Sunday, December 22, 2024

နိုင်ငံခြား သားတယောက်ကို ခင်ပွန်းတော်ထားတဲ့ အမတယောက်ရေးထားတာ သဘောကြလို့

 နိုင်ငံခြား သားတယောက်ကို ခင်ပွန်းတော်ထားတဲ့ အမတယောက်ရေးထားတာ သဘောကြလို့


ဒီက(နိုင်ငံခြား) အမျိုးသားတွေဟာ (၆၀% သော အမျိုးသားတွေ) အရက်ကို နေ့တိုင်း မသောက်ကြပါဘူး .. အရက်သောက်တဲ့အခါလဲ သင့်တော်မျှတရုံသာ သောက်ကြပါတယ် .. ကျမ အမျိုးသားဆို အတော်သောက်နိုင်သူပါ .. သို့သော် မသောက်ပါဘူး .. အိမ်မှာ ဗော်ကာ တစ်လုံး ဝယ်ထားတာ ၂ နှစ်ကျော်ပါပြီ .. အခုထိ အဲ့ဒီပုလင်း မကုန်သေးပါဘူး .. 


နောက်တစ်ခု - ကျန်းမာရေး လိုက်စားကြပါတယ် .. အနည်းဆုံး မနက်တိုင်း လမ်းလျှောက်တာမျိုးပါ .. မနက်တိုင်း အနည်းဆုံး ၁၅ မိနစ်လောက် လမ်းလျှောက်ပါတယ် .. အလုပ်စောစော သွားရမဲ့နေ့ဆိုရင် စောစောထပြီး မပျက်မကွက် လျှောက်ပါတယ် .. အစက ကျမ အတော်လေး စိတ်ညစ်ခဲ့ရပါတယ် .. ကျမက အအိပ်မက်တဲ့သူပါ .. နှိုးရလဲ ခက်ပါတယ် .. ကျမ ဘယ်လောက် နှိုးရခက်ခက် သူက စိတ်ရှည် လက်ရှည်နဲ့ ရအောင် ချော့နှိုးပါတယ် .. ရအောင် လမ်းလျှောက်ခိုင်းပါတယ် .. ပြီးတော့ အလုပ်နားရက် အိမ်မှာနေတဲ့အခါ ၃/၄ နာရီလောက် ထိုင်နေပြီးတိုင်း ၁၅ မိနစ်လောက် လမ်းထွက်လျှောက်ပါတယ် .. သူ့ဘာသာ ဘယ်လောက် အလုပ်များနေပါစေ ၃/၄ နာရီလောက် ထိုင်ပြီးတာနဲ့ လမ်းထွက်လျှောက်ပါတယ် .. 


နောက်တစ်ခု - တစ်ပတ်ကို တစ်ရက် ကျမအတွက် သီးသန့်အချိန်ပေးပါတယ် .. ပုံမှန်အတိုင်းဆိုရင် နေ့တိုင်း ညနေ ၆ နာရီနောက်ပိုင်းဆို သူကိုယ်တိုင်လဲ အလုပ်မလုပ်တော့ဘူး ဖုန်းမသုံးတော့ဘူး စိတ်ရော ကိုယ်ပါ နားပါတယ် .. ကျမကိုလဲ အဲ့ဒီအချိန်ကို သူ့လိုပဲ လုပ်ခိုင်းပါတယ် .. ညနေ ၆ နာရီနောက်ပိုင်းဟာ ကျမနဲ့သူရဲ့ ကိုယ်ပိုင် အချိန်ပါ .. အတူရုပ်ရှင်ကြည့်တယ် စကားပြောတယ် .. အပေါ်က ပြောတဲ့ တစ်ပတ်တစ်ရက်ကတော့ ကျမသွားချင်တဲ့နေရာကို လိုက်ပို့တာမျိုးပါ .. တစ်ခါတလေ နှစ်ယောက်အတူ တောင်တက်တယ် လှေလှော်တယ် .. စက်ဘီးစီးတယ် .. ပန်းတွေလိုက်ကြည့်တယ် .. သူ့/ကိုယ့် သူငယ်ချင်းတွေနဲ့ အတူတွေ့ကြတယ် အဲ့ဒီလိုမျိုးပါ .. 


နောက်တစ်ခု - ကျမ မီးဖိုချောင် ဝင်တဲ့အခါ သူ အိမ်သန့်ရှင်းရေး လုပ်ပါတယ် .. ကျမ အပင်ရေလောင်းတဲ့အခါ သူ ပန်းကန်ဆေးပါတယ် .. သူ အလုပ်နားရက်မှ မဟုတ်ပါဘူး အလုပ်ကပြန်လာရင်လဲ အမြဲ ကူပါတယ် .. ပင်ပန်းတယ်လို့ ညည်းပြီး ထိုင်နားနေတာမျိုး ခွေနေတာမျိုး မရှိပါဘူး .. အလုပ်က ပြန်လာလို့ သူ လုပ်စရာမရှိရင် ကျမက နားပါ ဆိုရင် (ကျမဆိုလိုတာက ခဏလောက် လှဲပြီး နားလိုက်တာမျိုးပါ) သူ study လုပ်တာ သူ့ရဲ့ relaxation ပါတဲ့ .. သူ့အချိန်ကို သူ့အလုပ်ရယ် သူ့ study time ရယ် ကျမရယ် အတွက် ကွက်တိ စီမံထားပါတယ် .. 


သူ့ရဲ့ ဆောင်ပုဒ်က Happy wife, happy life ပါ .. 


ပြောချင်တာက မြန်မာအမျိုးသားတွေ (ဒီမှာရှိတဲ့ မြန်မာအမျိုးသားတွေရောပါ) ဟာ အားတိုင်း အရက်သောက်ကြပါတယ် .. နေ့တိုင်းပါ .. ကျန်းမာရေးလဲ မလုပ်ကြပါဘူး .. ပြီးတော့ အိမ်ကမိန်းမကိုလဲ မကူကြသလို အချိန်လဲ မပေးကြပါဘူး .. အိမ်ကမိန်းမကို ကူပြီး အချိန်ပေးတဲ့ အနည်းငယ်သော အမျိုးသားတွေကိုလဲ မယားကြောက်တို့ဘာတို့ ကဲ့ရဲ့ကြပါတယ် .. 


ကျန်းမာရေးမလုပ် အရက်ပဲသောက် လူတွေက ဖောသွပ်သွပ်ကြီးတွေဖြစ်ပြီး အဆီယစ်တဲ့ ပုံကြီးတွေနဲ့ အိမ်ပြင်မှာ နောက်ကျနိုင်သမျှ နောက်ကျတဲ့အထိ နေကြမှ ယောင်္ကျားစစ်တယ်လို့ ခုချိန်ထိ ထင်နေကြတုန်းလား .. 


အရက်ကို နေ့တိုင်းသောက်ဖို့ လိုအပ်ပါသလား .. 

နေ့တိုင်း အိမ်ပြင်မှာ နောက်ကျတဲ့အထိ နေဖို့ လိုအပ်ပါသလား ..

ကျန်းမာရေးအတွက် လေ့ကျင့်ခန်းမလုပ်ဘဲနေဖို့ လိုအပ်ပါသလား .. 


ကျမ သူ့ဆီက အများကြီး သင်ယူခဲ့ရပါတယ် .. သင်ယူနေရတုန်းပါပဲ .. 


သူ့ဆီက အကျင့်ကောင်းတွေတွေ့ရလေ ကျမတို့ မြန်မာအမျိုးသားတွေကိုလဲ ပိုကောင်းစေချင်လေပါပဲ .. 


ကျမရဲ့ ချစ်သော မြန်မာအမျိုးသား အကိုများ ဦးလေးများ မောင်လေးများ မိမိကိုယ်ကို နဲ့ မိမိ မိသားစုကို အချိန်ပေးပြီး ချစ်တတ်ကြပါစေ 


Credit...KTM

Copy...#RNN

0 comments:

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333