Thursday, March 10, 2011

ဆင်းရဲမှုများ၊ မတူညီမျှမှုများ၊ နှင့် ဖွံဖြိုးရေး Absolute poverty and Relative poverty



မတူညီမျှမှုများကိုတော့ Lorenz curves, Gini coefficients တွေနဲ.တိုင်းတာပါတယ် (ဒီမှာ ဗီဒီယို ကိုကြည့်ပါ)
relative poverty and absolute poverty ဆိုတာတွေနဲ.လည်းတိုင်းတာပါတယ်၊

         Absolute poverty
ဆိုတာက လူတွေမှာ အသက်ရှင်ဖို.အတွက် မရှိမဖြစ်လိုအပ်တဲ. (၀ါ) အနဲနဲဆုံး ရှိထားသင့်တဲ အစားအစာ၊ အ၀တ်အစား၊ နေထိုင်ရာနေရာ တွေနဲ.တိုင်းတာပါတယ်။ ဘရိတ်ဒါးရဲ. ထိပ်ဖျားမှာနေ နေသူတွေလို.ဆိုနိုင်ပါတယ်။ အခန်.မသင့်ရင် အချိန်မရွေး စာလောင်မှုတွေ၊ လမ်းဘေးမှာတောင် အိပ်စရာနေရာ မရှိတော့ တာတွေ ဖြစ်နိုင်ပါတယ်။ ဒီကမ္ဘာမှာ လူဦးရေ ပျန်းမျှ . ဘီလီယန် ရှိသည်.အနက် ဘီလီယန် သန်းဟာ တစ်နေ. ကို ဒေါ်လာ လောက်တောင်မရပဲ အသက်ရှင်နေကြရပါတယ်။ ကျွန်တော်တို.ကတော့ တနေ.ကို ဒေါ်လာ ၁၀၀ ၁၅၀ လောက်နဲ.နေထိုင်နေကြပါတယ်။ အာရှက သာမန်ပုဂိုလ်တွေလဲ အခြားခတွေ မပါပဲနဲ. စားစရိတ်၊ နေစရိတ် တင် အနဲဆုံး ဒေါ်လာလောက်တော့ သုံးနေကြပါတယ်။ ဒါဟာ ဆင်းရဲသူတွေထက် အဆ ဆလောက်ပိုသုံး နိုင်တာပါ။

Relative poverty ဆိုတာကတော့ သူတို.နေထိုင်ရာ လူမှုအသိုင်းအ၀ိုင်းအတွင်း မှာပဲ တိုင်းတာတာပါ။ သူတို.နေထိုင်ရာ လူမှုအသိုင်းအ၀ိုင်းအတွင်း မှာ သန်မန် လူနေမှု အဆင့်အတန်းထက် နိမ့်ကျတဲ. သူတွေကို တိုင်းတာတာပါ။ ဒီတိုင်းတာ မှုဟာ အဲဒီ လူမှုအဖွဲ.အစည်း တိုးတက်လာတာနဲ.အမျှ လူနေမှု အဆင့်အတန်းတွေလည်းပြောင်းလဲပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ အခု ဒေါ်လာ လောက်ရမှ အသက်ရှင်တယ်ဆိုပါစို. နောက်နှစ် ၃၀ လောက်ကြတဲ.အခါ လူနေမှုအဆင့်အတန်းတွေ တိုးတက်လာတယ် ဆိုပါစို. relative poverty နဲ.တိုင်းတာမယ်ဆို မြန်မာနိုင်ငံမှာပဲ တစ်နေ.ကို ဒေါ်လာ ၂၀၀ မသုံးနိုင်တဲ. သူတွေပဲ လူနေမှု အဆင့်အတန်း အောက် အဲဒီလူမှုအဖွ.ဲအစည်းမှာ ရောက်ကြပါတယ်။ ဒါကြောင့် ဒီ Relative poverty တိုင်းတာ မှုဟာ အဲဒီ လူမှုအဖွဲ.အစည်း တိုးတက်လာတာနဲ.အမျှ လူနေမှု အဆင့်အတန်းတွေလည်းပြောင်းလဲပါတယ်။ Relative poverty နှုန်းထားတွေ အောက်ရောက်နေရင် အဲဒီလူဟာ အသက်မရှင်နိုင်ဘူးလို. သေချာပေါက်ပြောလို. မရပါဘူး။



ဆင်းရဲမှုကို တစ်နေ.လောက် ခံစားကြည့်ပါ…………..
လာမဲ. ၂၀၁၁ မေလ ရက်နေ.မှာ ထမင်း အနပ်တိုင်းအတွက် ဘာမမထည်.ဘဲ၊ အရွက်တွေလဲ မပါ၊ အသားလဲမပါ၊ အရသာ နဲနဲ နဲ. စားကြည့်ပါ။ ကမ္ဘာကလူအများစု ဟာ အဲဒီလို နေ.တိုင်း စားနေကြရတာပါ။ တစ်ချို.ဆိုရင် အဲဒီလိုမျိုး ကို တစ်နေ.မှာ တစ်နက်ပဲစားရပါတယ်။ ကျွန်တော်တို. ဘယ်နှစ်ယောက် လုပ်နိုင်မလဲ စမ်းကြည်.ရအောင် hah.


ဖြေရှင်းဖို. အကြံပေးထားတာတွေကတော့ ပညာရေးကထိပ်ဆုံးက ပါဝင်ပါတယ်။ အစိုးရတွေရဲ. ပညာရေးစနစ်ပါ။ နောက်ပြီးတော့ နည်းပညာ ပါ။ နည်းပညာ ဘက်မှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုရမှာပါ။ နည်းပညာဆိုလို. နည်းပညာ တက္ကသိုလ်တွေ.ကြီး လိမ့်ဖွင့်ပြီး အရေအတွက်တွေ များပြီး အရည်အချင်း မရှိရင်လည်း မရသေးပါဘူး။ အရေအတွက်လည်း ရှိသင့်သလောက်ရှိပြီး အရှိအချင်းလဲ ရှိရပါမယ်။ ဒါမှ လူသားတွေရဲ. နေရာမှာ စက်တွေကို အစားထိုး နိုင်ချေတွေ ဖြစ်လာမှာပါ။ ဒါကိုပဲ စက်မှုတော်လှန်ရေး ဘာတွေ ညာတွေ ခေါ်ကြတာ ပါပဲ။ စက်တွေ အများကြီး နေရာမှာ လည်း နည်းပညာမြင့်လာတဲ့ အခါ စက်တစ်လုံးထဲ က စက် ၁၀ ခု အစား အလုပ်လုပ်နိုင်မှာပါ။ ဒါကြောင့် နည်းပညာ တွေ စက်တွေ မှာ ရင်းနှီး မြုပ်နှံမှုတွေ ပြုရမယ်လို. ဆိုပါတယ်။
 
ဈေးကွက်စီးပွားရေးစနစ်ကြီး ဟာ အရမ်းရှုပ်လို.လာတဲ.အခါ အစိုးရအသီးသီးကလည်း ထိမ်းချုပ် မနိုင်တော့ ပါဘူး။ ဒါကြောင့်ဈေးကွက် ကို ဈေးကွက်ကသာ ဆုံးဖြစ်နိုင်တဲ. သင့်တော်တဲ. အခြေအနေတစ်ရပ်လည်းလိုအပ်ပါတယ်။ လုံးဝ ဈေးကွက်ကို ချက်ချင်းကြီး အနောက်တိုင်းကပြောသလို (၀ါ) အနောက်တိုင်းက ပြန်လာတဲ. အချို. အစိုးရပုဂိုလ်ကြီးတွေ၊ ပါမောက တွေ၊ ကျောင်းသားတွေ တင်ပြသလို ဖွင့်ပေးဖို.ကိုလည်း ဆိုလိုတာမဟုတ်ပါဘူး။ ဈေးကွက်ကို အကုန်လုံး ချက်ချင်းဖွင့်ရင် ဆင်ကြီးတွေကို လုံးဝ နိုင်အောင် တိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို. အာ၇ှက ကျားလေးကောင်လို exports များများတင်ပြီး တိုးတက်အောင်လုပ်နိုင်ပါစေ (အာရှ ကျားလေးကောင် - စင်ဂပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်) အခြား ဖွင့်ဖြိုးဆဲနိုင်ငံ အချင်းချင်း အရင်ကုန်သွယ် ပြီး မှာ ကမ္ဘာအဆင့်မှာ ရင်ဘောင်တန်းကြအောင်ပါ။ ဒါကြောင့် ဖွံ.ဖြိုးရေးမှာ အစိုးရတွေက အရမ်းမချုပ်ကိုင်တဲ. အခြေအနေတစ်ရပ်လည်း လိုအပ်ပါတယ်။
မတူညီမျှမှုတွေ အနောက်လို နိုင်ငံတွေမှာ ရှိနေပေမဲ. Relative poverty အရ သူတို. ရဲ့ဆင်းသူတွေဟာ တစ်နေ.ကို ဒေါ်လာ အဆပေါင်းများစွာ ဆင်းရဲတဲ.နိုင်ငံတွေထက်ပိုရကြပါတယ်။ ဆင်းရဲတဲ.နိုင်ငံတွေလာပြီး မြို.ကြီးတွေမှာ အေးအေးလေး နှပ်နေနိုင်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ဟာ ဒီနေ၇ာမှာ အားလုံးကို အကျိုးသက်ရောက်စေပါတယ်။






0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333