အာမခံ
(insurance) နဲ. ငှားရမ်းခ (rent) တွေဟာ မကြာခန ကြိုပေးရတဲ. အရာတွေပဲ ဖြစ်ပါတယ်၊ ဒီ
ကြိုပေးတဲ. (prepaid expenses) တွေဟာ အကျဉ်းချုပ်အားဖြင့်တော့ assets တွေပဲဖြစ်ပါတယ်၊
ဝန်ဆောင်မှုတွေကိုသုံးလိုက်တဲ.အခါကြမှ ကုန်ကျစရတ် (expense) ဖြစ်ပါတယ်။
နိုဝင်ဘာလ
တစ်ရက် ၂၀၁၀ ခုနှစ်မှာ ကိုပိုင်က $၂၄၀၀ (GST အခွန်မပါသေးပဲ)တစ်နှစ်စာ မီးအာမခံအတွက်ပေးတယ်
ဆိုပါစို.၊ entry က asset အကောင့်ကို
Debit လုပ်ရမှာပါ၊ expense အကောင့်ကို မဟုတ်ပါဘူး၊
General
Entry of Ko Paing
Date
01/11/10 Dr Prepaid Insurance 2,400
Dr GST paid
240
Cr Bank 2,640
Insurance premium paid
Goods
and services tax (GST) အခွန်က အော်စီမှာ ၁၀% ပါ၊ ဒါကြောင့် ၂၄၀ ပါ၊ Dr ဆိုတာ
debit လုပ်ပါလို.ပြောတာပါ၊ Cr ဆိုတာ Credit လုပ်ပါလို. ပြောတာပါ၊
ကိုပိုင်က
သူရဲ. Income statement နဲ. Balance sheet ကို လကုန်တိုင်း လုပ်ပါတယ်၊
နိုဝင်ဘာ
လအတွက် အာမခံ ကုန်ကျစရတ်ကတော့ $200 ပါ၊ 2400 တစ်နှစ်စာ အာမခံကြေးကို တစ်လစာရဖို.အတွက်
၁၂ နဲ.စားပါတယ် ၂၀၀ ရပါတယ်။ GST အခွန်ကို ဒီအတိုင်းပဲထားပါတယ် သူ.သီးသန်. ledger ကိုသွားမှာပါ။
General
Journal of Ko Paing
Date
30/11/10 Dr Insurance Expense $200
Cr Prepaid
Insurance $200
To record insurance expense for November