လူနှစ်ယောက် လက်ထပ်တယ်ဆိုတာ အချစ် ပါကို ပါရတယ်။
အချစ်မရှိတဲ့အိမ်ထောင်ရေး
ရေရှည်ဖို့ မလွယ်ဘူး။
ရေရှည်တယ်ဆိုရင်တောင် ဒီအိမ်ထောင်ရေးဟာ အေးစက်စက်
ဖြစ်နေပါလိမ့်မယ်။
အိမ်ထောင်ပြုပြီးမှ သူ့အချစ်တွေ
မြင်ရမှာပါ။အိမ်ထောင်ပြုပြီးမှ
တစ်ယောက်အပေါ် တစ်ယောက်
ခံစားချက်တွေ ရှိလာမှာပါ ဆိုတဲ့
အတွေးနဲ့ မစွန့်စားပါနဲ့။
မဖြစ်နိုင်လို့ပါ။ဖြစ်နိုင်ချေ အင်မတန် နည်းလို့ပါ။
အိမ်ထောင်ပြုတယ်ဆိုတာ
လူနှစ်ယောက်က အားနည်းချက်တွေနဲ့ အတူတူ ဖြတ်သန်းရတာ ဖြစ်တယ်။
ကောင်းတဲ့အချက်တွေနဲ့ ဖြတ်သန်းတာထက် အားနည်းချက်တွေနဲ့
ဖြတ်သန်းသွားရတာက လက်ထပ်ခြင်းရဲ့အဓိပ္ပာယ် ဖြစ်တယ်။အချစ်မရှိရင် တစ်ဖက်လူရဲ့
အားနည်းချက်တွေကို နားလည်
သည်းခံနိုင်မှာ မဟုတ်ဘူး။
အချစ်ရှိမှသာ မပြည့်စုံခြင်းနဲ့
အပြစ်အနာအဆာများကို
နားလည်ပေးနိုင်မှာ ဖြစ်တယ်။
အချစ်မရှိရင် အိမ်ထောင်ရေး
မခိုင်မြဲနိုင်ဘူး၊မပျော်နိုင်ဘူး။
ငြိုငြင် အပြစ်တင်လာလိမ့််မယ်။
အချစ်မရှိရင် သူ မင်းဘေးမှာ
လာထိုင်ရင်တောင် မကြိုက်သလို ခံစားမိတယ်။မင်းကို ထိဖို့ဆိုရင်
ပိုလို့တောင် ပြောစရာမလိုတော့ဘူး။ပိုက်ဆံအတွက်နဲ့လည်း လက်မထပ်ပါနဲ့။
ပိုက်ဆံအတွက်နဲ့ လက်ထပ်တယ်ဆိုတာ လစာယူပြီး အလုပ်သွားနေရတာနဲ့ တူတယ်။အလုပ်ကို အမြဲ ဝမ်းသာအားရနဲ့ သွားတဲ့လူ မရှိပါ။
လက်ထပ်ရမှာကြောင့်နဲ့ လက်မထပ်ပါနဲ့။
ပိုက်ဆံအတွက်နဲ့ လက်မထပ်ပါနဲ့။
ရုပ်ရည်အတွက်နဲ့ လက်မထပ်ပါနဲ့။
အသက်အရွယ်ရလာလို့၊လူတွေ ဇွတ်ပြောနေလို့ လက်မထပ်ပါနဲ့။
အချစ်အတွက်နဲ့သာ လက်ထပ်ပါ။
ချစ်မှ လက်ထပ်ပါ။
မချစ်တဲ့လူနဲ့လက်ထပ်တယ်ဆိုတာ
နံနံပင် မစားတဲ့လူကို အတင်း စားခိုင်းတာနဲ့ တူပါတယ်။
အချစ်မရှိရင် ဘယ်အရာမှ
အဆင်မပြေနိုင်ဘူးနော်။
မချစ်ဘဲ မဖြစ်မနေ အိမ်ထောင်ပြုရမယ်ဆို တစ်ယောက်တည်း နေတာကမှ ပိုတောင် ကောင်းဉီးမယ်။
#နူးနူးအောင်
0 comments:
Post a Comment