Sunday, February 6, 2011

ဘာသာတိုင်းအတွက် သင့်တော်သော စာစုများ (ဆရာတော်ဦးဇောတိက ၏ ဘ၀ဆိုတဲ. ကျောင်းမှ စာစုများ)




• သူတစ်ပါးကို အပြစ်မြင်လို.ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည်.ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးကို ကောင်းတာမြင်ရင်လည်း အဲဒီလိုကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ ကောင်းသထက်ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင်ကြိုးစားရမယ်။

• တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ. အသိဥာဏ်ကိုရတာပါ။ အလေးနက်ဆုံး အသိဥာဏ်ကို ဘ၀အတွေ.အကြုံ.ကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံးစာအုပ်ပဲ။

• အများအကျိုးကို တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ.လူဆိုတာဟာ သူ.ကိုယ်သူ လေးစားမှုရှိရမယ်။ တည်ကြည်ဖြောင့်မတ်မှုရှိရမယ်။ အများကိုလည်း လေးစားမှုရှိရမယ်။ အဲဒီလို လူသာလျှင် အများအကျိုးကို တကယ်ဆောင်ရွက်နိုင်တဲ့သူ ဖြစ်တယ်။


• စကားတစ်ခု ပြောမယ်ဆိုရင် စိတ်ထဲမှာ နှစ်ခါလောက် ပြောကြည့်ပြီးမှ သင့်တော်မှ ပြောပါ၊ ကိုယ့်ကို အများက လေးစားတာကို လိုလားရင် သတိနဲ. ဥာဏ်နဲ. ယှဉ်ပြီးတော့ ပြောပါ၊ လုပ်ပါ၊

• ဟိုနေရာဟာ ဒီနေရာထက် ပိုမကောင်းဘူး။ အနာဂတ်ဟာ ပစ္စုပ္ပန်ထက်ပို မကောင်းဘူး။ သင် မျှော်လင့်တဲ. အနာဂတ်ဟာ ပစ္စုပ္ပန် ဖြစ်လာတဲ.အခါ သင့်မှာ အဲဒီ ပစ္စုပ္ပန်ထက် ပိုကောင်းတယ်လို. ထင်ရတဲ. နောက်ထပ် အနာဂတ်တစ်ခု ရဦးမှာပဲ။မျှော်နေတာက ဆုံးမှာမဟုတ်တော့ဘူး။ အခုနေရာမှာပဲ ရသလောက် တရားအားထုတ်ပါ။ ကိုယ်.စိတ်ကို သိနေပါ။

• အပျော်ဆုံးလူဆိုတာ ကိုယ့်မှာရှိတဲ. အရည်အချင်းတွေ အကောင်းဆုံး ထွက်ပေါ်လာအောင် လုပ်နိုင်တဲ.သူ ဖြစ်တယ်။ ဘယ်လို အရည်အချင်းပဲဖြစ်ဖြစ် ကိုယ့်အရည်အချင်းကို ထုတ်လိုက်ရရင် လူဟာကျေနပ်မှု နည်းနည်းတော့ ရတာပဲ။

• ကိုယ်ကိုယ်ကို အားကိုးရလေလေ ကိုယ့်ကိုယ်ကို ပိုချစ်လေလေ၊ သူတစ်ပါးကိုလည်း ပိုချစ်လေလေ ပိုတန်ဖိုးထားလေလေပဲ။ သူတစ်ပါးကလည်း ကိုယ့်ကို အရင်ထက် ပိုပြီးချစ်လာ၊ တန်ဖိုးထားလာတယ်။

• သူတစ်ပါးကို တန်းဖိုးချလိုက်ရင် ကိုယ့်ကိုယ်ကိုပါ တန်းဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင် ကိုယ့်ကိုယ်ကို လေးစားလို.မရတော့ဘူး။



ဆရာတော်ဦးဇောတိက (ပျဉ်းမနားမဟာမြိုင်တောရဆရာတော်)

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333