Saturday, December 29, 2007

သီးလေးသီးအငြိမ့်အဖွဲ့ ပြည်ပ (၃) နိုင်ငံ၌ လှည့်လည်ဖျော်ဖြေမည်



တန်ဆောင်တိုင်ပျက်လုံးများဖြင့် လူထုအကြား နာမည်ကြီးနေသည့် သီးလေးသီးအငြိမ့်အဖွဲ့သည် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌ လှည့်လည်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သီးလေးသီး အငြိမ့်အဖွဲ့က ပြောသည်။ဒီဇင်ဘာ (၃၀) ရက်၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဇန်န၀ါရီ (၆) ရက်၌ ပီနန်မြို့၊ (၁၂) ရက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် (၁၉) ရက်၌ စင်ကာပူမြို့တို့တွင်ကပြရန် စီစဉ်ထားကြောင်း စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာက ပြောသည်။၎င်းက “ဘယ်အထိမ်းအမှတ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ကျနော်တို့ ဆေးရောင်စုံအဖွဲ့က ပြည်ပ ထွက်ပြီးတော့ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာပြည်သူတွေကို ဖျော်ဖြေတဲ့ပွဲပဲပေါ့။ကျနော်တို့ ရှေ့မှာသီချင်းလေးတွေဆိုမယ် သံချပ်ထိုးမယ် ပြီးရင်အငြိမ့်ကမယ်” ဟု ပြောသည်။စင်ကာပူပွဲအပြီးတွင် ပြည်ဝင်ခွင့်ဗီဇာအဆင်ပြေပါက ဇန်န၀ါရီ (၂၅ နှင့် ၂၆) တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌့ သွားရောက် ဖျော်ဖြေရန်ဆန္ဒရှိပြီး အမေရိကန်နိုင်ငံရှိ မြန်မာပရိသတ်များကလည်း လာရောက်ဖျော်ဖြေရန် ကမ်းလှမ်းထားသည်ဟု ဂေါ်ဇီလာက ပြောသည်။ ဒီဇင်ဘာ (၃၀) ရက် မလေးရှားတွင် ဖျော်ဖြေမည့်အငြိမ့်ပွဲကို ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာ ကုန်တိုက်၌ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်မည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး မလေးရှားငွေ (၂၅) ရင်းဂစ် သတ်မှတ်ထားကြောင်း ပွဲစီစဉ်သူတို့ကပြောသည်။ဇန်န၀ါရီ (၁၉) ရက် စင်ကာပူအငြိမ့်ပွဲကို လဗန်းဒါးဘူတာရုံအနီးရှိ Foo Chow အဆောက်အဦ၌ ကပြမည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး စင်ကာပူ ဒေါ်လာ (၂၀) ခန့် ကောက်ခံရန်ယာထားကြောင်း သိရသည်။သီးလေးသီးအငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ) တို့ ပါဝင်ကပြဖျော်ဖြေမည်ဖြစ်သည်။စက်တင်ဘာအရေးအခင်းအပြီး ကပြခဲ့သည့် သီးလေးသီးအငြိမ့်၏ တန်ဆောင်တိုင်ပျက်လုံးများ အနက် “ရန်သူမျိုးငါးပါးဆိုတာက ရေ၊ မီး၊ မင်း၊ သူခိုး၊ မချစ်မနှစ်သက်သူ ငါးပါးနော်။ ခု ပြောင်းသွားပြီ မင်းရယ်၊ သူခိုးရယ်၊ မချစ်မနှစ်သက်သူရယ်က တယောက်တည်းဖြစ်သွားလို့” ဆိုသည့်ပျက်လုံးနှင့် “မသိုးသင်္ကန်းများ မကပ်လိုက်ရဘဲ သိမ်းထားလိုက်ရသည့်အတွက် သိုးကုန်ပြီ” ဆိုသည့် ပျက်လုံးတို့မှာ ရေပန်းစားသည်။ ။

Friday, December 28, 2007

Benazir Bhuttho was fianlly laid to rest
The Pakistani government says it has evidence that Al-Qaeda was behind the killing of the opposition leader, Benazir Bhutto.

Wednesday, December 26, 2007

အကွက်များအလွယ်တကူတွက်နည်း (factorial) Or ချဲအကွက် တွက်နည်း


2!=1x2=2
ဥပမာ 3!=1x2x3=6........ ဒီလို ၃ လုံးပတ်လည်ရိုက်ရင် ၆ ကွက်ရမှာပါ။ ၅ လုံးပတ်လည်ရိုက်ရင် ဘယ်လောက်ရမတုံး ဗျာ။ အဖြေကို နောက်ဆုံးမှာရေးထားပေးပါတယ်။
ဆိုလိုတာက
၃၄၅ ဂဏန်း ၃လုံးကိုပတ်လည်ရိုက်ရင် အကွက်၆ကွက်ရမယ်လို.ဆိုလိုတာပါ၊
၃၄၅
၃၅၄
၄၃၅
၄၅၃
၅၃၄
၅၄၃ ကို ဒီလို 3!=1x2x3=6 ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ မြောက်ဖော်ကိန်း (Factorial) နဲ.တွက် ထုတ်တာပါ.ဆက်တွေးကြည်.ပါ၊
၅ လုံးပတ်လည်ရိုက်မယ်ဆို ရင် ၅! = 1x 2x3x4x5 = 120 ကွက်ရမှာဖြစ်ပါတယ်။ မယုံရင် အပေါ်ကလိုမျိုး ရေးချကြည်.ပါ။
"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333