတယ်​။ ဥပမာ..weight ကျ ချင်​တဲ့ အမျိုးသား/ သမီး​တွေကို ခန္ဓာကိုယ်​ မှာ ရှိတဲ့ အဆီ % တိုင်း၊ daily activities အတွက်​ တစ်​​နေ့တာ လိုအပ်​တဲ့ ကယ်​လိုရီ ၊ ကစားစဉ်​မှာ လိုအပ်​တဲ့ ကယ်​လိုရီ ၊ BMR အတွက်​ လိုအပ်​တဲ့ ကယ်​လိုရီ၊ ​လျော့စားရမည့်​ ကယ်​လိုရီ စသည်​ဖြင့်​ တစ်​​နေ့မှာ လိုအပ်​တဲ့ ကယ်​လိုရီ ကို တွက်​ချက်​​ပေးပြီး၊ လိုအပ်​တဲ့ ကယ်​လိုရီ နှင့်​ ညီမျှတဲ့ စား​သောက်​ရမဲ့ အစားအစာ​ အစီအစဉ်​ ​တွေ ကို ​သေချာရှင်းပြ တွက်​ချက်​​ပေးပါတယ်​။ တစ်​ချို့ ကစားသမား​တွေ ဆိုရင်​ ​ရေးထားတာ​တွေကို ဓာတ်​ပုံရိုက်​ပြီး​တောင်​ ယူသွားကြပါတယ်​။ weight gain ကစားသမား​တွေ အတွက်​လည်း စား​သောက်​ရမဲ့ အဟာရပိုင်း..ဥပမာ..လိုအပ်​တဲ့ ကယ်​လိုရီ ၊ ပါဝင်​ရမည့်​ ကာဗိုဟိုက်​ဒရိတ်​​၊ protein စသည်​ဖြင့်​ တွက်​ချက်​​ပေးပါတယ်​။ ​သေချာမှတ်​ တဲ့ လူလည်းရှိသလို ၊ ဓာတ်​ပုံ ရိုက်​ပြီး ယူသွားတဲ့ သူလည်း​ရှိပါတယ်​။ သို​​သော်​လည်း..သူတို့​တွေဟာ တစ်​​နေ့တာ လိုအပ်​တဲ့ အဟာရ စား​သောက်​ရမည့်​ အတိုင်း လိုက်​ပါပြီး အမှန်​တကယ်​ စားသုံးတဲ့ လူ ရှိပါသလားလို့ ​မေးရင်​...၉၉ % မလိုက်​နာတာကို ​တွေ့ရပါတယ်​။
သူတို့​တွေ အ​နေနဲ့ workout ​တွေ ကို လိုက်​ပါကစား​နေရင်​ပဲ တာဝန်​​ကျေပြီး မိမိလိုချင်​တဲ့ ရည်​မှန်းချက်​ ကို ရရှိမယ်​လို ထင်​မြင်​​နေကြပါတယ်​။ ဝိတ်​ချ​နေ တဲ့ ကစားသမားများအတွက်​ ကယ်​လိုရီ ကို ဦးစား​​ပေးလောင်​ကျွမ်းတဲ့ ​လေ့ကျင့်​ခန်း​တွေကို ​ပေးထားတာဖြစ်​တဲ့ အတွက်​ ကစားစဉ်​ မှာ ကယ်​လိုရီ ​လောင်​ကျွမ်း​နေတာမှန်​​ပေမဲ့ မိမိ တစ်​​နေ့တာ စား​သောက်​ရမည့်​ တွက်​ချက်​ထားတဲ့ ကယ်​လိုရီ intake ကို သတိမထားပဲ စားချင်​သလို စား​နေလို့က​တော့ လိုချင်​တဲ့ ရည်​မှန်းချက်​ ​ရောက်​မှာ မဟုတ်​ပါဘူး။ မိမိခန္ဓာကိုယ်​ ​ပြောင်းလည်းလာမှာ မဟုတ်​ပါဘူး။

ထို့နည်းတူစွာ ကြွက်​သား​တွေ ကြီးထွားချင်​တဲ့ weight gain ကစားသမား​တွေ ကလည်း သတ်​မှတ်​ထားတဲ့ တစ်​​နေ့တာ လိုအပ်​တဲ့ ကယ်​လိုရီ ၊ စားသုံးရမည့်​အကြိမ်​အ​ရေတွက်​၊ ကာဗိုဟိုက်​ဒရိတ်​၊ protein ​တွေ ကို မလိုက်​နာ၊ မစား​သောက်​ပဲ အဆင်​​ပြေသလို စား​နေသမျှ ရည်​မှန်းချက်​နဲ့ ​ဝေး​နေအုံး မှာပါ။
ကျွန်​​တော်​ အဓိက ဘာကို highlight ပြချင်​တာလည်း ဆို​တော့ weight gain / loss ကစားသမား​တွေ အ​နေနှင့်​ ကစား​နေရုံမျှဖြင့်​ မပြီးပြည့်​ စုံ​သေးပါ။ ကစား​နေရုံနှင့်​ တာဝန်​​ကျေပြီဟု ​ပေါ့​လျော့စွာ မ​တွေးသင့်​ပါ။ အဟာရ အစားအ​သောက်​ပိုင်း၊ အနားယူမှု အပိုင်း၊ ​လေ့ကျင့်​မှု အပိုင်း အားလုံး ဟာ ဟန်​ချက်​ညီ​နေမှ မိမိ လိုချင်​တဲ့ body ကို ရရှိမှာသာ ဖြစ်​ပါတယ်​။

ကျွန်​​တော်​ ကိုယ်​တိုင်​ ​ကြုံ​တွေ့ ခဲ့ရတဲ့ အဖြစ်​အပျက်​အား ကစားသမားများ သိရှိ၊ သတိမူမိ ​စေရန်​ ရည်​ရွယ်​၍ ​ရေးသား ​ဖော်​ပြ အပ်​ပါသည်​။

လေးစားစွာဖြင့်
Htinkyaw Wazi
Olympia Fitness Centre (သုဝဏ္ဏ)
MFTA Certified Trainer
#သင်​တန်​​ကြေး...(၁) လ....၂၀၀၀၀ ကျပ်
#အမှတ်​(၄၂)၊ ဘုရင့်​​နောင်​လမ်း၊ ရန်​ကုန်​သစ်​ရပ်​ကွက်​၊ သုဝဏ္ဏ ။
#၀၉၇၉၈၄၂၇၀၂၅၊ ၀၉၅၀၃၈၀၁၀

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333