Saturday, November 30, 2024

Nike Tiempo Legend 10 Academy - Review

 




Tuesday, November 26, 2024

“Where a Capricorn’s heart truly lies”

 “Where a Capricorn’s heart truly lies”


🌊 လောကဓံတရားက သူ့အတွက်အလုပ်သွားအလုပ်ပြန် နှုတ်ဆက်နေကြလူတစ်ယောက်နဲ့တူတယ် ။ သူဟာအရွယ်မတိုင်ခင် သီးပွင့်တဲ့သစ်ပင်ဖြစ်တယ် ။ ဉာဏ်စမ်းစာမေးပွဲတွေ လမ်းချိုးကွေ့တိုင်းဆုံလေ့ရှိပြီး သူရဲ့ဓါးကိုအမြဲတမ်းသွေးလာနေရတယ် ။ အဆွေးဓာတ်ဟာ သူ့ရင့်ကျက်ခြင်းငှာမြေသြဇာဖြစ်တယ် ။ ပျော်ရွှင်မှုတန်ဖိုးကို အဖိုးအခကြီးကြီးသင်ယူတယ် ။ အရှိအတိုင်းသိခြင်းက လူကိုအဆိုးမြင်စေသတဲ့ ။ သူပိုနားလည်လာလေ အလိုလိုဘေးရောက်လာတယ် ။ သူတမင်ဘေးထွက်လိုက်တာလို့တော့ ပြောတာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ်သူဟာ ရှင်သန်အထမြောက်ခြင်းရဲ့ Phoenix ငှက်ငယ် ။ ဘဝဇာတ်ခုံမှာ အောက်ခြေသိမ်းဘဝကမင်းသားဖြစ်လာတဲ့လူ ။ ရေထဲမိုးထဲတိုးဝင်ရဲသလို ၊ မုန်တိုင်းထဲရယ်ကြဲကြဲသွားနိုင်တဲ့သူ ။


🌊 ဒီလိုတစ်ယူသန်ခေါင်းမာခြင်း အထီးကျန် အဆိုးမြင်ဟန်ရှိတဲ့သူ့နှလုံးသားဟာ ကျောက်ခဲတစ်လုံးဖြစ်နေရင် ဘယ်သူမှထူးဆန်းကြမယ်မထင်ဘူး ။ ဒါပေမယ့် Plot twist ကဒီလိုလာတယ် ။ လူတိုင်းလိုပဲ ဒီဇာတ်ကောင်မှာလည်းပျော့ကွက်ရှိတယ် ။ သူဟာသူ့ရဲ့အသက်ဓာတ်ကို မိသားစုမှာဝှက်ထားပါသတဲ့ ။ သူဟာခြေလှမ်းတတ်စအရွယ်ကတည်းက တာဝန်သိဖို့ကြီးပြင်းလာတယ် ။ အထုပ်အပိုးတွေခွဲယူဖို့ ၊ ဆင်းရဲခြင်းကွင်းဆက်ဖြတ်ဖို့ ၊ ဘဝကိုနောက်တစ်ဆင့်ပစ်တင်ဖို့ ၊ အသိအမှတ်ပြုမခံရတာတွေသက်သေပြဖို့ ။ ဒါတွေကြောင့်သူဟာလေးပင်တယ် ၊ သူ့ရည်မှန်းချက်ဟာ သေးကွေးခွင့်မရှိဘူး ။ ကလေးစိတ်တစ်ဝက်မှာရင့်ကျက်ရတဲ့အတွက် မလိုက်မဖက်ဝါသနာတွေ ၊ ကလေးဆန်ဆန်ဝယ်ခြမ်းမှုတွေ မဆီမဆိုင်တွဲပါတယ် ။ ဒါတွေဟာသူ့နည်းသူ့ဟန် ငယ်ဘဝကို ဖာထေးဆေးထည့်ခြင်းဖြစ်တယ် ။ 


🌊 မိသားစုမတည်ငြိမ်ခြင်းက ဘယ်သူ့အတွက်မှမကောင်းပေမယ့် သူ့အတွက်ကျ ခြေတစ်ဖက်ဆုံးရှုံးရခြင်းနဲ့တူတယ် ။ စိတ်ကျခြင်းနဲ့ မကြာခနစစ်ခင်းရတဲ့အခါ ကျောထောက်နောက်ခံဟာအရေးပါကြောင်း သူအသိဆုံး ။ ရှင်သန်ရခြင်းအကြောင်းတရားနဲ့ အသက်ရှူသွင်းရှူထုတ်လုပ်သူအတွက် Purpose ကသိပ်အရေးပါတယ် ။ သူကျောပေးထားတာက တစ်ဖက်ကိုရင်ဆိုင်ပေးနေတာဖြစ်တယ် ။ ဆူပူတဲ့အိမ် ၊ စိတ်မလုံခြုံစေတဲ့လက်တွဲဖော်ဟာ သူ့သံချပ်ကာကြားစိုက်ဝင်နေတဲ့မြားတဲ့တူတယ် ။ အရေထူသလိုနဲ့ နာစရာစကားတစ်ခုက Trauma အဖြစ် သူ့ရထားကိုလမ်းချော်သွားစေတယ် ။ ထော့နင်းနင်းအသားကျသွားတဲ့အခါ ဘေးအကူအညီမယူချင်ဘူး ။ အားနည်းဟန်မပြဘူး ။ သူဟာဓာတ်ကြမ်းကုရတာပိုကြိုက်တယ် ။ ခံစားချက်သေချာ Express မလုပ်ပြတာနဲ့ နှလုံးသားကြီးကြီးတွဲလျက်ရှိနေတာ အတော်ရှင်းရခက်တဲ့သူ့ရဲ့ပြသနာ ။ 


🌊 သူဟာတခါတလေ နာမည်ကောင်းမရတဲ့ဖခင်နဲ့တူတယ် ။ လူတွေအိပ်ချိန်မှ အသံတိတ်ရွာသွားတဲ့မိုးနဲ့တူတယ် ။ တိုက်အမြင့်ကြီးတွေအောက်က လူမြင်မခံရတဲ့ Foundation အုတ်မြစ်နဲ့တူတယ် ။ ငယ်ငယ်ကစားကြတဲ့ ပျော့သလိုနဲ့မာ-မာလိုလိုနဲ့ပျော့တဲ့ ကျောက်စလစ်ခဲပုံစံချောကလက်လေးတွေနဲ့လည်းတူတယ် ။ တကယ်တော့သူဟာ အမှန်တရားကို ၃၆၀ ဒီဂရီမြင်ခွင့်ရပြီး ပတ်ချာလည်မူးနေတဲ့သူ ။ ခံစားချက်မရှိသလိုလိုနဲ့ နှလုံးသားအကြီးကြီးရှိတဲ့သူ ။ နှလုံးသားနဲ့လူ တွဲလျက်မတွေ့ရသူ ။ စစ်ပြင်စရာများလို့ အသက်ကိုချစ်ရသူဆီအပ်ထားတဲ့သူ ။ ဒါ့အပြင်သူဟာ များများသိလေ မသိတာများလာလေဆိုတဲ့သူ ။ အထင်အမြင် အလွဲအခံရဆုံးသူ ။ ယုန်တောင်ပြေးခွေးမြောက်လိုက် ၊ ခုတ်ရာတခြားရှရာတလွဲလူ ။ အပြောမတတ်သူ ၊ ပြောမထွက်တဲ့သူ ။ သူ့အင်ပါယာမှာ အပ်ကျတာအစသိသလောက် ၊ အခြားနယ်နိမိတ်ကို နှံစပ်မကျွမ်းကျင်တဲ့သူ ။ 


သူဟာ တစ်ကိုယ်ထဲသမားအရည်ခြုံထားတဲ့ မိသားစုစိတ်ဓာတ်နဲ့လူ ။ 


Note: This is not an astrology-related post. It is a pure fictional story based on some Capricorn traits and is intended for entertainment purposes only.

Monday, November 25, 2024

Bill Gates explains why his daughter can't marry a poor man 🥹💸💰

 Bill Gates explains why his daughter can't marry a poor man 🥹💸💰


“A few years ago I attended a conference in the US on investment and finance. One of the speakers was Bill Gates and in the Q & A phase I asked him a question that made everyone laugh


If He, the richest man in the world could accept his daughter marrying a poor or modest man. His response turned something into me.


Billy


First, understand that wealth doesn't mean having a busy bank account.


Wealth is first the ability to create riches.


Example: Someone who wins the lottery or games of chance. Even if he makes 100 million is not a rich man: He is a poor man with a lot of money, that's why 90 % of lotto millionaires go back to being poor after 5 years.


You also have rich people who have no money. Example, Most entrepreneurs.


THEY are already on the road to wealth even if they don't have money, because they are developing their financial intelligence and that's wealth.


How rich and poor are different:


To make it simple: The rich can die to become rich, while the poor can kill to become rich.


If you see a young person who decides to train, learn new things, try to improve constantly, know that he is a rich man.


If you see a young person who thinks the problem is state, and who finds rich people are all thieves and constantly criticizing, know that he is a poor man.


The rich are convinced they just need information and training to take off, the poor think others need to give them money to take off.


In conclusion, when I say my daughter will not marry a poor man, I do not talk about money. I'm talking about this man's ability to create wealth.


Excuse me for what I'm going to say, but most criminals are poor people. When they are in front of money they lose their minds that's the reason they steal, robbery etc...


It's a grace to them because they don't know how they could make money on their own.


One day, a bank's guard found a bag full of money, he took the bag and went to hand it over to the bank manager.


People called this gentleman an idiot, but actually this gentleman was just a rich man who had no money.


1 year later, the bank offered him a receptionist position, 3 years later he was in charge of customers and 10 years later he manages the regional management of that bank, he manages hundreds of employees and his annual bonuses exceed the amount he could have stolen.


Wealth is first a state of mind my friend.”

_Dr King House_

Friday, November 22, 2024

Affordable ANC? JBL Tune 770NC Unboxing & Review (Spoiler: Battery Life is INSANE!)

 


Ambient mode on headphones allows you to hear sounds from your surroundings while still listening to audio through your headphones. This mode uses external or built-in microphones to pick up outside noises. 

Ambient mode is different from noise canceling mode, which reduces the sounds around you so you can focus on the audio playing through your headphones. 
Here are some things to keep in mind about ambient mode:

Hearing quality
Ambient mode may not allow you to hear all sounds around you, and the quality of the ambient sound may vary depending on the environment, the music you're listening to, and the volume. 

Using the microphone
When ambient mode is enabled, touching the microphone may cause feedback. 
Safety

Don't use headphones with ambient mode in places where it's dangerous to not be able to hear ambient sounds, like on a road with traffic. 

Wearing the headphones
Make sure the headphones are worn properly, as this can affect how well ambient mode works. 


Thursday, November 21, 2024

Gemini and Capricorn can be compatible friends if

 According to some sources, Gemini and Capricorn can be compatible friends if they can find common ground and respect each other's choices: 

  • Complementary traitsGemini's creativity and enthusiasm can inspire Capricorn, while Capricorn's stability and dependability can soothe Gemini. 
  • Shared work ethicBoth signs have a strong work ethic, which can motivate each other. 
  • Ability to face challengesGeminis and Capricorns can work together to face life's challenges. 
  • Compatibility as bosses and employeesGeminis and Capricorns can be compatible as bosses and employees because they are both serious about their work and don't tell secrets. 
However, some say that Geminis and Capricorns can have conflicts because they have different views on life:
  • Different views on life
    Geminis are versatile and enjoy change and people, while Capricorns prefer order, stability, and alone time.
  • Trust and dedication
    Capricorn's need for trust and dedication can conflict with Gemini's flirtatious personality
A relationship between a Gemini and a Capricorn can be a great match, despite their differences. The two signs can motivate and calm each other, and work together to achieve shared goals.

 However, the key to a successful relationship is communication. 
Here are some things to consider about a Gemini and Capricorn relationship:

Communication

Geminis need to feel appreciated and understood, while Capricorns need to be reassured that their decisions are respected. 

Differences

The strengths of this relationship can come from its differences. For example, Gemini's creativity can inspire Capricorn, while Capricorn's practicality can support Gemini.

Speed

The two signs need to figure out how to keep up a comparable speed so they can reach similar goals at the same time. 

Compatibility

Capricorns are generally most compatible with other earth signs (Taurus and Virgo) or water signs (Cancer, Scorpio, Pisces). Geminis are particularly compatible with air signs like Aquarius and Libra. 

Wednesday, November 20, 2024

In everything, do to others what you would have them do to you. Matthew 7:12

 “ကိုယ့်ကို သူတစ်ပါးက ပြုမူစေချင်တဲ့အတိုင်း သူတစ်ပါးကိုလည်း ဆက်ဆံပြုမူပါ”


In everything, do to others what you would have them do to you. Matthew 7:12


◾️◾️◾️◾️◾️◾️◾️


🔳 ဘဝကို တန်ဖိုးရှိရှိ နေချင်တယ်ဆို အများကြီး မစဉ်းစားနဲ့။ နှစ်ချက်ပဲ လိုတယ်။


ကိုယ် ကောင်းတာလေးတွေ ရခဲ့ရင် ကိုယ့်လို သူများတွေလည်း ခံစားရအောင် လက်ဆင့်ကမ်းပေးလိုက်။


ကိုယ် မကောင်းတာတွေ ရခဲ့ရင် ကိုယ့်လို သူများတွေ မခံစားရအောင် ကိုယ့်အလှည့်မှာ ဆင်ခြင်ပေးလိုက်။ ဒါပါပဲ။


🔳 ကျွန်တော့်ကို အပြင်မှာ သိတဲ့သူတွေ၊ ရင်းနှီးတဲ့သူတွေ၊ အလုပ်တွဲလုပ်ဖူးတဲ့သူတွေဆို သိမယ်။ ကျွန်တော် အပြစ်တင်ခဲတယ်။ အပြစ်ပြောခဲတယ်။ Support ပေးတယ်။ Appreciate တအားလုပ်တတ်တယ်။ စိတ်ချမ်းသာအောင် ပြောပေးတယ်။


ဘာလို့လဲဆိုတော့ အဲဒါတွေ ကျွန်တော် ငယ်ငယ်က မရခဲ့လို့ပဲ။


🔳 ဒါတောင် မိဘတွေက အတော်လေးကို ကောင်းတဲ့သူတွေ။ ကိုယ်ထိလက်ရောက် ရိုက်တာနှက်တာ ဘဝမှာ တစ်ခါမှ မကြုံခဲ့ရဖူးဘူး။ သို့သော် Parenting တွေ၊ Child Psychology တွေကို နားမလည် (နားလည်ရကောင်းမှန်းတောင် မသိ) ခဲ့တဲ့ မျိုးဆက်မို့ မြန်မာမိဘတွေ ထုံးစံအတိုင်း ပြောဆိုဆက်ဆံတာတွေ ရှိတယ်။


နေမကောင်းဖြစ်တယ်ဆို ကရုဏာဒေါသောနဲ့ မင်းတို့က ဘယ်လိုနေ ဘယ်လိုထိုင်တာကိုး၊ ဖြစ်ပြီပေါ့ ဆိုတာမျိုးကနေ စပြောတတ်တယ်။ တစ်ခုခု မှားခဲ့ရင်၊ ပြဿနာဖြစ်ခဲ့ရင်လည်း အပြစ်တင်စကားက အရင်ကြားရတယ်။ ဒီတော့ စိတ်ညစ်တယ်။ ကိုယ့်ပြဿနာတွေ မပြောရဲတော့ဘူး။ ကြိတ်ဖြေရှင်းတယ်။ ရိုက်နှက်တတ်၊ ဆူပူဆဲဆိုတတ်တဲ့ မိဘတွေနဲ့ ကြုံခဲ့ရသူတွေဆို ပိုတောင်မှ ဆိုးကြလိမ့်ဦးမယ်။ ဒါကြောင့် သိပ်ကိုယ်ချင်းစာတယ်။


🔳 ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို အပြစ်မတင်ခဲ့ရင် ကောင်းမှာပဲ၊ တစ်ခုခုဖြစ်လို့ ပြောလိုက်ရင် အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးတာ၊ အားပေးစကားတွေ ပြောတာတွေ ကြားရရင် ကောင်းမှာပဲ ဆိုတဲ့စိတ်တော့ ငယ်ငယ်ကတည်းက ရှိခဲ့တယ်။


ဒါကြောင့် ကိုယ်အရွယ်ရောက်လာတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မပြောတာ။ ပြင်ဖို့လိုတာရှိလည်း အေးအေးဆေးဆေးပဲ ထောက်ပြတယ်။ နောက်တစ်ခါ ထပ်မဖြစ်အောင်ပေါ့။ ဒီလောက်ပဲ။ ဆဲဆိုတာ၊ အပြစ်တင်တာ ဘာတစ်ခုမှ မလုပ်ဘူး။


🔳 ပြောနေလို့လည်း ပြီးသွားတဲ့ကိစ္စက ပြေလည်သွားမှာမှ မဟုတ်တာ။ ရှေ့ကိုပဲ စဉ်းစားကြရမှာပဲ။ အဓိကက ပြဿနာဖြစ်ပြီ သိလိုက်ရရင် ကျွန်တော်တို့ရဲ့ Emotional brain (စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ) က အလုပ်လုပ်လာတယ်။ သူက Logical brain လို ပြဿနာဖြေရှင်းနည်းကို စဉ်းစားပေးမှာ မဟုတ်ဘူး။ စိတ်ခံစားချက်အလျောက်ပဲ ဆုံးဖြတ်မှာ။ 


ဒီတော့ စိတ်အဆင်မပြေမှုကို သက်သာရာရဖို့အတွက် ဖြေဖျောက်တဲ့အနေနဲ့ ဖောက်ထုတ်ပြီး အပြစ်တင်လိုက်တာပဲ။ ကိုယ်တိုင်ကြုံဖူးသူတွေ အဲဒီခံစားချက်ကို သိလိမ့်မယ်။ အပြစ်တင်လိုက်ရမှ စိတ်က ကျေနပ်သွားတာပေါ့။


ကျွန်တော်တို့ မိဘတွေ ဖြစ်ခဲ့ကြတာ အဲဒီပုံစံပဲ။ ဒီလိုသဘောပေါက်လာတော့လည်း သူတို့ကို နားလည်ပေးနိုင်လာပါတယ်။ ကိုယ့်အလှည့်မှာတော့ ဒါမျိုးမဖြစ်အောင် သတိထားဖြစ်တယ်။


🔳 ကျွန်တော် တန်ဖိုးထားရတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ချက်ကို ပြောပါဆို ချဉ်းကပ်လွယ်ခြင်းလည်း ပါတယ်။ Approachable ဖြစ်တဲ့သူတစ်ယောက် သိပ်ဖြစ်ချင်တယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ကျွန်တော့်ကို ဖွင့်ပြောရဖို့ကို တွန့်ဆုတ်မနေရတာမျိုး၊ ကြောက်မနေရတာမျိုး ခံစားရစေချင်တယ်။ သူဆိုရင်တော့ အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးမှာပဲ ဆိုတဲ့ စိတ်လုံခြုံမှုကို ရစေချင်တယ်။


ကျွန်တော်ငယ်ငယ်က လူကြီးတွေဆီကနေ မျှော်လင့်ခဲ့ဖူးတဲ့အချက် ဖြစ်နေလို့ပါပဲ။


🔳 ဟိုရက်က My Neighbor Totoro ဆိုတဲ့ ဂျပန် Anime ဇာတ်ကားလေး ကြည့်ဖြစ်တယ်။ ကိုယ်က Anime ပရိသတ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသိအကျွမ်းတွေထဲ Anime အမာခံဖန်တွေ ပါတော့ သူတို့ညွှန်းတာနဲ့ ၄-၅ ကား ကြည့်ဖူးတယ်။


စိတ်ကို အတော်လေး နူးညံ့စေ၊ နှလုံးသားတွေကို လှစေတဲ့ ဇာတ်ကားလေးတွေလို့ပဲ အတိုချုပ် ညွှန်းချင်တယ်။


🔳 အဲဒီကားထဲမှာဆို ကလေးလေးက သူ့အမေ ဆေးရုံတင်ထားရတာကို စိတ်ပူပြီး တစ်ယောက်တည်း ထွက်သွားတယ်။ သူ့အစ်မနဲ့ တခြားလူကြီးတွေက ဒေါင်းတောက်အောင် ရှာရတာပေါ့။ ဖိနပ်တစ်ရံ ရေကန်ထဲ တွေ့တော့ ကလေးများ ရေနစ်သွားပြီလားဆိုပြီး ရွာသားတွေခမျာ ရေကန်ထဲ ဆင်းရှာကြရ၊ အဖွားကြီးကလည်း ဆုတွေတောင်းရ၊ အစ်မဖြစ်သူကလည်း နေရာအနှံ့ လိုက်ရှာရ။ နောက်တော့မှ ဒီကလေးကို ပြန်တွေ့တာ။


အဲဒီမှာ ကလေးကလည်း အားငယ်နေတယ်။ လမ်းကလည်း ပျောက်နေပြီကိုး။ သူ့ဟာသူ မှားသွားတာလည်း သိနေတယ်။ ဒါပေမဲ့ အစ်မကလည်း သူ့ကို တွေ့တဲ့အခါ အပြစ်မတင်ဘူး။ ပြေးဖက်တယ်။ တခြားလူကြီးတွေကလည်း အဲဒီလိုပဲ။


တွေးမိတယ်။ ငါတို့တွေ ငယ်ငယ်ကသာဆို အဲဒီလို လုပ်မိပြီးလို့ လူကြီးတွေနဲ့ ပြန်တွေ့ရင် အရင်ဆုံး ဆော်ပလော်တီးခံရမှာ ဆိုပြီးလေ။ နင် ဘယ်တွေ သွားနေလဲ၊ လူကြီးတွေ စိတ်ပူမှာ မသိဘူးလား၊ အခု ဘယ်လောက် သောက်လုပ်ရှုပ်ကုန်ပြီလဲ စသဖြင့် စသဖြင့် ပြောကြဖို့ များပါတယ်။

မချစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ ချစ်လို့ပဲ ဒီစကားတွေ ပြောမိတာပေါ့။ သို့သော် ဒေါသစိတ်က ပိုအားကောင်းနေတဲ့အခါ ဒီစကားတွေ ထွက်လာတော့တာပဲ။


🔳 ရလဒ်အနေနဲ့ ကလေးတွေက စွန့်စားရမှာ ကြောက်လာတယ်။ လူညွန့်တွေ တုံးလာတယ်။ တစ်ဖက်မှာလည်း အမှားနည်းနည်း လုပ်မိတာနဲ့ အိမ်က ဆူမှာစိုးပြီး ဆက်တိုးရင်းတိုးရင်းနဲ့ အမှားပေါ် အမှားဆင့်ကုန်တာတွေ ဖြစ်လာတယ်။


ဒါကြောင့် အပြစ်မတင်မိဖို့ သိပ်အရေးကြီးတာပါ။ ဘာတွေပဲဖြစ်ဖြစ် ငါ့အဖေရှိတယ်၊ ငါ့အမေရှိတယ်၊ ငါ့အစ်ကို ငါ့အစ်မရှိတယ်၊ ငါ့မိသားစုရှိတယ် ဆိုတဲ့ စိတ်လုံခြုံမှုဟာ ကလေးတိုင်းအတွက် လိုအပ်ပါတယ်။ ဒါမှသာ ပြင်ပက ဖိအားတွေ၊ ပြဿနာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သူတွေ ဖြစ်လာမှာပါ။


🔳 နောက်တစ်ခုက Appreciation.


ဒါကလည်း မိသားစုကြားက နွေးထွေးမှုကို ပြသတဲ့ အချက်တစ်ချက်လို့ပဲ မြင်တယ်။ စိတ်ထဲက ချီးကျူးနေရုံနဲ့ မလုံလောက်ဘူး။ ထုတ်ဖော်ပြီး ပြောပေးတတ်၊ အသိအမှတ်ပြုတတ်ဖို့လည်း လိုပါတယ်။


ဥပမာ အပြင်ကနေ ပြန်လာတယ်။ မုန့်ဝယ်လာတယ်။ အားလုံးက ဝမ်းသာအားရနဲ့ စားကြ၊ ပျော်ကြတာကို လိုချင်တာပဲ။ ဝယ်သာလာတယ်၊ အိမ်က လူတွေက ဘာမှမဟုတ်သလိုပဲ ပြုမူနေရင် ခံစားချက်က ငုပ်သွားရော။ နောက်တစ်ခါ ဝယ်မလာချင်တော့ဘူး။ မိသားစုကြားက Bond ကလည်း အားမကောင်းတော့ဘူး။


ဆံပင်ညှပ်လာတယ်ဆို ဘယ်လိုပုံကြီး ညှပ်လာတာလဲကနေ စပြောလိုက်တော့ ကိုယ့်ဟာကိုယ် သဘောကျနေတဲ့ စိတ်ကလေးက ဘယ်ရောက်သွားမှန်း မသိဘူး။


ဒါကြောင့် မိသားစုဝင် တစ်ယောက်ယောက်ရဲ့ အောင်မြင်မှု၊ မိသားစုအတွက် တစ်ခုခုအားထုတ်မှုတွေ မြင်ရတိုင်း အသိအမှတ်ပြုတတ်ဖို့၊ ယိုင်လဲတဲ့အခါတိုင်း ​ဖေးမဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဘယ်လိုဆက်ဆံရေးမျိုးအတွက်မဆို အတူတူပါပဲ။ အဆောင်မှာ စုနေကြတဲ့သူတွေ၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်သူရည်းစားတွေ စသဖြင့် စသဖြင့် ဆက်ဆံရေးတိုင်းမှာ လိုအပ်တယ်။


ဒါတွေကို ငယ်ငယ်က သိပ်မရခဲ့တော့ ကိုယ့်အလှည့်မှာ သူများတွေကို ပြန်ပေးဖြစ်နေတယ်။


🔳 ကောင်းတဲ့အချက်တွေကို လက်ဆင့်ကမ်းပေးနေတာလည်း အများကြီးပါပဲ။ ကိုယ့်အပေါ် သူစိမ်းတစ်ယောက်က ကူညီပေးလိုက်တဲ့အခါ ဖြစ်တဲ့ခံစားချက် ကျွန်တော်မှတ်ထားတယ်။ အဲဒီလိုလေး သူများတွေလည်း ခံစားရအောင် လက်ဆင့်ကမ်းပေးတယ်။ မိဘတွေဆီက ရတာ၊ ဆရာ၊ ဆရာမတွေဆီက ရတာ၊ သူငယ်ချင်းတွေဆီက ရတာ၊ ရေးမယ်ဆို ရေးလို့တောင် မကုန်နိုင်ပါဘူး။


ဘဝကို Positive outlook နဲ့ ကြည့်နိုင်သူ ဖြစ်နေတာနဲ့တင် ကျွန်တော်ဟာ ဘယ်လိုဝန်းကျင်မှာ ကြီးပြင်းပြီး ဘယ်လိုလူတွေကြားမှာ ရှင်သန်ခဲ့၊ ရှင်သန်နေရတယ် ဆိုတာ သိပါလိမ့်မယ်။ ဒါကြောင့် အဲဒီလူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်တယ်။ ကိုယ့်လို သူများတွေလည်း ခံစားရအောင် တတ်နိုင်သမျှ ကြိုးစားနေပါတယ်။


🔳 ငါ့ကို ဒီလိုဆက်ဆံလို့ သူများတွေကိုလည်း ဒီလိုပြန်လုပ်မယ် ဆိုသူတွေလည်း ရှိတာပါပဲ။ ကိုယ့်အပေါ် ကောင်းသူတွေကို အနိုင်ကျင့်၊ အမြတ်ထုတ်၊ ဗိုလ်ကျသူတွေလည်း ရှိပြန်တာပဲ။ အဓိကက ဘဝက ကိုယ့်ကို ပေးလာတဲ့အရာတွေအပေါ် ဘယ်လိုသဘောထားပြီး တုံ့ပြန်သလဲနဲ့ ဆိုင်တာပါပဲ။


ကျွန်တော့်ရဲ့ တုံ့ပြန်ပုံကတော့ ဆောင်းပါးအစမှာ ရေးခဲ့သလိုပဲ။


• အဆိုးကိစ္စတွေဆို Break the cycle - သံသရာမလည်အောင် ကိုယ့်မှာတင် အဆုံးသတ်။


• ကောင်းတဲ့အရာတွေဆို Share the blessing - သူတစ်ပါးဆီ လက်ဆင့်ကမ်း။


ဒါဆို လောကကြီး ပိုလှမသွားတောင် ကိုယ့်အားဖြင့်တော့ ကိုယ့်ပတ်ဝန်းကျင်က ပိုလင်းလက်လာပါလိမ့်မယ်။


ဒေါက်တာ ဖြိုးသီဟ

၁၉.၅.၂၀၂၄

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333