ချမ်းသာတယ်ဆိုတာဘာလဲ။
ချမ်းသာတယ်ဆိုတာစိတ်ရဲ့အရည်အသွေး Quality of Mind တစ်ခုပဲ ဖြစ်ပါတယ်။
လူအတော်များများဟာ ချမ်းသာခြင်း ဆိုတာကို ပြင်ပပိုင်ဆိုင်မှုတွေနဲ့ ချိတ်ဆက်တတ်ကြတယ်။ ကားတစ်စီး၊ အိမ်တစ်လုံး၊ ပိုက်ဆံများများ၊ မဂ္ဂဇင်းအဖုံးပေါ်က အောင်မြင်မှုဟန်ပန်ပုံရိပ်တွေကချမ်းသာမှုရဲ့ အဓိပ္ပာယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းချမ်းသာမှုဆိုတာ ပြင်ပကနေ..ရတဲ့အသိအမှတ်ပြုမှုတွေနဲ့ လုံးဝမသက်ဆိုင်တဲ့စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။
ရင်ထဲမှာပြည့်စုံနေရင် စိတ်ချမ်းသာတာပါပဲ။မိမိရဲ့ဘဝကို စိတ်အတွင်း Inner Power နဲ့ပြည့်ဝစွာခံစားတတ်တဲ့အခါ၊ တကယ့်ချမ်းသာမှုကို ရစေတယ်။ ကိုယ့်ရဲ့ပြည့်စုံမှုဟာ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေ၊ ပတ်၀န်းကျင်ရဲ့အသိအမှတ်ပြုမှုတွေ၊ ရာထူးစည်းစိမ်တွေပေါ် မူတည်ခြင်းမရှိဘဲ ကိုယ့်အတွင်းမှာပဲ ဖြစ်တည်နေပါတယ်။
လောကရဲ့အထင်ကြီးမှုတွေကို မလိုအပ်တဲ့အချိန်မှာ.. ငါတကယ်ပျော်ရဲ့လား..စိတ်ချမ်းသာရဲ့လား..ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးနိုင်ပြီဆိုတဲ့အခါတကယ့်ချမ်းသာမှုနဲ့ နီးကပ်လာတာပါပဲ။ ကိုယ့်နေ့စဉ်လုပ်ဆောင်မှုတွေအားလုံးကို ပြည့်စုံအောင် ကြိုးစားပြီး ကိုယ့်ရဲ့ရိုးရှင်းတဲ့နေ့စဉ်ဘဝကို ခံစားနိုင်လေ ချမ်းသာမှုဟာ ပိုမိုနက်ရှိုင်းလာလေပါပဲ။
ချမ်းသာမှုကို Manifest လုပ်တယ်ဆိုတာ ပိုက်ဆံတွေအများကြီးရဖို့လား၊ပစ္စည်းဥစ္စာတွေပိုင်ဆိုင်ရဖို့လားမေးစရာဖြစ်တယ်။Abundance ကို ရှာဖွေတယ်ဆိုတာ ချမ်းသာနေတဲ့စိတ်ကို ရှာဖွေနေတယ်ဆိုတာနားလည်ဖို့လိုတယ်။ရင်ထဲမှာပြည့်စုံကျေနပ်နေမှချမ်းသာမှုကိုရတတ်တယ်။ ကျေးဇူးတင်တတ်တယ်ဆိုရင်ချမ်းသာမှုကိုရတယ်။
တစ်နေ့တာမှာ ဘာလေးပဲဖြစ်ဖြစ် ကျေနပ်ပျော်ရွှင်ပါ။ ငါလုပ်နိုင်လိုက်တယ်.. ငါကျော်ဖြတ်သွားနိုင်တယ်.. ငါစိတ်ထားတတ်တယ်.. ငါ့ကိုစစ်တဲ့စာမေးပွဲကိုအောင်သွားတယ်.. ငါဟာကိုယ့်ရဲ့စိတ်ကိုထိခိုက်ဒဏ်ရာရမှုမဖြစ်စေဘဲ၊ အပူပင်မပေးဘဲနဲ့ ဒီကိစ္စကိုအေးအေးဆေးဆေးဖြေရှင်းလိုက်နိုင်တယ်။လက်ခံနိုင်တယ်။ဒီလိုစိတ်မျိုးထားနိုင်တယ်ဆိုရင်ချမ်းသာသုခကိုခံစားနေရခြင်းပဲဖြစ်ပါတယ်။
I'm enough. ငါဟာလုံလောက်တယ်။ ငါ့အတွက်ဒီလောက်ဆိုရင် ပြည့်စုံပြီ ဆိုတဲ့စိတ်နဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ကျေနပ်စွာဖြတ်သန်းဖို့သာ လိုပါတယ်။
ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို ကိုယ်တိုင် ခံစားတတ် ကျေးဇူးတင်တတ်မှ အပြင်ပန်းအထင်အမြင်တွေနဲ့ မသက်ဆိုင်တဲ့ ချမ်းသာမှုကိုခံစားရမယ်။
ပြင်ပအရာတွေကို ရယူဖို့ကြိုးစားရင်း ကိုယ့်ရဲ့အတွင်းအေးငြိမ်းမှု Inner Peace ကို မပျောက်ဆုံးအောင် သတိထားပါ။ တစ်နေ့စာတစ်နေ့ ကျေနပ်စွာဖြတ်သန်းနိုင်ရင်ပဲ တန်ဖိုးရှိနေပါပြီ။ ချမ်းသာမှုကို ရှာဖွေနေတဲ့ အချိန်တိုင်းမှာ ချမ်းသာမှုဟာ သင့်နားမှာပဲ ရှိနေတာပါ။
မွန်ဟော်စီ
၂၀၂၅
#morningvitamins
#monhalsey
#RedefiningRich
0 comments:
Post a Comment