1. Take four steps back from the out of bounds line.
2. Run up plant your front foot before the line.
3. Drag your back toe on the ground forward towards your front foot
4. Bring the ball completely behind your head
5. Release the ball when it's above your head
Saturday, June 23, 2018
Monday, June 11, 2018
Good saying!
ဘဝဆိုတာတကယ်တိုတိုလေးပါလား
အသက်ရှင်စဉ်မှာ... ချစ်နိုင်သမျှ ချစ်ပေးပါ
ပြီး..ခွဲခွာနိုင်ဖို့လည်း.အသင့်ပြင်ထားပေးပါ..။
🔺---------------------------------🔺
ကိုယ်ချစ်ရတဲ့သူတွေဟာ...
ကိုယ့်အနားမှာ အမြဲရှိနေမှာ
သေချာရဲ့လား...ကွယ်..
သုသာန်မှာ..ခေါင်းတိုင်ကထွက်လာတဲ့
မီးခိုးတွေ ကုန်ဆုံးသွားချိန်...
ဘဝတစ်ခုဟာ..
အပြီးသတ်သွားတယ်..။
ကျွန်တော်တို့ချစ်သော...
ခင်ပွန်း..ဇနီး.သားသမီး..မိဘ..မောင်နှမ..
အားလုံး ဒီလမ်းကိုသွားရမှာ သိသိကြီးနဲ့
ကျွန်တော်တို့ဘာတွေလုပ်နေကြသလဲ...
ရန်ဖြစ်ကြတယ်..စိတ်ကောက်ကြတယ်..
မာနပြိုင်ကြတယ်..ဓနပြိုင်ကြတယ်..
ကဲ့ရဲ့ကြတယ်..စွပ်စွဲကြတယ်..
ရှုံ့ချကြတယ်..ပစ်ပယ်ကြတယ်..
အနိုင်ယူကြတယ်.. စွန့်ပစ်ကြတယ်...
အမျိုးမျိုးသော..စိတ်မိုက်တွေနဲ့...
မောဟတွေ.လောဘတွေ.ဒေါသတွေနဲ့...
ချစ်တဲ့သူတွေကို ချစ်ပေးဖို့..
ဂရုစိုက်ပေးဖို့..မေ့လျော့နေကြတယ်..။
ကျွန်တော်တို့မေ့လျော့ကြပုံက..
သူတို့ဟာ တသက်လုံးရှိနေမှာလိုလို...
တကယ်လို့ မနက်ဖြန် သူတို့သေမယ်
ဆိုတာသိရင်..
ဒီနေ့ သူ့ကို တင်းကျပ်စွာပွေ့ဖက်ထားပြီး..
ချစ်သောစကားကို ဆိုမိကြမယ်မလား..
နောက်လ မှာ သူသေမှာသိရင် ခုချိန်မှာ
သူဆန္ဒ္ဒကိုဖြည့်ဆည်းပေးမိကြမယ်မလား..။
ဒါပေမယ့် သူဟာအကြာကြီးမသေပဲရှိဦးမယ် လို့သာထင်ပြီး မေ့မေ့လျော့လျော့ပဲနေမိကြတယ်...ဗြုန်းကနဲသေချိန်...
ငါဘာလေးလုပ်မပေးလိုက်ရလေခြင်းလို့..
နောင်တကြီးစွာဖြစ်ကြရတယ်..
သူရှိတုန်းက ဒီလိုလေးပြောဖြစ်ခဲ့ရင်ဆိုတဲ့
နောင်တနဲ့ ကြီးစွာသောကရောက်ကြရတယ်..။
ငါသည် ဘယ်အချိန်မှာမဆိုသေနိုင်သည်..
ငါသည် ဘယ်နေရာမှာမဆို သေနိုင်သည်..
ငါသည် ဘယ်ပုံစံနဲ့မဆို သေနိုင်သည်..တဲ့..
အဲဒါဟာ.. မနက်ဖြန်ဆိုရင်ရော...။
ကိုယ်ချစ်ရသူ နက်ဖြန်သေမှာဆိုရင်ရော..
ကိုယ်..မနက်ဖြန်သေမှာ ဆိုရင်ရော..
ဒီလိုတွေးမိလာတဲ့အခါ...
သားသမီးကိုမှာစရာလေးတွေ ပြောထားပေးဖို့..
မိဘကို အရာရာဖြည့်ဆည်းပေးဖို့..
ဇနီးခင်ပွန်းကို ကြင်နာဖေးမပေးဖို့..
အရာရာခွင့်လွှတ်ပြီး.. နားလည်ပေးဖို့..
ကျွန်တော်တို့အဆင်သင့်ဖြစ်သွားပါတယ်..။
သူ..ဆိုတာ..
သေပြီးရင်...
တသက်လုံးမတွေ့ရတော့ဘူးလေ..
အိပ်မက်မှာတွေ့ချင်ရင်တောင်..
တွေ့ခွင့်မရတော့တာမျိုးပါ..။
ဒါကြောင့်..
ရှင်နေစဉ်ကာလ...
ချစ်တယ်လို့ပြောဖို့ဝန်မလေးကြပါနဲ့..။
ဆန္ဒ တွေဖြည့်ဆည်းပေးဖို့
မမေ့လျော့ကြပါနဲ့..။
သားလေး ဘာလိုချင်လဲလို့တခါမေးတိုင်း..
မေမေ..ဘာလိုအပ်လဲ..
ဖေဖေ..ဘာလုပ်ပေးရမလဲ.. ဆိုတာပါ..
တွဲပြီးသတိရမိပါစေ..
ချစ်သက်တမ်းဘယ်လောက်ကြာလာလာ...
မေကြီးရော.မင့်ကိုကိုယ်ချစ်လိုက်တာ..
ဖေကြီးရေ..ကျေးဇူးတင်ပါတယ်နော်..လို့..
ချစ်ခင်ယုယမှုလေးတွေ ပြပေးလိုက်ကြစမ်းပါ..။
ဆိုးပေမိုက်မဲ တဲ့ သားကိုလည်း
တသက်လုံးစကားကောင်းကောင်း
မပြောခဲ့တဲ့ဖေဖေက
သားလေး..မင်းကိုအဖေ ချစ်တယ်လို့
ပြောပေးလိုက်ပါ.
ဖေဖေသားကို ခွင့်လွှတ်ပါ လို့
ထိုင်ကန်တော့လိုက်ပါ..။
ချစ်ရဲ့ ကျောခိုင်းနေတဲ့ ချစ်သူတွေ
ပြေးဖက်လိုက်ကြစမ်းပါ...။ အဲဒီ
မာနဆိုတာတွေဟာ.. သချိုင်းမှာ
အလကားပါပဲ..။
ပြီး...
တနေ့..
သေမှာ..ဘယ်သူအရင်လဲမသိလေတော့..
သဲအူပြတ်မတတ် မခံစားရအောင်..
သူလည်း..ရုပ်နဲ့ နာမ်..တချိန်ပျက်စီးမယ်..
ငါလည်း ရုပ်နဲ့နာမ်..တချိန်ပျက်သုန်းမယ်..
မြေးပေါက်စလေးလဲ ရုပ်နဲ့နာမ်..
သူ့သက်တမ်းရှိသလောက်ပဲနေမယ်..
စသည်...မရဏနုသတိလေး ညအိပ်ကာနီး
တိုင်းဆင်ခြင်ပြီး
သေချင်တဲ့အချိန်သေကြမယ်..
ရေစက်ပါလို့တွေ့ကြပြီး သံသရာမှာလည်း တွေ့ဆုံနိုင်သေးတယ်ဆိုတာ...
နှလုံးသားထဲစွဲထင်အောင်
လေ့ကျင့်ထားကြဖို့လဲ လိုအပ်ပါတယ်...
ကိုယ်တိုင်လည်း သေတတ်အောင်..
သူသေလည်း ကျန်နေတတ်အောင်..
လေ့ကျင့်ကြဖို့လိုတယ်...
ကျွန်တော်တို့ဟာသေချာပေါက်
သေကြမှာပဲလေ..။
ဒီတော့..
မသေခင်.. မေတ္တာထားချစ်ခင်ပေးကြပါ..
ပျော်ရွှင်လွတ်လပ်စွာနေထိုင်သွားကြပါ..
ပြီး...တော့
သေရင်ခွဲခွာဖို့အတွက်လည်း
အသင့်ပြင်ထားကြပါ..
credit- original writer
အသက်ရှင်စဉ်မှာ... ချစ်နိုင်သမျှ ချစ်ပေးပါ
ပြီး..ခွဲခွာနိုင်ဖို့လည်း.အသင့်ပြင်ထားပေးပါ..။
🔺---------------------------------🔺
ကိုယ်ချစ်ရတဲ့သူတွေဟာ...
ကိုယ့်အနားမှာ အမြဲရှိနေမှာ
သေချာရဲ့လား...ကွယ်..
သုသာန်မှာ..ခေါင်းတိုင်ကထွက်လာတဲ့
မီးခိုးတွေ ကုန်ဆုံးသွားချိန်...
ဘဝတစ်ခုဟာ..
အပြီးသတ်သွားတယ်..။
ကျွန်တော်တို့ချစ်သော...
ခင်ပွန်း..ဇနီး.သားသမီး..မိဘ..မောင်နှမ..
အားလုံး ဒီလမ်းကိုသွားရမှာ သိသိကြီးနဲ့
ကျွန်တော်တို့ဘာတွေလုပ်နေကြသလဲ...
ရန်ဖြစ်ကြတယ်..စိတ်ကောက်ကြတယ်..
မာနပြိုင်ကြတယ်..ဓနပြိုင်ကြတယ်..
ကဲ့ရဲ့ကြတယ်..စွပ်စွဲကြတယ်..
ရှုံ့ချကြတယ်..ပစ်ပယ်ကြတယ်..
အနိုင်ယူကြတယ်.. စွန့်ပစ်ကြတယ်...
အမျိုးမျိုးသော..စိတ်မိုက်တွေနဲ့...
မောဟတွေ.လောဘတွေ.ဒေါသတွေနဲ့...
ချစ်တဲ့သူတွေကို ချစ်ပေးဖို့..
ဂရုစိုက်ပေးဖို့..မေ့လျော့နေကြတယ်..။
ကျွန်တော်တို့မေ့လျော့ကြပုံက..
သူတို့ဟာ တသက်လုံးရှိနေမှာလိုလို...
တကယ်လို့ မနက်ဖြန် သူတို့သေမယ်
ဆိုတာသိရင်..
ဒီနေ့ သူ့ကို တင်းကျပ်စွာပွေ့ဖက်ထားပြီး..
ချစ်သောစကားကို ဆိုမိကြမယ်မလား..
နောက်လ မှာ သူသေမှာသိရင် ခုချိန်မှာ
သူဆန္ဒ္ဒကိုဖြည့်ဆည်းပေးမိကြမယ်မလား..။
ဒါပေမယ့် သူဟာအကြာကြီးမသေပဲရှိဦးမယ် လို့သာထင်ပြီး မေ့မေ့လျော့လျော့ပဲနေမိကြတယ်...ဗြုန်းကနဲသေချိန်...
ငါဘာလေးလုပ်မပေးလိုက်ရလေခြင်းလို့..
နောင်တကြီးစွာဖြစ်ကြရတယ်..
သူရှိတုန်းက ဒီလိုလေးပြောဖြစ်ခဲ့ရင်ဆိုတဲ့
နောင်တနဲ့ ကြီးစွာသောကရောက်ကြရတယ်..။
ငါသည် ဘယ်အချိန်မှာမဆိုသေနိုင်သည်..
ငါသည် ဘယ်နေရာမှာမဆို သေနိုင်သည်..
ငါသည် ဘယ်ပုံစံနဲ့မဆို သေနိုင်သည်..တဲ့..
အဲဒါဟာ.. မနက်ဖြန်ဆိုရင်ရော...။
ကိုယ်ချစ်ရသူ နက်ဖြန်သေမှာဆိုရင်ရော..
ကိုယ်..မနက်ဖြန်သေမှာ ဆိုရင်ရော..
ဒီလိုတွေးမိလာတဲ့အခါ...
သားသမီးကိုမှာစရာလေးတွေ ပြောထားပေးဖို့..
မိဘကို အရာရာဖြည့်ဆည်းပေးဖို့..
ဇနီးခင်ပွန်းကို ကြင်နာဖေးမပေးဖို့..
အရာရာခွင့်လွှတ်ပြီး.. နားလည်ပေးဖို့..
ကျွန်တော်တို့အဆင်သင့်ဖြစ်သွားပါတယ်..။
သူ..ဆိုတာ..
သေပြီးရင်...
တသက်လုံးမတွေ့ရတော့ဘူးလေ..
အိပ်မက်မှာတွေ့ချင်ရင်တောင်..
တွေ့ခွင့်မရတော့တာမျိုးပါ..။
ဒါကြောင့်..
ရှင်နေစဉ်ကာလ...
ချစ်တယ်လို့ပြောဖို့ဝန်မလေးကြပါနဲ့..။
ဆန္ဒ တွေဖြည့်ဆည်းပေးဖို့
မမေ့လျော့ကြပါနဲ့..။
သားလေး ဘာလိုချင်လဲလို့တခါမေးတိုင်း..
မေမေ..ဘာလိုအပ်လဲ..
ဖေဖေ..ဘာလုပ်ပေးရမလဲ.. ဆိုတာပါ..
တွဲပြီးသတိရမိပါစေ..
ချစ်သက်တမ်းဘယ်လောက်ကြာလာလာ...
မေကြီးရော.မင့်ကိုကိုယ်ချစ်လိုက်တာ..
ဖေကြီးရေ..ကျေးဇူးတင်ပါတယ်နော်..လို့..
ချစ်ခင်ယုယမှုလေးတွေ ပြပေးလိုက်ကြစမ်းပါ..။
ဆိုးပေမိုက်မဲ တဲ့ သားကိုလည်း
တသက်လုံးစကားကောင်းကောင်း
မပြောခဲ့တဲ့ဖေဖေက
သားလေး..မင်းကိုအဖေ ချစ်တယ်လို့
ပြောပေးလိုက်ပါ.
ဖေဖေသားကို ခွင့်လွှတ်ပါ လို့
ထိုင်ကန်တော့လိုက်ပါ..။
ချစ်ရဲ့ ကျောခိုင်းနေတဲ့ ချစ်သူတွေ
ပြေးဖက်လိုက်ကြစမ်းပါ...။ အဲဒီ
မာနဆိုတာတွေဟာ.. သချိုင်းမှာ
အလကားပါပဲ..။
ပြီး...
တနေ့..
သေမှာ..ဘယ်သူအရင်လဲမသိလေတော့..
သဲအူပြတ်မတတ် မခံစားရအောင်..
သူလည်း..ရုပ်နဲ့ နာမ်..တချိန်ပျက်စီးမယ်..
ငါလည်း ရုပ်နဲ့နာမ်..တချိန်ပျက်သုန်းမယ်..
မြေးပေါက်စလေးလဲ ရုပ်နဲ့နာမ်..
သူ့သက်တမ်းရှိသလောက်ပဲနေမယ်..
စသည်...မရဏနုသတိလေး ညအိပ်ကာနီး
တိုင်းဆင်ခြင်ပြီး
သေချင်တဲ့အချိန်သေကြမယ်..
ရေစက်ပါလို့တွေ့ကြပြီး သံသရာမှာလည်း တွေ့ဆုံနိုင်သေးတယ်ဆိုတာ...
နှလုံးသားထဲစွဲထင်အောင်
လေ့ကျင့်ထားကြဖို့လဲ လိုအပ်ပါတယ်...
ကိုယ်တိုင်လည်း သေတတ်အောင်..
သူသေလည်း ကျန်နေတတ်အောင်..
လေ့ကျင့်ကြဖို့လိုတယ်...
ကျွန်တော်တို့ဟာသေချာပေါက်
သေကြမှာပဲလေ..။
ဒီတော့..
မသေခင်.. မေတ္တာထားချစ်ခင်ပေးကြပါ..
ပျော်ရွှင်လွတ်လပ်စွာနေထိုင်သွားကြပါ..
ပြီး...တော့
သေရင်ခွဲခွာဖို့အတွက်လည်း
အသင့်ပြင်ထားကြပါ..
credit- original writer
Saturday, June 2, 2018
Subscribe to:
Posts (Atom)