Monday, April 11, 2011

“စိတ်ချမ်းသာမှုဟာ ဘ၀ခရီးလမ်းဆုံးမဟုတ်ပါဘူး၊ စိတ်ချမ်းသာမှုဟာ ဘ၀လမ်းခရီး သို.မဟုတ် ဘ၀နေနည်းပါ။”



“စိတ်ချမ်းသာမှုဟာ ဘ၀ခရီးလမ်းဆုံးမဟုတ်ပါဘူး၊ စိတ်ချမ်းသာမှုဟာ ဘ၀လမ်းခရီး သို.မဟုတ် ဘ၀နေနည်းပါ။”

အမြဲတမ်းစိတ်ချမ်းသာချင်ရင် အခုစိတ်ချမ်းသာအောင် နေပါ။
အခုဆိုတဲ.အချိန်ဟာ ဘယ်တော့မှ ပျောက်မသွားဘူး။
သူ.နေရာမှာသူ အမြဲရှိနေတယ်။ ဒါကြောင့် အခုစိတ်ချမ်းသာ
အောင်နေနိုင်မှ အမြဲစိတ်ချမ်းသာမယ်။

ကိုယ့်ဘ၀မှာ ဘာအခက်အခဲ ဘာပြသနာမှမရှိရင် ကောင်းမှာပဲလို.
မျှော်လင့်နေရင် ဘယ်တော့မှ စိတ်ချမ်းသာမှာ
မဟုတ်တော့ဘူး။ အရေးကြီးတာက ပြသနာမရှိဖို. မဟုတ်ဘူး။
ပြသနာကို အကောင်းဆုံးနည်းနဲ. ဖြေရှင်းဖို.။

ငါဟာ လွတ်လပ်တဲ.သူလို. ပြောချင်ရင် ငါစိတ်ချမ်းသာမှုဟာ
ငါ့လက်ထဲမှာ ရှိတယ်လို. ပြောနိုင်မှ ရမယ်။ စိတ်မချမ်းသာ
သေးဘူးဆိုရင် မလွတ်လပ်သေးဘူး။

ကိုယ့်စိတ်ထဲမှာ စိတ်ချမ်းသာမှုကို ရှာတွေ.ဖို.မလွယ်ဘူး
ဆိုပေမယ့် တခြားနေရာမှာရှာတွေ.ဖို.ကတော့ မဖြစ်နိုင်ပါဘူး။

ဆရာတော် ဦးဇောတိက စိတ်ချမ်းသာဖို.လိုရင်းပါ မှ

Sunday, April 3, 2011

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်

လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။



ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။



အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်” လို့ပြောတယ်။



“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”



“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”



အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်



“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”



“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”



လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။



“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”



“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”



မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။



“ဘယ်သွားမလို့လဲ.. ကောင်လေး”



“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”



“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”



လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

Source: Nyimin's blog

Saturday, April 2, 2011

အလုပ်တွင် မွေ.လျော်ခြင်း

အလုပ်တွင် မွေ.လျော်ခြင်း

လောကကြီးက ကိုယ်.စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ၊ သူ.ဟာသူ ဖြစ်ချင်သလို ဖြစ်နေတဲ. လောကကြီး၊ ဒီလောကကြီးထဲမှာ ကိုယ်က မွေးဖွားလာရတာ။ ဒါကို နားလည်ပြီး၊ ညိုနှိုင်းပြီးနေသွားရမှာ။

လူ.အသိုင်းအ၀ိုင်း ပိုကောင်းလာဖို.
လူတိုင်းမှာ တာဝန်ရှိတယ်။
အဲဒီလူတိုင်းဆိုတဲ.အထဲမှာ ငါလည်းပါတယ်။
ငါ့မှာ တာဝန်ရှိတယ်။

သူများကို နားလည်တာနဲ. ကိုယ့်ကိုယ်ကို
နားလည်တာနဲ.ဟာ ဆက်စပ်မှုရှိနေတယ်။
သူများကို ပိုနားလည်လေလေ
ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လေလေပဲ။
"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333