မန်းလေးရောက်လို့မဟာမြတ်မုနိဘုရားကြီးကို ဖူးရတိုင်း ဘာလို့မှန်းမသိ အမြဲမျက်ရည်ကျပါတယ်။အပျက်အစီး
ဓါတ်ပုံတွေတွေ့ရတော့ရင်ထဲမှာဆို့နင့်ကြေကွဲရတယ်။ ဆင်းတုတော်ကြီး မျက်နှာတော်ညှိူးနေတယ်ဆိုတဲ့ပုံတွေ့တော့ ငိုမိတော့တာပဲ။
ငါတို့ဘုရားကြီး..ငါတို့ချစ်တဲ့မန်းလေး..ဆိုပြီး ဖြစ်မိတယ်။ဘဝမှာ တစ်ခါတရံ ပြင်းပြင်းထန်ထန်ခံစားရတဲ့ အကြောင်းအရာတွေ၊ အချိုးအကွေ့တွေနဲ့ အခက်အခဲတွေကြောင့်"ငါတို့ပဲခံနေရတာလား"လို့ စိတ်မှာဖြစ်တတ်တာ သဘာ၀ပဲနော်။
ဒါပေမဲ့ မနေ့က ညနေပိုင်းရောက်တော့
Rescue Team တစ်ခု၀င်လာတဲ့ ပုံရိပ်တွေကိုကြည့်ပြီးအားတက်လာတယ်။ချောင်ချိုချောင်ကြားထိ ၀င်ရှာလို့ရတဲ့ Trained Dogs တွေပါ ခေါ်လာကြတယ်။တစ်နေ့ထက်တစ်နေ့ မြန်မြန်ကယ်ပြီး များများရှင်နိုင်ပါစေလို့ ဆုတောင်းမိတယ်။
သတင်းတွေကြည့်လိုက်တိုင်းမှာ စိတ်မကောင်းစရာတွေချည်း တွေ့နေရတာ။ အဲဒီကြားထဲမှာမှ အသက်ရှင်လျက်ပြန်ပြီးထွက်လာတဲ့ သူတွေကိုတွေ့ရတော့အရမ်း ဝမ်းသာရပြန်တယ်။ ဘာမှ ပစ္စည်းကိရိယာမှမရှိဘဲ လက်နဲ့ကယ်ထုတ်ပေးနေတဲ့ကျေးဇူးတင်ထိုက်သူတွေလည်းအများကြီးပဲ။
Power Bank တို့၊ အားသွင်းကြိုးတို့ တစ်ဆိုင်လုံး လှူနေကြတာကိုတွေ့ရတယ်။ အစားအသောက်အတွက် ဘယ်ဆိုင်ဘယ်ဆိုင်မှာစားလို့ရပါတယ်ဆိုပြီး ညွှန်းပေးနေတာတွေလည်းအများကြီးတွေ့ရတယ်။ ဒီလိုလူတွေရဲ့ စေတနာတွေ၊ပံ့ပိုးကူညီမှုတွေ တွေ့ရတာအားတက်စရာပဲ။သူတို့တွေဟာ Creator တွေပါပဲ။
ဒါတွေကိုတွေ့ရတော့ လဲပြိုခဲ့ကြရပေမယ့်ပြန်ထနိုင်မယ်လို့ယုံကြည်တယ်။ဘ၀မှာ Breakdown ဖြစ်တာတွေက Breakthrough ဖြစ်သွားဖို့ပါ။ကျိုးပျက်သွားတာတွေက ပြန်လည်တည်ထောင်ဖန်တီးဖို့ပါပဲ။အားလုံး စိတ်ထိခိုက်ကြရပေမယ့် #ငါတို့ပြန်ထနိုင်ပါတယ် ဆိုတဲ့ Creator Mindset နဲ့လည်း သွားကြည့်စေချင်ပါတယ်။
Victim နေရာမှာမနေဘူး။ Creator နေရာကနေမယ်။ Survivor နေရာကနေမယ်။အချင်းချင်း အားပေးကြမယ်။အားတင်းထားကြမယ်။ ကူပေးကြမယ်။
အားလုံးအတွက် မေတ္တာကိုဖြန့်ကျက်ပြီး ဆုတောင်းပေးနေပါတယ်။
A moment of breakdown is an opportunity for a breakthrough.
#monhalsey
#mynotes
0 comments:
Post a Comment