Friday, October 21, 2022
Saturday, October 8, 2022
3:30ish
If someone says, "I'll be there at 3:30ish" does the "ish" include any time before 3:30, or only after 3:30?
“ish” translates roughly to “about” or “approximately.” 3:30ish spans the period from “a short time before 3:30” to “a short time after 3:30.”
It’s common to say something like, “I’ll be there 3:30ish, depending on traffic.” If I leave enough time to account for heavy traffic, but the traffic turns out to be very light, I may very well arrive earlier than 3:30
-ish suffix (QUITE)
used to form adjectives to give the meaning to some degree; fairly:
He had a sort of reddish beard.
She was oldish - about 60, I'd say.
We'll start at sevenish (= about seven o'clock).
Tuesday, October 4, 2022
A ။ အောင်မြင်ခြင်းနဲ့ သတ္တိ
A ။ အောင်မြင်ခြင်းနဲ့ သတ္တိ
-----------------------
၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ
ပိုက်ဆံ အရင်ရှိတာမဟုတ်ပါ။
သတ္တိအရင်ရှိတာပါ။
၂။ သူများမစဉ်းစားရဲတာကို စဉ်းစားရဲတယ်၊
သများမလုပ်ရဲတာကို စလုပ်ရဲတယ်။
၃။ မစွန့်စားကြည့်ပဲနဲ့ သင်မဖြစ်နိုင်ဘူးဆိုတာ
ဘယ်လိုလို့ သိတာလဲ၊
၄။ သတ္တိရှိတဲ့ ပထမခြေလှမ်းဟာ
ဘ၀ကွာခြားမှုရဲ့ အစပါ။
၅။ မစွန့်စားရဲခြင်းဟာ
အကြီးမားဆုံးစွန့်စားခြင်းဖြစ်တယ်။
၆။ ဆုံးရူံးမှုကို စိုးရွှံ့ ခြင်းဟာ
အောင်မြင်မူကို ငြင်းဆိုခြင်းဖြစ်တယ်။
ရ။ ရေဆိုတာ အနံ့အရသာ မရှိဘူးလို့
သိပ္ဗံဘာသာက ဆိုပါတယ်။
ရေမှာ အရသာရှိပါတယ်။
ရေတွင်းတစ်တွင်းနဲ့ တစ်တွင်း၊
ရေချောင်းတစ်ချောင်းနဲ့ တစ်ချောင်း၊
အရသာလုံး၀ကွာခြားပါတယ်။
ရေရဲ့ အရသာ ရှင်းပြရတာ ခက်ပါတယ်၊
သင်ကိုယ်တိုင် သောက်ကြည့်မှ သိနိုင်မှာပါ။
B ။ အခွင့်အရေးနဲ့ ပြတ်သားခြင်း
----------------------------
၁။ ယုံကြည်အားထားရတဲ့ ဦးဆောင်သူမှာ
ချီတုံချတုံ မရှိပါ။
ပြောတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ပါတယ်။
၂။ အချိန်ဆွဲတတ်တဲ့အကျင့်ဟာ
မကောင်းဆုံးအကျင့်ထဲမှာ ပါပါတယ်။
၃။ ကိုယ်နဲ့ မဆိုင်တဲ့အလုပ်လည်း
ကူလုပ်တတ်ပြီဆိုရင် အခွင့်အရေး
ကျရောက်လာပါတော့မယ်။
၄။ ပါးနပ်လိမ္မာတဲ့ လူအဖို့ ကိစ္စတစ်ခု
ကြုံရတိုင်း အခွင့်အရေး ဖြစ်သွားတတ်ပါတယ်။
၅။ “ တကယ်လို့များ” ဆိုတဲ့ အတွေးနဲ့
သင့်ရဲ့ ပြတ်သားမူကို မတားဆီးမိပါစေနဲ့၊
၆။ တစ်ခါတစ်လေ မှားယွင်းသွားတဲ့
ဆုံးဖြတ်ချက်ဟာ
မဆုံးဖြတ်တာထက် သာပါတယ်။
၇။ အခွင့်အရေးဆိုတာ အချိန်တိုင်းမှာ ရှိပါတယ်။
အသက်ရှင်နေသေးသ၍ ရှိနေမှာပါ။
C ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ( ပြင်းပြတဲ့ စိတ်ဆန္ဒ)
---------------------------------------
၁။ ငါ “ လိုချင်လိုက်တာ” ဆိုတာ မအောင်မြင်နိုင်ပါ။
ငါ“ ရကိုရရမယ်” ဆိုမှ အောင်မြင်မှာပါ။
၂။ အောင်မြင်တဲ့ နောင်မျိုးဆက် မဖြစ်ခဲ့ရပေမဲ့လို့၊
အောင်မြင်တဲ့ ပထမမျိုးဆက် ဖြစ်စေရမယ်။
၃။ ဖောင်ဖျက်ပြီး တိုက်ပွဲ၀င်ရင် နိုင်ဖို့ ပိုသေချာတယ်။
၄။ စိတ်နေစိတ်ထားဟာ
ကိုယ်တက်လှမ်းမဲ့ အမြင့်ကို
အဆုံးအဖြတ်ပေးပါတယ်။
၅။ မတူညီတဲ့ အတွေ့အကြုံဟာ ကွဲပြားခြားနားတဲ့
အနာဂတ်ကို တည်ဆောက်တယ်။
၆။ ခြံစည်းရိုးကို မရမက ခုန်ကျော်ချင်ရင်
ဦးထုတ်ကို
ဟိုဘက်ခြမ်း အရင်လှမ်းပစ်ထားရဲတဲ့
ယုံကြည်မူမျိုး ရှိရပါမယ်။
D ။ ရှာဖွေတွေ့ရှိမှု ( ဆုံးဖြတ်တတ်မှု)
------------------------------
၁။ အောင်မြင်သူတို့ဟာ
ဆုံးဖြတ်ချက်ချဖို့ ၀န်မလေးကြပါ။
၂။ ကျွန်တော်တို့ ပတ်၀န်းကျင်မှာ အောင်မြင်ဖို့
အခွင့်အရေး မရှားပါးပါ။
တွေ့ရှိတတ်တဲ့ မျက်လုံး၊ အနှံခံတတ်တဲ့
နာခေါင်း ရှားပါးနေခြင်းဖြစ်တယ်။
၃။ လူထူးချွန်ဖြစ်ချင်ရင်တော့၊
လူသာမာန်တို့ရဲ့ အထင်အမြင်ကို
သင့်ဝေးကွာရပါလိမ့်မယ်။
၄။ ရည်ရွယ်ချက်တိကျပါစေ၊
ဆုံးဖြတ်ချက်ခိုင်မာပါစေ။
ကိုယ်ဘယ်နေရာသွားမယ်ဆိုတာ
အဓိအကျ သိသများကို
ကံကြမ္မာက ပိုပြီးအခွင့်အရေးပေးပါတယ်။
၅။ စီးပွားရေးသမားတို့ရဲ့ ဆဋ္ဌအာရုံဆိုတာ
မွေးရာပါမဟုတ်ပါ။
အတွေ့အကြုံရဲ့ အသီးအပွင့်သာဖြစ်တယ်။
E ။ ဥာဏ်ပညာ
-------------
၁။ အောင်မြင်သူများဟာ သူများဦးနောက်ကို
ဖောက်စားတတ်သူများဖြစ်ကြတယ်။
၂။ ညံ့တဲ့လူများရဲ့ ဆရာလုပ်နေခြင်းထက်၊
တော်တဲ့သူများရဲ့ တပည့်ခံခြင်းဟာ
အထက်ကို ပိုရောက်လွယ်ပါတယ်။
ဒါကြောင့် အချွေအရံ ပေါများခြင်းသည်
မင်္ဂလာမဟုတ်ပါ။
၃။ အသိမဲ့တဲ့ စွန့်စားမှုဟာ
သင့်ကိုပိုမိုဆုံးရူံးစေတတ်ပါတယ်။
၄။ သတ္တိလည်းရှိမယ်၊ သတိလည်းကြီးမယ်၊
စေ့စပ်သေချာမယ်၊
၅။ သင်ကိုယ်တိုင် ဥာဏ်ကြီးရှင် ဖြစ်နေစရာမလိုပါ။
သင်အားသာချက်ကို ဖေါ်ထုတ်တတ်ဖို့တော့လိုသည်။
၆။ လှပတဲ့ စာရေးကရိယာရောင်းတယ်ဆိုပေမဲ့
တစ်ခါတစ်လေ ဘဲဥရောင်းတဲ့ဆိုင်လောက်
အမြတ်မထွက်ပါ။
၇။ စီးပွားရေး အောင်မြင်လိုလျင် စျေးပတ်၀န်းကျင်တွင်
၀င်ဆန့်ရပ်တည်နိုင်သူဖြစ်အောင် အရင်ကြိုးစားရပါမည်။
F ။ ဦးစီးဦးဆောင်မှု
----------------
၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်စစ်စစ်ဆိုတာ
စီမံခန့်ခွဲတတ်တဲ့အပြင်
သတ္တိကောင်းသူများဖြစ်ကြပါတယ်။
၂။ ခင်မင်စရာကောင်းပြီး သြဇာရှိတဲ့
ခေါင်းဆောင်ဖြစ်ပါစေ၊
၃။ သင့်ရဲ့ အသင်းကို အမြဲတက်ကြွနေပါစေ၊
၄။ နောက်လိုက်ကောင်းများလိုချင်ရင်
သင်ပေးဆပ်ရဲတဲ့ သတ္တိအရင်လိုပါတယ်။
၅။ သင်၀န်ထမ်းကိုအပြည့်အ၀ ယုံကြည်ပါ။
သူတို့သင့်ကို ပြန်ယုံကြည်လာပါလိမ့်မည်။
G။ အကြောက်တရား
-----------------
၁။ ကိုယ့်အကြောက်တရားကြောင့်
အသတ်ခံရတာမျိုး မဖြစ်ပါစေနှင့်၊
၂။ သင်ကြောက်လို့ရသည်၊ သို့သော် မျက်စိရှေ့ က
ရန်သူကိုတော့ နိုင်အောင်တိုက်ပါ။
၃။ ချီတက်ပါ၊ ချီတက်ပါ၊ ဆက်ပြီးချီတက်ပါ။
ကြောက်စရာစိတ်ထားသည်သာ
ကြောက်စရာ အကောင်းဆုံး ဖြစ်ပါတယ်။
၄။ ကြောက်လျင် ပိုလုပ်ပါ။
အကြောက်ပျောက်ဆုံးသွားပါမည်။
၅။ အဆိုးဆုံး အခြေအနေကို တွက်ချက်ထားပါ။
မျက်စိရှေ့ ပြသနာ အသေးအဖွဲ ဖြစ်သွားပါမည်။
၆။ သင်အရူံးပေးမှ တကယ်ရူံးမည်။
ရ။ အောင်မြင်ခါနီးလေ၊ ခက်ခဲလေ ဖြစ်တတ်သည်။
H ။ အကောင်းဆုံး ကြိုးစားခြင်း
-------------------------
၁။ သင်ကိုယ့်အတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။
မိမိအတွက် အလုပ်လုပ်ခြင်းဖြစ်သည်။
၂။ အောင်မြင်သူတို့သည် မွေးရာပါ
အလုပ်ရူးများဖြစ်ကြသည်။
၃။ အားကောင်းသော ရှင်ပြိုင်ဘက်ရှိခြင်းသည်
မင်္ဂလာတစ်ပါးဖြစ်သည်။
၄။ အရူးတစ်ယောက်ကဲ့သို့ အရူံးမပေးကြေး၊
၅။ စစ်သူကြီး မဖြစ်ချင်တဲ့ စစ်သား၊
စစ်သားကောင်းမဟုတ်ပါ။
၆။ အောင်မြင်သူတို့ဟာ ဝေဖန်မှု၊
လှောင်ပြောင်မှု ကို ဂရုမစိုက်တတ်သူများဖြစ်ကြသည်။
#အ_လီ_ဘာ_ဘာ