Monday, June 11, 2018

Good saying!

ဘဝဆိုတာတကယ်တိုတိုလေးပါလား
အသက်​ရှင်​စဉ်​မှာ... ချစ်​နိုင်​သမျှ ချစ်​​ပေးပါ
ပြီး..ခွဲခွာနိုင်​ဖို့လည်း.အသင့်​ပြင်​ထား​ပေးပါ..။
🔺---------------------------------🔺
ကိုယ်​ချစ်​ရတဲ့သူ​တွေဟာ...
ကိုယ့်​အနားမှာ အမြဲရှိ​နေမှာ
သေချာရဲ့လား...ကွယ်​..
သုသာန်​မှာ..​ခေါင်းတိုင်​ကထွက်​လာတဲ့
မီးခိုး​တွေ ကုန်​ဆုံးသွားချိန်​...
ဘဝတစ်​ခုဟာ..
အပြီးသတ်​သွားတယ်​..။
ကျွန်​တော်တို့ချစ်​​သော...
ခင်​ပွန်း..ဇနီး.သားသမီး..မိဘ..​မောင်​နှမ..
အားလုံး ဒီလမ်းကိုသွားရမှာ သိသိကြီးနဲ့
ကျွန်​တော်တို့ဘာ​တွေလုပ်​​နေကြသလဲ...
ရန်​ဖြစ်​ကြတယ်​..စိတ်​​ကောက်​ကြတယ်​..
မာနပြိုင်​ကြတယ်​..ဓနပြိုင်​ကြတယ်​..
ကဲ့ရဲ့ကြတယ်​..စွပ်​စွဲကြတယ်​..
ရှုံ့ချကြတယ်​..ပစ်​ပယ်​ကြတယ်​..
အနိုင်​ယူကြတယ်​.. စွန့်​ပစ်​ကြတယ်​...
အမျိုးမျိုး​သော..စိတ်​မိုက်​​တွေနဲ့...
မောဟ​တွေ.​လောဘ​တွေ.​ဒေါသ​တွေနဲ့...
ချစ်​တဲ့သူ​တွေကို ချစ်​​ပေးဖို့..
ဂရုစိုက်​​ပေးဖို့..​မေ့​လျော့​နေကြတယ်​..။
ကျွန်​တော်တို့​မေ့​လျော့ကြပုံက..
သူတို့ဟာ တသက်​လုံးရှိ​နေမှာလိုလို...
တကယ်​လို့ မနက်​ဖြန်​ သူတို့​သေမယ်
ဆိုတာသိရင်​..
ဒီ​နေ့ သူ့ကို တင်းကျပ်​စွာ​ပွေ့ဖက်​ထားပြီး..
ချစ်ေ​သာစကားကို ဆိုမိကြမယ်​မလား..
နောက်​လ မှာ သူ​သေမှာသိရင်​ ခုချိန်​မှာ
သူဆန္ဒ္ဒကိုဖြည့်​ဆည်း​ပေးမိကြမယ်​မလား..။
ဒါ​ပေမယ့်​ သူဟာအကြာကြီးမ​သေပဲရှိဦးမယ်​ လို့သာထင်​ပြီး ​မေ့​မေ့​လျော့​လျော့ပဲ​နေမိကြ​တယ်​...ဗြုန်းကနဲ​သေချိန်​...
ငါဘာ​လေးလုပ်​မ​ပေးလိုက်​ရ​လေခြင်းလို့..
နောင်​တကြီးစွာဖြစ်​ကြရတယ်​..
သူရှိတုန်းက ဒီလို​လေး​ပြောဖြစ်​ခဲ့ရင်​ဆိုတဲ့ 
နောင်​တနဲ့ ကြီးစွာ​သောက​ရောက်​ကြရတယ်​..။
ငါသည်​ ဘယ်​အချိန်​မှာမဆို​သေနိုင်​သည်​..
ငါသည်​ ဘယ်​​နေရာမှာမဆို ​သေနိုင်​သည်​..
ငါသည်​ ဘယ်​ပုံစံနဲ့မဆို ​သေနိုင်​သည်​..တဲ့..
အဲဒါဟာ.. မနက်​ဖြန်​ဆိုရင်​​ရော...။
ကိုယ်​ချစ်​ရသူ နက်​ဖြန်​​သေမှာဆိုရင်​​ရော..
ကိုယ်​..မနက်​ဖြန်​​သေမှာ ဆိုရင်​​ရော..
ဒီလို​တွေးမိလာ​တဲ့အခါ...
သားသမီးကိုမှာစရာ​လေး​တွေ ​ပြောထား​ပေးဖို့..
မိဘကို အရာရာဖြည့်​ဆည်း​ပေးဖို့..
ဇနီးခင်​ပွန်းကို ကြင်​နာ​ဖေးမ​ပေးဖို့..
အရာရာခွင့်​လွှတ်​ပြီး.. နားလည်​​ပေးဖို့..
ကျွန်​တော်တို့အဆင်​သင့်​ဖြစ်​သွားပါတယ်​..။
သူ..ဆိုတာ..
သေပြီးရင်​...
တသက်​လုံးမ​တွေ့ရ​တော့ဘူး​လေ..
အိပ်​မက်​မှာ​တွေ့ချင်​ရင်​​တောင်​..
တွေ့ခွင့်​မရ​တော့တာမျိုးပါ..။
ဒါ​ကြောင့်​..
ရှင်​​နေစဉ်​ကာလ...
ချစ်​တယ်​လို့​ပြောဖို့ဝန်​မ​လေးကြပါနဲ့..။
ဆန္ဒ ​တွေဖြည့်​ဆည်း​ပေးဖို့
မ​မေ့​လျော့ကြပါနဲ့..။
သား​လေး ဘာလိုချင်​လဲလို့တခါ​မေးတိုင်း..
မေ​မေ..ဘာလိုအပ်​လဲ..
ဖေ​ဖေ..ဘာလုပ်​​ပေးရမလဲ.. ဆိုတာပါ..
တွဲပြီးသတိရမိပါ​စေ..
ချစ်​သက်​တမ်းဘယ်​​လောက်​ကြာလာလာ...
မေကြီး​ရော.မင့်​ကိုကိုယ်​ချစ်​လိုက်​တာ..
ဖေကြီး​ရေ..​ကျေးဇူးတင်​ပါတယ်​​နော်​..လို့..
ချစ်​ခင်​ယုယမှု​လေး​တွေ ပြ​ပေးလိုက်​ကြစမ်းပါ..။
ဆိုး​ပေမိုက်​မဲ တဲ့ သားကိုလည်း
တသက်​လုံးစကား​ကောင်း​ကောင်း
မ​ပြောခဲ့တဲ့​ဖေ​ဖေက
သား​လေး..မင်းကိုအ​ဖေ ချစ်​တယ်​လို့ 
ပြော​ပေးလိုက်​ပါ.
ဖေ​ဖေသားကို ခွင့်​လွှတ်​ပါ လို့
ထိုင်​ကန်​​တော့လိုက်​ပါ..။
ချစ်​ရဲ့ ​ကျောခိုင်း​နေတဲ့ ချစ်​သူ​တွေ 
ပြေးဖက်​လိုက်​ကြစမ်းပါ...။ အဲဒီ
မာနဆိုတာ​တွေဟာ.. သချိုင်းမှာ
အလကားပါပဲ..။
ပြီး...
တ​နေ့..
သေမှာ..ဘယ်​သူအရင်​လဲမသိ​လေ​တော့..
သဲအူပြတ်​မတတ်​ မခံစားရ​အောင်​..
သူလည်း..ရုပ်​နဲ့ နာမ်​..တချိန်​ပျက်​စီးမယ်​..
ငါလည်း ရုပ်​နဲ့နာမ်​..တချိန်​ပျက်​သုန်းမယ်​..
မြေး​ပေါက်​စ​လေးလဲ ရုပ်​နဲ့နာမ်​..
သူ့သက်​တမ်းရှိသ​လောက်​ပဲ​နေမယ်​..
စသည်​...မရဏနုသတိ​လေး ညအိပ်​ကာနီး
တိုင်းဆင်ခြင်​ပြီး
သေချင်​တဲ့အချိန်​​သေကြမယ်​..
ရေစက်​ပါလို့​တွေ့ကြပြီး သံသရာမှာလည်း ​တွေ့ဆုံနိုင်​​သေးတယ်​ဆိုတာ...
နှလုံးသားထဲစွဲထင်​​အောင်
လေ့ကျင့်​ထားကြဖို့လဲ လိုအပ်​ပါတယ်​...
ကိုယ်​တိုင်​လည်း ​သေတတ်​​အောင်​..
သူ​သေလည်း ကျန်​​နေတတ်​​အောင်​..
လေ့ကျင့်​ကြဖို့လိုတယ်​...
ကျွန်​တော်တို့ဟာသေချာပေါက်
သေကြမှာပဲ​လေ..။
ဒီ​တော့..
မ​သေခင်​.. ​မေတ္တာထားချစ်​ခင်​​ပေးကြပါ..
ပျော်​​ရွှင်​လွတ်​လပ်​စွာ​နေထိုင်​သွားကြပါ..
ပြီး...တော့
သေရင်​ခွဲခွာဖို့အတွက်​လည်း
အသင့်​ပြင်​ထားကြပါ..
credit- original writer



0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333