Showing posts with label Gym. Show all posts
Showing posts with label Gym. Show all posts

Wednesday, August 6, 2025

လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းက ကိုယ်ခံအားကျစေသလား


ခန္ဓာကိုယ်အချိုးအစားလှပချင်လို့ဆိုပြီး တစ်ရက်မပျက် Gym သွားပြီးလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေသူတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်ဖို့လိုမယ်ထင်ပါတယ်နော်။

ဒီအချက်တွေကြောင့်ဖျားနာနိုင်ပါတယ်

လူတစ်ယောက်က ဒီအချက်တွေကြောင့်ဖျားနာနိုင်ပါတယ်။

- စိတ်ဖိစီးမှုများတာ

- အာဟာရပြည့်ဝလုံလောက်အောင်မစားသုံးတာ

- ပင်ပန်းနွမ်းနယ်တာ

- အိပ်ရေးပျက်များတာ

- ဆေးလိပ်သောက်တာ

- အသက်အရွယ်အရမ်းကြီးနေတာ

- လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ

- လေ့ကျင့်ခန်း နဲ့ ကိုယ်ခံအား

အရင်ဆုံး သုတေသနတွေ့ရှိချက်လေးတွေအကြောင်းပြောပြပေးမယ်နော်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကိုယ်ခံအားတို့ကြားက ဆက်စပ်မှုကိုလေ့လာခဲ့တဲ့အခါမှာတော့ နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တာက ကိုယ်ခံအားကို ကျစေနိုင်ပြီး ဖျားနာတာမျိုးဖြစ်စေနိုင်တယ်၊လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေကို သန်မာစေနိုင်တယ်။ နှလုံးကျန်းမာပြီး ခန္ဓာကိုယ်ကို သန်စွမ်းစေနိုင်တယ်ဆိုပေမယ့် အမြဲတမ်းနဲ့ အလွန်အကျွံ လုပ်မယ်ဆိုရင်တော့ ကိုယ်ခံအားပေါ်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ တစ်နေ့တာလုံးမှာ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့နေရသူတွေက အအေးမိတုပ်ကွေးဖြစ်နိုင်ခြေပိုများတယ်ဆိုတာကို ပြောနေစရာတောင်မလိုအောင်ပါ။

လူတစ်ယောက်ဟာ နာရီဝက်လောက် ဆက်တိုက်လေ့ကျင့်ခန်းတွေကို ပြင်ပြင်းထန်ထန်လုပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းက ယာယီကျဆင်းသွားနိုင်ပါတယ်။ လေ့လာမှုတွေအရကတော့ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်တဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတွေကိုထုတ်လုပ်ပေးတဲ့အတွက် ကိုယ်ခံအားယာယီကျဆင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။

မကြာသေးခင်ကလေ့လာမှုတွေအရ လူတစ်ယောက်နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုပမာဏက အသက်ရှုလမ်းကြောင်းကနေတဆင့်ရောဂါပိုးတွေ ကူးစက်ခံရနိုင်မှု၊ အအေးမိတာ၊ ဖျားနာတာနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်မှုတို့အပေါ်မှာ တိုက်ရိုက် အချိုးကျနေပါတယ်။ လူတော်တော်များများယူဆထားတာက နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အအေးမိဖျားနာမှုကနေ ခပ်ကင်းကင်းနေနိုင်မယ်လို့ပေါ့။ တကယ်တော့ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ လိုအပ်တဲ့ပမာဏထက်ကျော်ရင်တော့ ပြဿနာရှိစမြဲပါ။

စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေလို့သိကြတဲ့ ကော်တီစော နဲ့ အက်ဒရီနယ်လင်ဟော်မုန်းတွေက သွေးတိုးစေနိုင်သလို သွေးတွင်းကိုလက်စထရာပမာဏကို မြင့်တက်စေနိုင်ပြီး ကိုယ်ခံအားနည်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်းကို မလုပ်ရဘူးလို့မဆိုလိုပါဘူး။ အရာရာကတန်ဆေးလွန်ဘေးဆိုသလိုပေါ့။ နေ့စဉ်ကို တစ်နာရီခွဲလောက်နှုန်းနဲ့ တစ်ပတ်လုံးကို ပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေလုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က ခံနိုင်ရည်နည်းသွားတာမျိုးဖြစ်ပြီး မလိုအပ်ဘဲ ဖျားနာမှုကို ခံစားရမှာဖြစ်ပါတယ်။ တကယ်ကို ကျန်းမာလှပချင်တယ်ဆိုရင် တစ်ပတ်တာမှာ တစ်နေ့ကို (၄၅) မိနစ်လောက်နှုန်းနဲ့ တစ်ပတ်မှာ (၅) ရက်လောက်ပဲလုပ်ပေးရင်ကို အဆင်ပြေနေပါပြီ။ ပုံမှန်အားဖြင့်တော့ ဖျားချင်သလိုဖြစ်လာတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပေးပြီး ချွေးလေးထွက်အောင်လုပ်ပေးမယ်ဆိုရင် နေလို့ကောင်းသွားတာ အသေအချာပါ။

တကယ်လို့ သင့်အနေနဲ့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်နေတာမဟုတ်ဘဲ ဖျားချင်သလိုလိုဖြစ်တယ်၊ နှာစေးတာမျိုးဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ သင်နဲ့ ဓာတ်မတည့်တာတစ်ခုခုရှိနေတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသကြည့်သင့်ပါတယ်။

ကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်ဆောင်သင့်တဲ့ အတိုင်းအတာ -

လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေနိုင်သလို အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါတွေအပြင်လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ အခုလိုပြောင်းလဲမှုတွေဖြစ်လာနိုင်ပါသေးတယ်။

၁ ။ အဆုတ်နဲ့လေပြွန်တလျှောက်က ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိအောင်လုပ်ဆောင်ပေးနိုင်တယ်။

၂ ။ သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်စေနိုင်တယ်။

၃ ။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး ဘက်တီးရီးယားတွေပေါက်ဖွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

၄ ။ စိတ်ဖိစီးမှုကိုကျဆင်းစေတယ်။

၅ ။ ကိုယ်ခံအားကောင်းစေနိုင်တယ်။

လေ့ကျင့်ခန်းလုပ်တာက ကောင်းမွန်တဲ့အလေ့အထဆိုပေမယ့် အလွန်အကျွံတော့မဖြစ်သင့်ပါဘူး။ ကိုယ်ခံအားကိုကောင်းစေနိုင်တဲ့အဆင့်လောက်ပဲလုပ်သင့်ပါတယ်။ အပေါ်မှာပြောပြခဲ့တဲ့ အကျိုးကျေးဇူးတွေရရှိစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းအတိုင်းအတာကတော့

- တစ်ရက်ကို နာရီဝက်၊ ၄၅ မိနစ်နှုန်းလောက်နဲ့ တစ်ပတ်ကို ၃ ကြိမ် ကနေ ၅ကြိမ်လောက် စက်ဘီးနင်းမယ်

- နေ့တိုင်း မိနစ် ၂၀ ကနေ နာရီဝက်လောက် လမ်းလျှောက်မယ်

- နှစ်ရက်ခြားတစ်ခါ Gym သွားမယ်

- နေ့တိုင်း နာရီဝက်လောက် အေရိုးဗစ်ဆော့မယ်

- တစ်နေ့ကို (၄၅) မိနစ်လောက် ယောဂဆော့မယ်။

ဒါတွေအပြင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ဖို့။ အာဟာရပြည့်ဝအောင်စားသုံးဖို့၊ စိတ်ဖိစီးမှုခပ်ကင်းကင်းနေဖို့လည်း မမေ့ဖို့ပြောပါရစေနော်။

Team (ရိုးရာလေး)

Wednesday, March 19, 2025

How to do burpees with proper form

 


Saturday, March 15, 2025

“စိတ်ခံစားချက်ကို သိနားလည်ခြင်း (Emotional Literacy)”

🔳 Literacy ဆိုတာ စာတတ်တာကို ခေါ်တာ။ စာမတတ်ရင် ရေးထားတာ ဘာလဲ နားမလည်ဘူး။ ကိုယ်ကလည်း ရေးမပြတတ်ဘူး။


Emotional literacy ဆိုတာလည်း အဲဒီလိုပဲ။ စိတ်ခံစားချက်တွေကို နားမလည်ဘူး။ သူများ ဘာဖြစ်နေလဲ မသိသလို၊ ကိုယ့်ဟာကိုယ် ဘာဖြစ်နေလဲလည်း သဘောမပေါက်ဘူး။ အဲဒီလိုလူကို Emotional literacy အားနည်းတယ်လို့ ခေါ်တယ်။


🔳 ဝေးဝေးမကြည့်နဲ့၊ ကိုယ့်မိဘတွေပဲ ကြည့်။ စိတ်ခံစားချက်တွေကို နားမလည်ကြတာ များတယ်။ သားသမီးရဲ့ ခံစားချက်ကိုလည်း မသိသလို၊ သူတို့ ဘာဖြစ်နေတယ် ဆိုတာလည်း သူတို့မသိဘူး။ ဒီတော့ အဲဒီခံစားချက်တွေကို သားသမီးအပေါ် ပုံချမိတတ်တယ်။ 


မချစ်လို့ မဟုတ်ဘူး။ တမင်တကာကြီး ရည်ရွယ်ပြီး လုပ်နေတာလည်း မဟုတ်ဘူး။ Emotional literacy အားနည်းလို့သာ ဖြစ်နေရတာပဲ။


🔳 ချစ်သူရည်းစား၊ အိမ်ထောင်ဖက်တွေမှာလည်း ဒီလိုပဲ။ ကိုယ် ဒီလိုပြောလိုက်တယ်၊ ဒီလိုလုပ်လိုက်တယ်၊ တစ်ဖက်မှာ ဘယ်လိုခံစားသွားရတယ် နားကိုမလည်တဲ့သူတွေ ရှိတယ်။


မိန်းကလေးမှာ Trust issue ရှိတယ်။ ကိုယ့်ကို အမြဲသံသယဝင်နေတယ်။ ဒါကို ကိုယ့်ဘက်က ဘယ်လိုကိုင်တွယ်မလဲ။


ယောက်ျားကလေးမှာ အခိုက်အတန့်သဘော အလုပ်မရှိ၊ အကိုင်မရှိ၊ ဝင်ငွေမရှိ ဖြစ်နေလို့ သိမ်ငယ်စိတ် ဝင်နေတယ်။ လူဟာ သိမ်ငယ်စိတ် ဝင်လာပြီဆို ပြဿနာက တန်းစီရှာတော့တာပဲ။ အဲဒါကို ကိုယ့်အနေနဲ့ ဘယ်လိုစီမံမလဲ။ သူနဲ့ ကိုယ်နဲ့ ဘယ်လိုညှိယူမလဲ။


🔳 တစ်ဖက်လူကလည်း သူ့ဟာသူ သိဖို့လိုတယ်။ သူ့ခံစားချက်တွေကို ထိန်းသိမ်းနိုင်အောင် သူကိုယ်တိုင်လည်း ကြိုးစားဖို့ လိုတယ်။ သူ့ဘက်က Emotional literacy အားနည်းနေရင်လည်း အဆင်မပြေပြန်ဘူး။ သူ့ပါ အပါခေါ်ဖို့ လိုတယ်။ အပေါ်ဆွဲတင်ဖို့ လိုတယ်။


Intelligence level ချင်း မတူရင် ပြဿနာရှိသလို၊ Emotional literacy ချင်း ကွာဟလွန်းရင်လည်း ရေရှည်သွားနိုင်ဖို့ ခက်တတ်တယ်။


🔳 ဟုတ်ပြီ။ ဒါဆို စိတ်တွေကို ပိုနားလည်လာအောင် ဘယ်လိုလုပ်ရမလဲ။


အကြံပြုချင်တာတော့ နှစ်ခုတည်းပဲ။


ပထမတစ်ချက်က လေ့လာဖို့။ စိတ်ပညာဘွဲ့ သွားယူရမယ်လို့ မဆိုလိုဘူး။ စိတ်နဲ့ ပတ်သက်တာတွေကို လေ့လာဖို့တော့ လိုလိမ့်မယ်။


ဗုဒ္ဓတရားတော်တွေမှာလည်း စိတ်အကြောင်း ဟောထားတာတွေ အများကြီးရှိပါတယ်။ အဲဒီအထိ မရောက်ဘဲ အပေါ်ယံတွေနဲ့တင် ရပ်နေလို့သာ မသိတာ။


🔳 နောက်တစ်ချက်ကတော့ ရုပ်ရှင်တွေကြည့်ဖို့၊ ရသစာပေနဲ့ အတ္ထုပတ္တိတွေ ဖတ်ဖို့ပါ။ သီချင်းတို့၊ ကဗျာတို့လည်း ပါပါတယ်။ သူတို့ကတော့ ခပ်တိုတိုနဲ့ လှစ်ဟပြလေ့ရှိတဲ့ အနုပညာပစ္စည်းတွေပေါ့။


ကိုယ်ဘယ်လိုမှ ရောက်ဖူး၊ ကြုံဖူးမှာ မဟုတ်တဲ့ ဘဝတွေအကြောင်းကို အဲဒါတွေကတဆင့် သိနိုင်တယ်။ ဒါကြောင့် ဘဝတွေကို ပေါင်းကူးတံတား ထိုးပေးတယ်လို့ ကျွန်တော်ပြောလေ့ရှိတယ်။


🔳 ပြည့်တန်ဆာတစ်ယောက်ရဲ့ ခံစားချက်ကို ကိုယ်တိုင်ဖြစ်ဖူးမှသာ သိရမယ်ဆို ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ သိနိုင်ပါတော့မလဲ။


မေတ္တာငတ်နေတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်၊ Cyberbullying လုပ်ခံရရင် ဘယ်လိုခံစားရသလဲ၊ လိင်အကြမ်းဖက်ခံရသူ၊ သစ္စာဖောက်ခံရတဲ့သူ၊ ကြိုးစားသမျှ အရာမထင်လို့ မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့သူ၊ စိတ်ကျရောဂါ ခံစားနေရသူ၊ အစိုးရိမ်လွန်တဲ့ ပြဿနာ ကြုံနေရတဲ့သူ စသဖြင့် စသဖြင့် ဘဝတွေကိုလည်း ဒီရုပ်ရှင်တွေ၊ စာအုပ်တွေကတဆင့် သိလာနိုင်ပါတယ်။


ရလဒ်အနေနဲ့ အလွယ်တကူ အပြစ်မတင်မိတော့ဘူး။ ကိုယ်ချင်းစာတရားတွေ အားကောင်းလာတယ်။ မေတ္တာထားနိုင်လာတယ်။ နားလည်ပေးနိုင်လာတယ်။ ဒါကြောင့်လည်း သုတက ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆို ရသက နှလုံးသားကို ကြီးမားလာစေတယ်လို့ ပြောကြတာပါ။


🔳 Emotional literacy ရဲ့ သဘာဝက အမြဲ နှစ်လမ်းသွားပဲ။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် နားမလည်တဲ့သူက သူများကိုလည်း နားမလည်ဘူး။ သူများကို နားလည်ရင် ကိုယ့်ကိုယ်ကိုယ်လည်း နားလည်တယ်။ တစ်ဖက်တည်းပဲ နားလည်တယ်ဆိုတာ မရှိဘူး။


🔳 စာတတ်မြောက်တဲ့သူတွေ များလာတဲ့အခါ အဲဒီလူမှုပတ်ဝန်းကျင်က အသိပညာ မြင့်လာတယ်။ ဆက်သွယ်ရ လွယ်လာတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာတယ်။ လူနေမှု အဆင့်အတန်းတွေ မြင့်လာတယ်။


အဲဒီလိုပဲ၊ Emotional literacy မြင့်တဲ့သူတွေ များများစားစား ရှိလာရင်လည်း အဲဒီအသိုင်းအဝိုင်း၊ အဲဒီပတ်ဝန်းကျင်ဟာ သာယာလာမယ်။ လှပလာမယ်။ အပြန်အလှန် စိတ်ဒဏ်ရာ ပေးမိတာတွေ နည်းလာပြီး ပျော်စရာကောင်းတဲ့ ရပ်ဝန်းလေးတစ်ခု ဖြစ်လာပါလိမ့်မယ်။


ဒေါက်တာ ဖြိုးသီဟ

၉.၁.၂၀၂၄

Thursday, January 2, 2025

လမ်းလျှောက်ခြင်းရဲ့အကျိုးကျေးဇူးများ

 

-ဝိတ်ကျစေတယ်

-နှလုံးကိုကျန်းမာစေတယ်

-HDL vs LDL ratio ကိုထိန်းညှိပေးနိုင်တယ်

-သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတယ်

-ကယ်လိုရီအပိုတွေကိုလောင်ကျွမ်းစေတယ်

-အသားအရေကို Glow ဖြစ်စေတယ်

-တရက်တနာရီလမ်းလျှောက်ရင် အဝလွန်ခြင်းကို ၅၀%

လျှော့ချပေးတယ်

-တရက်မိနစ်၃၀ လမ်းလျှောက်ရင်၊ depression ကို၃၆%

လျော့ချပေးတယ်

-တရက်ကိုမိနစ် ၄၀-တပါတ်ကို ၃-ကြိမ်လောက်လမ်းလျှောက်ရင်

brain's memory ကိုတိုးတက်စေတယ်။

#သက်ရှည်ကျန်းမာလမ်းလျှောက်ပါ

လေးစားလျက်-

နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ

Thursday, December 26, 2024

calf noun [C] (LEG)

 

calf noun [C] (LEG)


C2
the thick curved part at the back of the human leg between the knee and the foot:
She's been unable to play since January because of a torn calf muscle.


BICEPS AND TRICEPS

 bicep

noun [ C ]   non-standard

UK  /ˈbaɪ.sep/ US  /ˈbaɪ.sep/

Add to word list 

another word for biceps : the large muscle at the front of the upper arm:

He has a tattoo of a rose on his bicep.


tricep

noun [ C ]   non-standard

UK  /ˈtraɪ.sep/ US  /ˈtraɪ.sep/

Add to word list 

another word for triceps :the large muscle at the back of the upper arm:

He had ripped his tricep.

The back of your arm, the tricep muscle, can be a little wobbly because you rarely use it in daily life.


BICEPS AND TRICEPS

The biceps muscle lies on top of the humerus and is used to bend and curl the arm. The triceps muscle lies underneath the humerus and is used to straighten the arm.



contract
verb
uk 
 
/kənˈtrækt/
 us 
 
/kənˈtrækt/

contract verb (BECOME SMALLER)

[ I or T ]
to make or become shorter or narrower or generally smaller in size:
contract to In spoken English, "do not" often contracts to "don't".
As it cooled, the metal contracted.



Monday, December 23, 2024

ဘယ်တော့မှပြန်ပီးဝိတ်မတက်ချင်ရင်

 တနေ့သုံးနပ် အနပ်တိုင်းမှာ ပရိုတိန်း ၃၀-ဂရမ်ပါအောင်စားရင်

အစားစားပီးတိုင်း ၁၀-၁၅ မိနစ်လမ်းလျှောက်ရင်

တညအိပ်ချိန် 7-9 နာရီပြည့်ရင်

တပါတ် ၃-၄ကြိမ်ဝိတ်မရင်

ရေဝဝသောက်ရင် 

ဘယ်တော့မှ အဆီ/ဝိတ်တွေတက်မှာမဟုတ်ဘူးဗျို့။

လေးစားလျက်-

နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ

Sunday, December 22, 2024

နေ့စဉ်ရေများများသောက်ပါ

 နေ့စဉ်ရေများများသောက်ပါ

ခြေလှမ်းတစ်သောင်းလျှောက်ပါ

အသီး၊အရွက်အစေ့အဆန်၊အသားငါးဥပဲအမျိုးမျိုးဦးစား

ပေးစားပါ။

မနက်စောစောသဘာဝနေရောင်ခြည်ခံယူပါ

ဝိတ်မပါ။ဝန်တိုးလေ့ကျင့်ပါ။

အချိန်မှန်စားပါ။

တရားထိုင်၊ဝတ်ပြု၊စာဖတ်နေ့စဉ်လုပ်ပါ။

၂၀၂၅-ဟာကျန်းမာခြင်းနဲ့ပြည့်စုံနေမှာပါ။

လေးစားလျက်-

နိုင်ဦး-၁၁၉

#ဝိတ်ချခြင်းအနုပညာ

Saturday, December 14, 2024

ရည်းစားထားမယ့်အစား

 ရည်းစားထားမယ့်အစား

ကိုယ့်ကိုယ်ကို ရည်းစားလုပ်လိုက်တာမျိုး ရှိပါတယ်။

ဒါကို Self-Partnered ဖြစ်တယ်လို့ ခေါ်ပါတယ်။


Self-Partnered ဆိုတာ Single ရဲ့ next level ပါ။

မင်းသမီး Emma Watson ကြောင့် လူသိများလာတဲ့ 

ဘဝနေထိုင်မှုပုံစံတစ်ခုလည်း ဖြစ်ပါတယ်။


ကိုယ့်ချစ်သူကို ကိုယ်ဘယ်လို ဆက်ဆံမလဲ ..

အဲ့ဒီအတိုင်း ကိုယ့်ကိုယ်ကို ဆက်ဆံတာမျိုး


ကိုယ့်ချစ်သူကို ကိုယ်ဘယ်လို ဦးစားပေးမလဲ ..

အဲ့ဒီအတိုင်း ကိုယ့်ကိုယ်ကို ဦးစားပေးတာမျိုး


ကိုယ့်ချစ်သူကို ကိုယ်ဘယ်လို နွေးထွေးကြင်နာမလဲ ..

အဲ့ဒီအတိုင်း ကိုယ့်ကိုယ်ကို နွေးထွေးကြင်နာတာမျိုး


ကိုယ့်ချစ်သူကို ကိုယ်ဘယ်လို အချိန်ပေးမလဲ ..

အဲ့ဒီအတိုင်း ကိုယ့်ကိုယ်ကို အချိန်ပေးတာမျိုး


သေချာတာ တစ်ခုကတော့

Self-Partnered ဖြစ်တဲ့သူတွေဟာ

ချစ်သူရည်းစား ထပ်ထားဖို့ကို

ခေါင်းထဲ သိပ်မထည့်တော့ပါဘူး။


သူတို့ရဲ့ ချစ်သူဟာ 

သူတို့ကိုယ်တိုင်လို့ သတ်မှတ်ထားပါတယ်။


Self-love တို့၊ Self-care တို့ဟာ

Self-Partnered ဖြစ်တဲ့သူတွေမှာ

100% ပြည့်မီပါတယ်။


ဖူးစာဆိုတာ ရှောင်လွှဲလို့မရတဲ့အတွက်

Righe Person ရယ်လို့ ရှိလာရင်တော့

Self-Partnered ဖြစ်ပြီးသားသူတွေလည်း

ချစ်သူတစ်ဦး ထပ်ရနိုင်တယ်ဆိုပေမယ့်


Right Person နဲ့ မတွေ့ရခင် ကြားထဲမှာ

Self-Partnered ဖြစ်တဲ့သူတစ်ဦးဟာ

Wrong Person တွေနဲ့ အချိန်မကုန်ရတော့ပါဘူး။


Right Person ဆိုတာကိုလည်း စောင့်နေမှာမဟုတ်ဘဲ

ကိုယ့်ကိုယ်ကိုချစ်ရင်း ဘဝကို ဖြတ်သန်းကြသူတွေမို့

အချစ်ရေးကိစ္စမှာ ပင်ပန်းပူလောင်ရတာ ကင်းပါတယ်။


ကိုယ့်ကိုယ်တိုင်နဲ့ ကိုယ့်ဘဝကိုပဲ 

Focus ထားနိုင်တဲ့အတွက်

အများကြီး တိုးတက်အောင်မြင်ရပါတယ်။

အများကြီး ပျော်ရွှင်အေးချမ်းရပါတယ်။


ဒါတွေဟာ Self-Partnered ဖြစ်တဲ့သူတွေရဲ့ 

သိပ်ကိုကောင်းတဲ့ အားသာချက်တွေပါပဲ။


ကိုယ်တိုင်ကရော Single တစ်ယောက်လား ?

ဒါမှမဟုတ် Self-Partnered ဖြစ်နေပြီလား ?

ကိုယ့်ကိုယ်ကို အကဲဖြတ်ကြည့်ကြပါဦး။


AD

Wednesday, November 20, 2024

In everything, do to others what you would have them do to you. Matthew 7:12

 “ကိုယ့်ကို သူတစ်ပါးက ပြုမူစေချင်တဲ့အတိုင်း သူတစ်ပါးကိုလည်း ဆက်ဆံပြုမူပါ”


In everything, do to others what you would have them do to you. Matthew 7:12


◾️◾️◾️◾️◾️◾️◾️


🔳 ဘဝကို တန်ဖိုးရှိရှိ နေချင်တယ်ဆို အများကြီး မစဉ်းစားနဲ့။ နှစ်ချက်ပဲ လိုတယ်။


ကိုယ် ကောင်းတာလေးတွေ ရခဲ့ရင် ကိုယ့်လို သူများတွေလည်း ခံစားရအောင် လက်ဆင့်ကမ်းပေးလိုက်။


ကိုယ် မကောင်းတာတွေ ရခဲ့ရင် ကိုယ့်လို သူများတွေ မခံစားရအောင် ကိုယ့်အလှည့်မှာ ဆင်ခြင်ပေးလိုက်။ ဒါပါပဲ။


🔳 ကျွန်တော့်ကို အပြင်မှာ သိတဲ့သူတွေ၊ ရင်းနှီးတဲ့သူတွေ၊ အလုပ်တွဲလုပ်ဖူးတဲ့သူတွေဆို သိမယ်။ ကျွန်တော် အပြစ်တင်ခဲတယ်။ အပြစ်ပြောခဲတယ်။ Support ပေးတယ်။ Appreciate တအားလုပ်တတ်တယ်။ စိတ်ချမ်းသာအောင် ပြောပေးတယ်။


ဘာလို့လဲဆိုတော့ အဲဒါတွေ ကျွန်တော် ငယ်ငယ်က မရခဲ့လို့ပဲ။


🔳 ဒါတောင် မိဘတွေက အတော်လေးကို ကောင်းတဲ့သူတွေ။ ကိုယ်ထိလက်ရောက် ရိုက်တာနှက်တာ ဘဝမှာ တစ်ခါမှ မကြုံခဲ့ရဖူးဘူး။ သို့သော် Parenting တွေ၊ Child Psychology တွေကို နားမလည် (နားလည်ရကောင်းမှန်းတောင် မသိ) ခဲ့တဲ့ မျိုးဆက်မို့ မြန်မာမိဘတွေ ထုံးစံအတိုင်း ပြောဆိုဆက်ဆံတာတွေ ရှိတယ်။


နေမကောင်းဖြစ်တယ်ဆို ကရုဏာဒေါသောနဲ့ မင်းတို့က ဘယ်လိုနေ ဘယ်လိုထိုင်တာကိုး၊ ဖြစ်ပြီပေါ့ ဆိုတာမျိုးကနေ စပြောတတ်တယ်။ တစ်ခုခု မှားခဲ့ရင်၊ ပြဿနာဖြစ်ခဲ့ရင်လည်း အပြစ်တင်စကားက အရင်ကြားရတယ်။ ဒီတော့ စိတ်ညစ်တယ်။ ကိုယ့်ပြဿနာတွေ မပြောရဲတော့ဘူး။ ကြိတ်ဖြေရှင်းတယ်။ ရိုက်နှက်တတ်၊ ဆူပူဆဲဆိုတတ်တဲ့ မိဘတွေနဲ့ ကြုံခဲ့ရသူတွေဆို ပိုတောင်မှ ဆိုးကြလိမ့်ဦးမယ်။ ဒါကြောင့် သိပ်ကိုယ်ချင်းစာတယ်။


🔳 ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို အပြစ်မတင်ခဲ့ရင် ကောင်းမှာပဲ၊ တစ်ခုခုဖြစ်လို့ ပြောလိုက်ရင် အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးတာ၊ အားပေးစကားတွေ ပြောတာတွေ ကြားရရင် ကောင်းမှာပဲ ဆိုတဲ့စိတ်တော့ ငယ်ငယ်ကတည်းက ရှိခဲ့တယ်။


ဒါကြောင့် ကိုယ်အရွယ်ရောက်လာတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မပြောတာ။ ပြင်ဖို့လိုတာရှိလည်း အေးအေးဆေးဆေးပဲ ထောက်ပြတယ်။ နောက်တစ်ခါ ထပ်မဖြစ်အောင်ပေါ့။ ဒီလောက်ပဲ။ ဆဲဆိုတာ၊ အပြစ်တင်တာ ဘာတစ်ခုမှ မလုပ်ဘူး။


🔳 ပြောနေလို့လည်း ပြီးသွားတဲ့ကိစ္စက ပြေလည်သွားမှာမှ မဟုတ်တာ။ ရှေ့ကိုပဲ စဉ်းစားကြရမှာပဲ။ အဓိကက ပြဿနာဖြစ်ပြီ သိလိုက်ရရင် ကျွန်တော်တို့ရဲ့ Emotional brain (စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ) က အလုပ်လုပ်လာတယ်။ သူက Logical brain လို ပြဿနာဖြေရှင်းနည်းကို စဉ်းစားပေးမှာ မဟုတ်ဘူး။ စိတ်ခံစားချက်အလျောက်ပဲ ဆုံးဖြတ်မှာ။ 


ဒီတော့ စိတ်အဆင်မပြေမှုကို သက်သာရာရဖို့အတွက် ဖြေဖျောက်တဲ့အနေနဲ့ ဖောက်ထုတ်ပြီး အပြစ်တင်လိုက်တာပဲ။ ကိုယ်တိုင်ကြုံဖူးသူတွေ အဲဒီခံစားချက်ကို သိလိမ့်မယ်။ အပြစ်တင်လိုက်ရမှ စိတ်က ကျေနပ်သွားတာပေါ့။


ကျွန်တော်တို့ မိဘတွေ ဖြစ်ခဲ့ကြတာ အဲဒီပုံစံပဲ။ ဒီလိုသဘောပေါက်လာတော့လည်း သူတို့ကို နားလည်ပေးနိုင်လာပါတယ်။ ကိုယ့်အလှည့်မှာတော့ ဒါမျိုးမဖြစ်အောင် သတိထားဖြစ်တယ်။


🔳 ကျွန်တော် တန်ဖိုးထားရတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ချက်ကို ပြောပါဆို ချဉ်းကပ်လွယ်ခြင်းလည်း ပါတယ်။ Approachable ဖြစ်တဲ့သူတစ်ယောက် သိပ်ဖြစ်ချင်တယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ကျွန်တော့်ကို ဖွင့်ပြောရဖို့ကို တွန့်ဆုတ်မနေရတာမျိုး၊ ကြောက်မနေရတာမျိုး ခံစားရစေချင်တယ်။ သူဆိုရင်တော့ အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးမှာပဲ ဆိုတဲ့ စိတ်လုံခြုံမှုကို ရစေချင်တယ်။


ကျွန်တော်ငယ်ငယ်က လူကြီးတွေဆီကနေ မျှော်လင့်ခဲ့ဖူးတဲ့အချက် ဖြစ်နေလို့ပါပဲ။


🔳 ဟိုရက်က My Neighbor Totoro ဆိုတဲ့ ဂျပန် Anime ဇာတ်ကားလေး ကြည့်ဖြစ်တယ်။ ကိုယ်က Anime ပရိသတ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသိအကျွမ်းတွေထဲ Anime အမာခံဖန်တွေ ပါတော့ သူတို့ညွှန်းတာနဲ့ ၄-၅ ကား ကြည့်ဖူးတယ်။


စိတ်ကို အတော်လေး နူးညံ့စေ၊ နှလုံးသားတွေကို လှစေတဲ့ ဇာတ်ကားလေးတွေလို့ပဲ အတိုချုပ် ညွှန်းချင်တယ်။


🔳 အဲဒီကားထဲမှာဆို ကလေးလေးက သူ့အမေ ဆေးရုံတင်ထားရတာကို စိတ်ပူပြီး တစ်ယောက်တည်း ထွက်သွားတယ်။ သူ့အစ်မနဲ့ တခြားလူကြီးတွေက ဒေါင်းတောက်အောင် ရှာရတာပေါ့။ ဖိနပ်တစ်ရံ ရေကန်ထဲ တွေ့တော့ ကလေးများ ရေနစ်သွားပြီလားဆိုပြီး ရွာသားတွေခမျာ ရေကန်ထဲ ဆင်းရှာကြရ၊ အဖွားကြီးကလည်း ဆုတွေတောင်းရ၊ အစ်မဖြစ်သူကလည်း နေရာအနှံ့ လိုက်ရှာရ။ နောက်တော့မှ ဒီကလေးကို ပြန်တွေ့တာ။


အဲဒီမှာ ကလေးကလည်း အားငယ်နေတယ်။ လမ်းကလည်း ပျောက်နေပြီကိုး။ သူ့ဟာသူ မှားသွားတာလည်း သိနေတယ်။ ဒါပေမဲ့ အစ်မကလည်း သူ့ကို တွေ့တဲ့အခါ အပြစ်မတင်ဘူး။ ပြေးဖက်တယ်။ တခြားလူကြီးတွေကလည်း အဲဒီလိုပဲ။


တွေးမိတယ်။ ငါတို့တွေ ငယ်ငယ်ကသာဆို အဲဒီလို လုပ်မိပြီးလို့ လူကြီးတွေနဲ့ ပြန်တွေ့ရင် အရင်ဆုံး ဆော်ပလော်တီးခံရမှာ ဆိုပြီးလေ။ နင် ဘယ်တွေ သွားနေလဲ၊ လူကြီးတွေ စိတ်ပူမှာ မသိဘူးလား၊ အခု ဘယ်လောက် သောက်လုပ်ရှုပ်ကုန်ပြီလဲ စသဖြင့် စသဖြင့် ပြောကြဖို့ များပါတယ်။

မချစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ ချစ်လို့ပဲ ဒီစကားတွေ ပြောမိတာပေါ့။ သို့သော် ဒေါသစိတ်က ပိုအားကောင်းနေတဲ့အခါ ဒီစကားတွေ ထွက်လာတော့တာပဲ။


🔳 ရလဒ်အနေနဲ့ ကလေးတွေက စွန့်စားရမှာ ကြောက်လာတယ်။ လူညွန့်တွေ တုံးလာတယ်။ တစ်ဖက်မှာလည်း အမှားနည်းနည်း လုပ်မိတာနဲ့ အိမ်က ဆူမှာစိုးပြီး ဆက်တိုးရင်းတိုးရင်းနဲ့ အမှားပေါ် အမှားဆင့်ကုန်တာတွေ ဖြစ်လာတယ်။


ဒါကြောင့် အပြစ်မတင်မိဖို့ သိပ်အရေးကြီးတာပါ။ ဘာတွေပဲဖြစ်ဖြစ် ငါ့အဖေရှိတယ်၊ ငါ့အမေရှိတယ်၊ ငါ့အစ်ကို ငါ့အစ်မရှိတယ်၊ ငါ့မိသားစုရှိတယ် ဆိုတဲ့ စိတ်လုံခြုံမှုဟာ ကလေးတိုင်းအတွက် လိုအပ်ပါတယ်။ ဒါမှသာ ပြင်ပက ဖိအားတွေ၊ ပြဿနာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သူတွေ ဖြစ်လာမှာပါ။


🔳 နောက်တစ်ခုက Appreciation.


ဒါကလည်း မိသားစုကြားက နွေးထွေးမှုကို ပြသတဲ့ အချက်တစ်ချက်လို့ပဲ မြင်တယ်။ စိတ်ထဲက ချီးကျူးနေရုံနဲ့ မလုံလောက်ဘူး။ ထုတ်ဖော်ပြီး ပြောပေးတတ်၊ အသိအမှတ်ပြုတတ်ဖို့လည်း လိုပါတယ်။


ဥပမာ အပြင်ကနေ ပြန်လာတယ်။ မုန့်ဝယ်လာတယ်။ အားလုံးက ဝမ်းသာအားရနဲ့ စားကြ၊ ပျော်ကြတာကို လိုချင်တာပဲ။ ဝယ်သာလာတယ်၊ အိမ်က လူတွေက ဘာမှမဟုတ်သလိုပဲ ပြုမူနေရင် ခံစားချက်က ငုပ်သွားရော။ နောက်တစ်ခါ ဝယ်မလာချင်တော့ဘူး။ မိသားစုကြားက Bond ကလည်း အားမကောင်းတော့ဘူး။


ဆံပင်ညှပ်လာတယ်ဆို ဘယ်လိုပုံကြီး ညှပ်လာတာလဲကနေ စပြောလိုက်တော့ ကိုယ့်ဟာကိုယ် သဘောကျနေတဲ့ စိတ်ကလေးက ဘယ်ရောက်သွားမှန်း မသိဘူး။


ဒါကြောင့် မိသားစုဝင် တစ်ယောက်ယောက်ရဲ့ အောင်မြင်မှု၊ မိသားစုအတွက် တစ်ခုခုအားထုတ်မှုတွေ မြင်ရတိုင်း အသိအမှတ်ပြုတတ်ဖို့၊ ယိုင်လဲတဲ့အခါတိုင်း ​ဖေးမဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဘယ်လိုဆက်ဆံရေးမျိုးအတွက်မဆို အတူတူပါပဲ။ အဆောင်မှာ စုနေကြတဲ့သူတွေ၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်သူရည်းစားတွေ စသဖြင့် စသဖြင့် ဆက်ဆံရေးတိုင်းမှာ လိုအပ်တယ်။


ဒါတွေကို ငယ်ငယ်က သိပ်မရခဲ့တော့ ကိုယ့်အလှည့်မှာ သူများတွေကို ပြန်ပေးဖြစ်နေတယ်။


🔳 ကောင်းတဲ့အချက်တွေကို လက်ဆင့်ကမ်းပေးနေတာလည်း အများကြီးပါပဲ။ ကိုယ့်အပေါ် သူစိမ်းတစ်ယောက်က ကူညီပေးလိုက်တဲ့အခါ ဖြစ်တဲ့ခံစားချက် ကျွန်တော်မှတ်ထားတယ်။ အဲဒီလိုလေး သူများတွေလည်း ခံစားရအောင် လက်ဆင့်ကမ်းပေးတယ်။ မိဘတွေဆီက ရတာ၊ ဆရာ၊ ဆရာမတွေဆီက ရတာ၊ သူငယ်ချင်းတွေဆီက ရတာ၊ ရေးမယ်ဆို ရေးလို့တောင် မကုန်နိုင်ပါဘူး။


ဘဝကို Positive outlook နဲ့ ကြည့်နိုင်သူ ဖြစ်နေတာနဲ့တင် ကျွန်တော်ဟာ ဘယ်လိုဝန်းကျင်မှာ ကြီးပြင်းပြီး ဘယ်လိုလူတွေကြားမှာ ရှင်သန်ခဲ့၊ ရှင်သန်နေရတယ် ဆိုတာ သိပါလိမ့်မယ်။ ဒါကြောင့် အဲဒီလူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်တယ်။ ကိုယ့်လို သူများတွေလည်း ခံစားရအောင် တတ်နိုင်သမျှ ကြိုးစားနေပါတယ်။


🔳 ငါ့ကို ဒီလိုဆက်ဆံလို့ သူများတွေကိုလည်း ဒီလိုပြန်လုပ်မယ် ဆိုသူတွေလည်း ရှိတာပါပဲ။ ကိုယ့်အပေါ် ကောင်းသူတွေကို အနိုင်ကျင့်၊ အမြတ်ထုတ်၊ ဗိုလ်ကျသူတွေလည်း ရှိပြန်တာပဲ။ အဓိကက ဘဝက ကိုယ့်ကို ပေးလာတဲ့အရာတွေအပေါ် ဘယ်လိုသဘောထားပြီး တုံ့ပြန်သလဲနဲ့ ဆိုင်တာပါပဲ။


ကျွန်တော့်ရဲ့ တုံ့ပြန်ပုံကတော့ ဆောင်းပါးအစမှာ ရေးခဲ့သလိုပဲ။


• အဆိုးကိစ္စတွေဆို Break the cycle - သံသရာမလည်အောင် ကိုယ့်မှာတင် အဆုံးသတ်။


• ကောင်းတဲ့အရာတွေဆို Share the blessing - သူတစ်ပါးဆီ လက်ဆင့်ကမ်း။


ဒါဆို လောကကြီး ပိုလှမသွားတောင် ကိုယ့်အားဖြင့်တော့ ကိုယ့်ပတ်ဝန်းကျင်က ပိုလင်းလက်လာပါလိမ့်မယ်။


ဒေါက်တာ ဖြိုးသီဟ

၁၉.၅.၂၀၂၄

Monday, November 18, 2024

You don't know a person until:


 

Saturday, November 16, 2024

ချစ်တာတစ်ခုတည်းအတွက် လက်မထပ်ပါနဲ့။

 ချစ်တာတစ်ခုတည်းအတွက် လက်မထပ်ပါနဲ့။


စိတ်ခံစားမှုပိုင်းဆိုင်ရာ ရင့်ကျက်ပြီး ငွေကြေးတည်ငြိမ်မှုရှိမှ လက်ထပ်ပါ။

အချစ်တစ်ခုတည်းဖြင့် ကောင်းမွန်သော အိမ်ထောင်ရေးကို မတည်ဆောက်နိုင်ပါ။

အိမ်ထောင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနှင့် ငွေကြေးတည်ငြိမ်မှု အများကြီးလိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာသောအခါ ဘာကိုလျစ်လျူရှုရမည်၊ ဘာကိုရင်ဆိုင်ရမည်ဆိုတာ သိလာပါလိမ့်မည်။

ငွေကြေးတည်ငြိမ်လာသောအခါ (ချမ်းသာရန်မလိုသော်လည်း သင့်တင့်သော ဝင်ငွေရှိခြင်း)၊ မိသားစု၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ပျော်ရွှင်မှုကို ရပါလိမ့်မည်။


အိမ်ထောင်ဖက်နှစ်ဦးလုံးက အချင်းချင်း နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ပံ့ပိုးပေးခြင်း၊ အားပေးခြင်းနှင့် သည်းခံခြင်းတို့ကို ပေးဆောင်နိုင်မှသာ အိမ်ထောင်ရေးက ပြည့်စုံမှုရှိပါသည်။


လင်နှင့်မယား သဟဇာတဖြစ်မှုဆိုတာ လက်ထပ်ပြီး တစ်လအတွင်း ဖြစ်မလာပါ။ သဟဇာတ အပြည့်အဝရှိလာဖို့ ၃နှစ်မှ ၅ နှစ် သို့မဟုတ် ထို့ထက်ပို၍ ကြာနိုင်ပါသည်။


ထို့ကြောင့် ရေရှည်အတွက် အဆင်သင့်ဖြစ်ရမည်။

မနက်ဖြန် သို့မဟုတ် နောက်နေ့တွင် အိမ်ထောင်ရေးမှ ကြောခိုင်းထွက်သွား၍မရပါ။ သေတပန်သက်တဆုံး ပေါင်းကြရမှာ။

ဒါဟာ ပေါ့ပေါ့တန်တန် ဆုံးဖြတ်လို့မရသောဆုံးဖြတ်ချက်တစ်ခုပါ။

မင်္ဂလာမဆောင်မီကပင် သင့်အိမ်ထောင်ရေး အောင်မြင်ရမည်ဟု စိတ်ပိုင်းဖြတ်ပါ။

ထို့ပြင် အိမ်ထောင်ရေးအောင်မြင်အောင် ကြိုးစားရန် အဆင်သင့်ဖြစ်နေရပါမည်။


အကယ်၍ သင်သည် အနည်းဆုံး ၅ နှစ် သို့မဟုတ် ထို့ထက်ပို၍ လက်ထပ်ထားပြီးဖြစ်ပါက ဂုဏ်ယူပါသည်။

ကောင်းမွန်သော အိမ်ထောင်ရေးသည် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်၏။


အကယ်၍ သင်သည် လက်ထပ်ရန် စီစဉ်နေဆဲဖြစ်ပါက၊ လောကဓံများနှင့်၊ တစ်သက်တာလုံး အိမ်ထောင်ဖက်တစ်ဦးနှင့်အတူ နေထိုင်ရန် စိတ်ပိုင်းဆိုင်ရာ လုံလောက်စွာ ရင့်ကျက်မှုရှိကြောင်း သေချာပါစေ။


သင့်အိမ်ထောင်ရေး၏ ဗဟိုချက်အဖြစ် ဘုရားကို ထားပါ။

သင့်အိမ်ထောင်ရေး အောင်မြင်ပါလိမ့်မည်။


"DON'T MARRY BECAUSE YOU'RE IN LOVE!


Marry when you're emotionally mature and financially stable."


Love is not enough to build a healthy marriage.


Marriage requires a lot of emotional maturity, and financial stability.


When you're emotionally mature, you'll know what to overlook and what to confront.

When you're financially stable (not necessarily wealthy, but earning a decent income), you'll know the joy of being able to meet the basic needs of your family.


Marriage is fulfilling, only when both partners are committed to understanding, forgiving, supporting , encouraging and tolerating one another.


Compatibility does not happen one month after marriage, it may take 3-5 years, or more, before you both become perfectly compatible.


Hence, you must be ready for the long haul.

You're not walking out of the marriage tomorrow or next. It's till dêath do you part.

That is not a decision you will make casually.


Make up your mind, before you walk down the aisle, that your marriage will work.

And be ready to put in the effort to make it work.


If you're already married for at least 5 years, or more, congratulations!

A good marriage is a great achievement!


If you're still planning to marry, make sure you're emotionally mature enough to handle the vicissitudes of life, and living together with one partner for life.


Make God the center of your marriage.

Your marriage will work.


English text source - Live life to the fullest


#မေတ္တာဖြင့်

#ဒေါက်တာစိုးသန်း

Picture crd - Pixabay



Mastering time management

 


Saturday, April 20, 2024

How To Do An INCLINE BACK EXTENSION | Exercise Demonstration Video and Guide

 strengthen lower back



How To: Tricep Rope Push-Down

 





Triceps Rope Pushdown – How to Instructions, Proper Exercise Form and Tips

Share on pinterest
 
Share on facebook
 
Share on twitter
 
Share on reddit

Benefits of the Triceps Rope Pushdown

Triceps rope pushdowns are an effective isolation exercise you can use to inflate

the back of your upper arms. The objective is to use a rope attachment on a pulley 

system, repeatedly extending your arms against resistance. 


Rope pushdowns offer numerous benefits, the most notable being that you can isolate

 your triceps with more weight and cause significant disruption for growth. A cable 

provides consistent tension, allowing you to engage your triceps from start to finish on

 every repetition. The movement is also beginner-friendly, which is excellent for 

everyone getting started with fitness.


Having a pair of strong triceps is vital because, while seemingly insignificant, these 

muscles produce elbow extension and contribute to shoulder stability. As a result, you

 become more athletic and better able to tackle daily tasks.


We recommend including the triceps rope pushdown late into your workouts and

 focusing on proper execution by using a lighter weight for more repetitions.


How to do a Triceps Rope Pushdown

  1. Adjust the weight so you can do at least ten smooth repetitions, grab the rope on the cable station, and take a step back.
  2. Stand tall by bringing your shoulders back and directing your gaze forward. Your feet should be around hip-width apart, with your toes pointed slightly out. Keep your knees slightly bent.
  3. With your elbows bent at roughly 90 degrees, bring them down to your sides.
  4. Take a breath and extend both elbows by engaging your triceps.
  5. Once your arms are straight, hold the contraction for a second, exhale, and slowly release until your elbows are bent, and your wrists are slightly more elevated than your elbows.
  6. Inhale and repeat.

What muscles does a triceps rope pushdown activate?

Triceps rope pushdowns allow us to focus on our triceps, which cover the rear of our upper arms (1). As the name suggests, the triceps muscle has three heads, two of which originate from the humerus (upper arm bone), just below the shoulder joint (2). The third long head originates from the scapula, crosses the shoulder joint, and inserts into the elbow along with the other two heads. Together, the three heads produce elbow extension during a rope pushdown.

The rope pushdown also works the shoulders (deltoids) to a small degree because our deltoids provide arm stability. Similarly, the movement works our midsection and upper back, with both areas flexing isometrically to stabilize the torso.

Tips on how to Perform the Tricep Rope Pushdown

The most important tip to keep in mind for rope pushdowns is to focus on proper technique and use a full range of motion. Lift a weight that allows you to do at least 12 to 15 smooth repetitions.

You should also keep your shoulders retracted and chest out for better stability. Doing so allows you to keep your shoulders in a steadier position, which leads to stable elbows and more tension on your triceps. 

The third tip to remember is to perform each repetition with a full range of motion. Begin with your wrists slightly higher than your elbows and extend your arms fully, holding the contraction for a moment. Doing so will allow you to get more out of every repetition and grow better.

It’s also beneficial to spread the rope during each repetition. Begin with your hands together and spread them out gradually as you extend your elbows. The slight tweak in technique can help you engage your triceps better by making each repetition slightly more difficult.



Saturday, November 4, 2023

Benefits of Using an Elliptical Cross-Trainer


Def:




elliptical
adjective
UK  /iˈlɪp.tɪ.kəl/ US  /iˈlɪp.tɪ.kəl/

elliptical adjective (SHAPE)

(also elliptic, UK/iˈlɪp.tɪk/ US/iˈlɪp.tɪk/)

having an oval shape

2) cross-trainer

noun
UK  /ˈkrɒsˌtreɪ.nər/ US  /ˈkrɑːsˌtreɪ.nɚ/
Add to word list 
[ C ]
(also elliptical trainer)

a piece of exercise equipment designed to exercise all of the body's main groups of muscles
 picture of cross-trainer
Bulgac/iStock/Getty Images Plus/GettyImages
 
[ C usually plural ]
(also cross-training shoe)
a sports shoe that is suitable for wearing in the gym (= a room or building where you can exercise) and also for running and other sports




 

Saturday, July 29, 2023

How to do rack pulls. Lower back

 



gluteus
noun [ C ]
   ANATOMY   specialized (also glutaeus plural glutaei UK/ˈɡluːti.aɪ/ US/ˈɡluːt̬i.aɪ/)
UK 
 
/ˈɡluːti.əs/
 US 
 
/ˈɡluːt̬i.əs/
plural glutei UK/ˈɡluːti.aɪ/ US/ˈɡluːt̬i.aɪ/ (informal glute)
any of the large muscles in each buttock:
The gluteus maximus is the largest muscle in the body.

How to do bent over barbell roll (back)


 


Bent over roll
Like picking up something
Eyes down



Def

torso
noun [ C ]
UK 
 
/ˈtɔː.səʊ/
 US 
 
/ˈtɔːr.soʊ/
plural torsos
the human body considered without head, arms, or legs, or a statue representing this:
The airbag will protect the head and torso.
a famous marble torso
Synonyms
 picture of torso


2) lats
The latissimus dorsi muscle is a broad, flat muscle that occupies the majority of the lower posterior thorax. The muscle's primary function is of the upper extremity but is also considered to be a respiratory accessory muscle.





♥ "If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333