Tuesday, November 19, 2024

The science behind mindfulness meditation


 

အလုပ်အဆင်မပြေဘူး..အလုပ်မှာ မပျော်ဘူး..သေအောင်လုပ်ရတယ်

 အလုပ်အဆင်မပြေဘူး..အလုပ်မှာ မပျော်ဘူး..သေအောင်လုပ်ရတယ်..မနားရဘူး....စသည်ဖြင့် အလုပ်နဲ့ပတ်သက်တဲ့ အကြောင်းလေးတွေ မကြာခဏ ကြားရပါတယ်..


တစ်ယောက်က.. သူ့အလုပ်မှာ သိပ်အဆင်မပြေတော့ အလုပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်မှုမရှိသလို ကျေးဇူးတင်တဲ့ စိတ်လည်းမရှိဘူး.. 


အဲဒီမှာသူခဏခဏပြောတတ်တာက အလုပ်က..ကယောက်ဂယက်တွေသိပ်ကြည့်လို့ရတာမဟုတ်ဘူး... အလုပ် သွားရမယ်ဆိုရင်ကို စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေတာ..ဒီမှာတော့... သိပ်မကြာတော့ပါဘူး ..ဘာညာပြောရင်းကနေ အလုပ်က..လူလျှော့လိုက်တဲ့ထဲ သူပါသွားပါလေရော.. 


လပိုင်းအတွင်းမှာကို သူမသွားချင်တဲ့အလုပ်လည်းမသွားရတော့ဘူး ..ကယောက်ကယက်တွေလည်းမမြင်ရတော့ဘူး... အဲဒီလိုဖြစ်တော့ စိတ်ချမ်းသာသွားသလားဆိုရင် စိတ်မချမ်းသာနိုင်ပါဘူး..တကယ်က ဒီအလုပ်ကို စွန့်ခွာဖို့..အဆင်သင့်မှမဖြစ်သေးတာ..


.. စကားလုံးတွေဟာပါဝါရှိတယ် အစွမ်းအစတွေရှိတယ်.. 

ဒါကြောင့်...ဝစီကံကို သတိထားပါ..လို့ ပြောမိပါတယ်..အဲဒါတွေက..ဘဝပုံစံတွေကို Attract လုပ်..ဆွဲငင်ယူနေတတ်ပါတယ်..


ဝစီကံက.. အပေါက်ကြီးပေါက်နေသလို ရှိသမျှစကားလုံးတွေအကုန်ကျွံကျနေတယ်ဆိုရင် စကားနောက်တရားပါတွေလည်းဖြစ်တတ်ပါတယ် ..လို့လူကြီးတွေကလည်း ဟိုးအရင်ကတည်းကပြောထားဖူးတာပါပဲ ..


ပိုင်းလော့ဆရာတော်ကြီး ဟောတဲ့အထဲမှာ #ကိုယ်စိတ်ကတောင့်တတဲ့အာရုံ...ဆိုတဲ့ စကားလေးကိုမှတ်မှတ်ရရဖြစ်နေပါတယ်.. ဆရာတော်ရဲ့တရားတွေကိုနာဖူးတဲ့သူတွေဆိုရင် ပုံရိပ်ဖွဲ့တယ်..ပုံဖော်တယ်..ဆိုတဲ့စကားကို ခဏခဏပြောတတ်တာ ကြားဖူးကြပါလိမ့်မယ်..


ကိုယ် ဖြစ်ချင်တဲ့..လိုချင်တဲ့.. အရာတစ်ခုကို ပုံဖော်တာ.. ပုံရိပ်ဖွဲ့တာ. ဒါဟာ.. အင်္ဂလိပ်လိုဆိုရင်တော့ Visualize လုပ်တာပဲ ဖြစ်ပါတယ်..


အဲဒီ Visualization Process က..ကံတွေနဲ့ အကြောင်းအကျိုး ဆက်စပ်သွားတယ်ဆိုရင် တကယ်ကို 

ဖြစ်လာတတ်ပါတယ်..


အခုအချိန်မှာ Universe တွေ Energy တွေ Frequency /Vibration စတဲ့ စကားတွေ လည်း..မကြာခဏ တွေ့မြင်ကြားနေရပါလိမ့်မယ်..


ကိုယ့်စိတ်ကတောင့်တတဲ့ 

အာရုံတွေဟာ လှိုင်းတွေ.. တုန်ခါမှုတွေအဖြစ် .. စကြဝဠာထဲကို

ထုတ်လွင့် နေတာပဲ ဖြစ်တယ်.. 


Law of Attraction အနေနဲ့ ပြောရရင်..ဒီအလုပ်ကိုမကြိုက်ဘူး..

ကျေးဇူးတင်တဲ့စိတ်...ပျော်ရွှင်..တက်ကြွတဲ့စိတ် Vibration 

မရှိဘူး..ဆိုတာ ..ကိုယ်က ထုတ်လွှတ်လိုက်တဲ့ အချက်ပေး..

Energy / Vibration တွေပါပဲ


အဲတော့လည်း.. အဲဒီEnergy တွေနဲ့ထိုက်တန်တဲ့ အရာတွေကိုပြန်ပြီးလက်ခံရရှိလာတာပါပဲ..


ဒါကြောင့်မို့လို့ အဆင်မပြေတာတွေရှိခဲ့တယ်ဆိုရင် ရှုထောင့် Perspective တွေကိုပြောင်းလဲလိုက်ပါ..လို့ ပြောချင်ပါတယ်.. အမြင်တွေပြောင်းသွားရင်...အတွေးတွေလည်းပြောင်းလဲသွားပါတယ်..


အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေတဲ့အချိန်မှာ အလုပ်တစ်ခုရှိနေတာ ကျေးဇူးတင်စရာပဲဖြစ်ပါတယ် ..


တချိန်က လခစားအလုပ်..လုပ်ခဲ့တော့..

အလုပ်ကိုကျေးဇူးမတင်တတ်ပါဘူး.. ကိုယ့်မှာရှိတဲ့ ကျွမ်းကျင်မှု Skills..အသိပညာ Wisdom And Knowledge အချိန်နဲ့ လုပ်အား Time And Effort စတဲ့အရာတွေကို အလုပ်ထဲမှာ တစ်ရက် ၈ နာရီနေပြီး သွားရောင်းနေတာပဲ.. အချိန်တန်တဲ့အခါမှာ လစာရလာတယ် ဆိုတဲ့ အလုပ်နဲ့ကိုယ့်ရဲ့ Relationship ကို အရောင်းအဝယ်သဘောမျိုးပဲ သဘောထားခဲ့ပါတယ် ..


ဒါကမှန်သင့်သလောက်မှန်ပေမယ့် အခုအချိန်မှာ ကျေးဇူးတင်တတ်ဖို့

အမြဲ ကြိုးစားတယ်..

ကျေးဇူးတရားကိုလေ့ကျင့်တဲ့အချိန်မှာ အလုပ်ကိုလည်းကျေးဇူးတင်ဖို့ အရေးကြီးတယ်ဆိုတာ..သတိပြုမိလာပါတယ် ..


ကိုယ်ဟာအလုပ်မှာအနိမ့်ဆုံး သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်လို့ပဲဆိုပါစို့ ..ဒီနေရာလေးကိုရဖို့ ကိုယ်နဲ့အတူ တခြားသူတွေလည်း တန်းစီနေခဲ့ကြမှာအသေအချာပါပဲ..ဒီထဲကမှ ကိုယ့်ကိုရွေးချယ်လိုက်တယ်ဆိုတာ ကျေးဇူးတင်စရာပဲဖြစ်ပါတယ်..


အခု အနေအထားနဲ့ဆိုရင် ကျွန်မက စာအုပ်ရောင်းသူဖြစ်တယ်..ကျွန်မ သိတာတွေကိုဝေမျှ ရေးသားထားတဲ့ စာအုပ်တွေ တန်တယ်ထင်လို့ လာဝယ်ကြတာ..ဘာဆန်းလို့လဲ..လို့ သဘောထားလို့ရပါတယ်..


ဒါပေမဲ့ ကျွန်မကတော့ တစ်မျိုးတွေးတယ်..


စာအုပ်ဆိုင်ကြီးတစ်ဆိုင်မှာ စာအုပ်တွေထောင်ပေါင်းများစွာရှိတယ်..ဒီထဲကမှ စာဖတ်သူတစ်ယောက်ကကျွန်မရဲ့ စာအုပ်ကလေးကိုရွေးချယ် ဝယ်ယူခဲ့တာဟာ တကယ်ကိုကျေးဇူးတင်စရာပဲဖြစ်ပါတယ် ..


 .. အဲဒီစာအုပ်တန်ဖိုးဟာ ၅၀၀၀ ပဲဖြစ်ဖြစ် ၆၀၀၀ ပဲဖြစ်ဖြစ် ကျွန်မအလွန်ကျေနပ်စွာတန်ဖိုးထားပါတယ်..ကျေးဇူးအများကြီးတင်ပါတယ်..


အလုပ်ဆိုသည်မှာလည်းဒီလိုသဘောပါပဲ..


ကျေးဇူးတင်တဲ့ လှိုင်းတွေ.. 

ပျော်ရွှင်တယ်ဆိုရင်လည်း..ပျော်ရွှင်တဲ့လှိုင်းတွေ..ကိုယ်တိုင်က ထုတ်လွှတ်နေပြီဆိုရင် အဲဒီ

Vibrational Frequency တွေနဲ့ထိုက်တန်တဲ့ အရာတွေကိုပြန်ပြီးလက်ခံရရှိတတ်ပါတယ် ..


ဒါကြောင့်မို့လို့ အဆင်မပြေတာတွေရှိခဲ့တယ်ဆိုရင် အတွေးတွေကိုပြောင်းလဲလိုက်ပါ.. ရှုထောင့် Perspective တွေကိုပြောင်းလဲလိုက်ပါ.. ဆိုးတဲ့အခြေအနေ

တွေထဲမှာ ကောင်းတဲ့အရာတွေလည်းသေချာပေါက်ရှိတဲ့အတွက်..

ကျေးဇူးတင်စရာလေးတွေရှာကြံတွေးတောပါ..


ထမင်းကျွေးနေတဲ့အလုပ်တွေကို ဘယ်တော့မှ အပြစ်မတင်မိ​စေချင်ပါဘူး..ဟာ..အလုပ်တွေများလိုက်တာ လို့မညည်းညူနေစေချင်ပါဘူး..အလုပ်မရှိဘူးဆိုတဲ့ အခြေအနေကိုရောက်သွားရင် ကိုယ်တကယ်စိတ်ချမ်းသာပျော်ရွှင်မှာလား.. ကိုယ့်ဘဝကြီးအဆင်ပြေသွားမှာလားလို့..အရင် စဥ်းစားကြည့်စေချင်ပါတယ်..


အထူးသဖြင့် အခုလို..အလုပ်ရှားနေတဲ့အချိန်မှာ

အလုပ်ရှိနေတာကိုပဲ ကျေးဇူးတင်ရမှာပါ..အလုပ်အကိုင်..ဝင်ငွေရှိနေတယ်ဆိုတာ..

ကိုယ်တစ်ယောက်တည်း ကောင်းစားနေဖို့မဟုတ်ဘဲ

ကိုယ့်အလုပ်ကိုလုပ်ပေးနေတဲ့သူတွေ..ကိုယ်စောင့်ရှောက် ကြည့်ရှုပေးနေရတဲ့သူတွေလည်း အဆင်ပြေပျော်ရွှင်ပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ နေတတ်ရပါမယ်..


Positive Outlook ကောင်းတဲ့

မျှော်လင့်ချက်တွေ အမြဲထားပါ..


ဒီဟာ မဖြစ်ရင် ဟိုဟာ ဖြစ်အောင်လုပ်ရမယ်လို့ စိတ်ကိုထားတတ်ရပါမယ်..


ကိုယ်..ဘာတွေလုပ်နိုင်သေးသလဲ..ကျွန်မတို့ လုပ်နိုင်တဲ့အရာတွေဟာ တစ်ခုထက်မက များပြားပါတယ်..ကိုယ့်ရဲ့ အစွမ်းအစကို အမြဲ Build Up လုပ်ပေးနေဖို့လည်း လိုအပ်ပါတယ်..


မွန်ဟော်စီ

နိုဝင်ဘာ ၂၀၂၂


#monhalsey

#LawofAttraction

#MoneyMindsetMiracle

#Morningvitamin

#မနက်စာအာဟာရ


Photo

FreeStock

ချဉ်းကပ်လွယ်သူ ဖြစ်ခြင်း”

 “ချဉ်းကပ်လွယ်သူ ဖြစ်ခြင်း”


ကိုယ် ငယ်ငယ်က စာမေးပွဲ အမှတ်နည်းတာ၊ ရန်ဖြစ်လာတာ၊ မိဘခေါ်ခံရတာ စသဖြင့် တခုခု အမှားလုပ်မိတဲ့အခါ အဖေနဲ့ အမေမှာ ဘယ်သူ့ကို အရင်ပြောရဲသလဲ။ 


ကိုယ့်ရောဂါအကြောင်း ဆရာဝန်ကြီးကို မမေးရဲလို့ ရပ်ကွက်ထဲက အထွေထွေရောဂါကု ဆရာဝန်ကလေးကို ဆေးစစ်ချက်တစ်ထပ်ကြီးနဲ့ အားကိုးတကြီး သွားမေးတာ ဘာကြောင့်လဲ။


ကိုယ်မသိတဲ့ ရုံးဌာနတစ်ခုကို သွားတဲ့အခါ သဘောကောင်းပုံရတဲ့ သူတွေကိုပဲ မေးတာမို့လား။ အဲ့လိုလေး ကိုယ်မသိတာကို တလေးတစား ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ဖြေပေးလိုက်ရင် ဘယ်လိုခံစားခဲ့ရလဲ ပြန်စဉ်းစားကြည့်။


ဒါဆို Approachable ဖြစ်ခြင်းကို သေချာသဘောပေါက်သွားလိမ့်မယ်။


ကိုယ်နဲ့ တွဲဖက်အလုပ်လုပ်သူတွေရဲ့ စိတ်ထဲမှာ ဒီလူက တော်တယ်၊ ဒီလူက အချိန်တိကျတယ်၊ ဒီလူက ပရိုဆန်တယ် စသဖြင့် ပုံရိပ်တွေ ရှိကြပါတယ်။ အဲဒီထဲမှာ ကျွန်တော် သဘောအကျမိဆုံး၊ ကိုယ်လည်း အဖြစ်ချင်ဆုံး ပုံရိပ်ကတော့ ဒီလူက ချဉ်းကပ်လွယ်တယ် ဆိုတာပဲ။ တခုခုဆို ပွင့်ပွင့်လင်းလင်း မေးရဲတယ်။ သူတို့အခက်အခဲကို လာပြောရဲတယ်။ အပြစ်တင်မှာ မဟုတ်ဘူး၊ ကြောက်နေစရာ မလိုဘူးဆိုတဲ့ ခံစားချက်ကို ကျွန်တော်နဲ့ ပတ်သက်ဆက်စပ်သူတိုင်းဆီမှာ ရနေစေချင်တယ်။


စိတ်ကောင်းရှိလွန်းလို့တော့ မဟုတ်ဘူး။ အဲ့လို Approachable ဖြစ်သူတွေနဲ့ အလုပ်လုပ်ဖူးလို့၊ သူတို့ကြောင့် စိတ်လက်ပေါ့ပါးဖူးလို့ ကိုယ်ရခဲ့တဲ့ ခံစားချက်ကို သူတစ်ပါးဆီ လက်ဆင့်ပြန်ကမ်းပေးတဲ့ သဘောပဲ။


ပရဟိတလုပ်ဖို့၊ အများအကျိုး ထမ်းရွက်ဖို့တို့ ခဏထား။ ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်းက လူတွေကိုတောင် ဘယ်လောက် စိတ်ချမ်းသာအောင် ထားပြီးပြီလဲ အရင်စဉ်းစားဦး။ ကိုယ့်မိဘ၊ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်သားသမီး၊ ကိုယ့်ဝန်ထမ်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်ကြောင့် ပျော်နေလား၊ အဆင်ပြေနေလား။ ကိုယ် ရောက်လာပြီ ဆိုတာနဲ့ကို သူတို့စိတ်မှာ လေးပင်ကုန်သလား။ ကိုယ်ဟာ သူတို့အတွက် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးတစ်လုံး ဖြစ်နေလား။ သေချာစဉ်းစားကြည့်ပါ။


ဖြစ်နေတယ်ဆို အထအန ကောက်တာလေးတွေ လျှော့ကြည့်။ တစ်ဖက်သားဘက်ကနေ တွေးပေးတတ်အောင် ကြိုးစားကြည့်။ အပြစ်တင်စကား ပြောဖို့ထက် ပြဿနာ ဖြေရှင်းဖို့ကို ဦးစားပေး စဉ်းစားကြည့်။ 


မိုင်းတစ်လုံး ကွဲသွားရင် ဘေးက လူတွေ ထိခိုက်တာက နောက်မှ။ အရင်ဆုံး ကိုယ်က ပေါက်ကွဲပစ်လိုက်ရတာ။ အဲ့လိုသာ ကိုယ့်စိတ်ကလေးတွေကို ပြင်မယ်ဆို ကိုယ်လည်း ပျော်ရလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ့်ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ရရင် ကိုယ်လည်း တူသော အကျိုးပေးလိမ့်မယ်။


တကယ်ပါ။ တစ်နေ့ တစ်နေ့ ကြုံတွေ့ရသမျှ လူတွေကို ဘယ်လိုလေး အဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲ ဆိုတဲ့ စိတ်နဲ့ ရှင်သန်ရတာ သိပ်တန်ဖိုးရှိပါတယ်။ လူဖြစ်ရကျိုးလည်း နပ်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ


Photo credit

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333